လတ္တေ လာမွာေတာ့ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေနေဒြးနဲ႔ ခ်စ္သူေဟာင္းျဖစ္တဲ့ သံစဥ္ေမာင္တို႔ရဲ႕ ၾကားက အျဖစ္အပ်က္ေတြက ျပန႔္ႏွံ႔ေနပါတယ္။ေနေဒြးက ႏွိပ္စက္ထားလို႔ဆိုကာ မ်က္ႏွာမွာ ဒဏ္ရာအျပည့္နဲ႔ သံစဥ္ေမာင္ရဲ႕ ဓာတ္ပုံေတြလည္း ျပန႔္ႏွံ႔ေနသလို ေနေဒြးဘက္က ေျဖဆိုထားတဲ့ အင္တာဗ်ဴးဗီဒီယိုေလးေတြဟာလည္း လူၾကည့္မ်ားခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး သံစဥ္ေမာင္ရဲ႕ အမျဖစ္သူ ေမာ္ဒယ္ ေဘဘီေမာင္က ယခုလိုေျပာၾကားလာခဲ့ပါတယ္။ ညီမဘက္ကေန အျပည့္အဝရပ္တည္ေပးမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ယခုျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ကိုလည္း သင္ခန္းစာယူၿပီး အေကာင္းဆုံးေနထိုင္ဖို႔ ျပန္လည္တည္ေဆာက္ဖို႔ အႀကံျပဳခဲ့ပါတယ္။

သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေနလည္း ယခုကဲ့သို႔ ေရးသားမွ်ေဝခဲ့ပါတယ္။(ညီမေလး ဒါသင္ခန္းစာပဲ ေနာက္ဆို ဘာပဲလုပ္လုပ္ မိသားစုနဲ႔တိုင္ပင္ ေမႀကီးကိုမေျပာျပရင္ေတာင္ ကိုယ့္အမကိုေျပာျပ တစ္ေယာက္တည္းႀကိတ္ၿပီးဘယ္ေတာ့မွမေျဖရွင္းနဲ႔ နင္အခုလိုျဖစ္လာတဲ့အေပၚငါတို႔မိသားစု နင့္ဘက္ကမားမား မတ္မတ္ရပ္ၿပီးနင့္ေဘးမွာရွိတယ္ ဖိုက္တင္း က်ဲေလး❤️ )

လက္ရွိအခ်ိန္မွာေတာ့ ေမာ္ဒယ္သံစဥ္ေမာင္ဟာ မိန္းကေလး တစ္ဦးကို သိကၡာက်ေစတဲ့ ပုံရိပ္ေတြကို လူမႈကြန္ယက္ျဖန႔္ခဲ့တာေၾကာင့္ တရားစြဲဆိုဖို႔ ရွိတယ္လို႔ သိရပါတယ္။ ဘယ္လိုေၾကာင့္ပဲျဖစ္ပါေစ အမ်ိဳးသမီးတစ္ဦးကို ထိခိုက္ေစာ္ကားတာမ်ိဳး လုပ္ရပ္က မေကာင္းပါဘူးေနာ္ ပရိတ္သတ္ႀကီး …….။

Credit Shwe Yaung Lan

Unicode

လတ်တေ လာမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နေဒွေးနဲ့ ချစ်သူဟောင်းဖြစ်တဲ့ သံစဉ်မောင်တို့ရဲ့ ကြားက အဖြစ်အပျက်တွေက ပြန့်နှံ့နေပါတယ်။နေဒွေးက နှိပ်စက်ထားလို့ဆိုကာ မျက်နှာမှာ ဒဏ်ရာအပြည့်နဲ့ သံစဉ်မောင်ရဲ့ ဓာတ်ပုံတွေလည်း ပြန့်နှံ့နေသလို နေဒွေးဘက်က ဖြေဆိုထားတဲ့ အင်တာဗျူးဗီဒီယိုလေးတွေဟာလည်း လူကြည့်များခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သံစဉ်မောင်ရဲ့ အမဖြစ်သူ မော်ဒယ် ဘေဘီမောင်က ယခုလိုပြောကြားလာခဲ့ပါတယ်။ ညီမဘက်ကနေ အပြည့်အဝရပ်တည်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုလည်း သင်ခန်းစာယူပြီး အကောင်းဆုံးနေထိုင်ဖို့ ပြန်လည်တည်ဆောက်ဖို့ အကြံပြုခဲ့ပါတယ်။

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေလည်း ယခုကဲ့သို့ ရေးသားမျှဝေခဲ့ပါတယ်။(ညီမလေး ဒါသင်ခန်းစာပဲ နောက်ဆို ဘာပဲလုပ်လုပ် မိသားစုနဲ့တိုင်ပင် မေကြီးကိုမပြောပြရင်တောင် ကိုယ့်အမကိုပြောပြ တစ်ယောက်တည်းကြိတ်ပြီးဘယ်တော့မှမဖြေရှင်းနဲ့ နင်အခုလိုဖြစ်လာတဲ့အပေါ်ငါတို့မိသားစု နင့်ဘက်ကမားမား မတ်မတ်ရပ်ပြီးနင့်ဘေးမှာရှိတယ် ဖိုက်တင်း ကျဲလေး❤️ )

လက်ရှိအချိန်မှာတော့ မော်ဒယ်သံစဉ်မောင်ဟာ မိန်းကလေး တစ်ဦးကို သိက္ခာကျစေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်ဖြန့်ခဲ့တာကြောင့် တရားစွဲဆိုဖို့ ရှိတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ပါစေ အမျိုးသမီးတစ်ဦးကို ထိခိုက်စော်ကားတာမျိုး လုပ်ရပ်က မကောင်းပါဘူးနော် ပရိတ်သတ်ကြီး …….။

Credit Shwe Yaung Lan