လိေ မ္မ်ာသီးတွေကို စည်ပင်ဝန်ထမ်းက ရဲတင်းနဲ့ခုတ် ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင် မနေ့က အွန်လိုင်းပေါ်တက်လာတယ်။ ပိုင်ရှင်ဦးကြီးအဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြတယ်။

ရန် ကုန်စည်ပင်ဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီးတို့နဲ့ နင်လား၊ ငါလားလို့ပြောရလောက်တဲ့ ပုဒ်မများစွာနဲ့ဖွဲ့စည်းပြဋ္ဌာန်းထားတဲ့ဥပဒေတစ်ရပ်ဖြစ်တယ်။

မိခင်ဥပဒေလို့ဆိုကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခုရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေက ပုဒ်မပေါင်း ၃၃၇ ခုရှိတယ်။ ဆိုလိုချင်တာက ဒီလောက်များတဲ့ဥပဒေပြဋ္ဌာန်းချက်နဲ့ဆိုရင် အိမ်ထဲမှာ ငုတ်တုတ်ထိုင်နေတဲ့လူတောင် စည်ပင်ဥပဒေနဲ့ ငြိမှာပဲ။

စည်းကမ်းဖောက်တာကို အားမပေးပါဘူး။ တရားဥပဒေစိုးမိုးမှုကိုလည်း အလေးထားပါတယ်။ သို့ပေမယ့် စည်းကမ်းအတိုင်း အရေးယူပြီဆိုရင်လည်း တစ်ပြေးညီဖြစ်ဖို့တော့ လိုတယ်။ စည်ပင်ဥပဒေအတိုင်း စီမံမယ်ဆိုလည်း တစ်ပြေးညီလုပ်ဖို့လိုတယ်။

ပြောခဲ့သလိုပဲ အိမ်ထဲမှာ ငုတ်တုတ်ထိုင်နေရင်တောင် မလွတ်နိုင်တဲ့ ဥပဒေပုဒ်မတွေကိုင်ထားပြီး အားလုံးကို လိုက်စောင့်ကြည့်အရေးယူနေရင် အဲဒီအလုပ်နဲ့တင် ကျန်တဲ့အလုပ်လုပ်ရမှာမဟုတ်ဘူး။ အဲဒီတော့ သက်ရောက်မှုကြီးမားတာတွေအပေါ် အဓိကထားဖို့ လိုတယ်။

တစ်နေ့က လိမ္မော်သီးသည်ဦးကြီးအပေါ် စည်ပင်ရဲ့ပြုမူချက်က မြေနိမ့်ရာလှံစိုက်တဲ့လုပ်ရပ်ဖြစ်တယ်။ လမ်းပေါ်မှာရောင်းတယ်။ နောက်တစ်ခါ အဲဒီလိုမရောင်းဖို့ ခေါ်ယူသတိပေးပြီး ပြန်လွှတ်ပေါ့။ အသီးကို ဖျက်ဆီးပစ်ရလောက်အောင်အထိ မလုပ်သင့်ဘူးလို့မြင်တယ်။ ဘိန်းဖြူလို၊ ခိုးကူးခွေတွေလို၊ အရက်တုတွေလို တရားမဝင်တဲ့ကုန်စည်မှ မဟုတ်တာ။

ဒါဟာ သူ့ရဲ့မိသားစုရပ်တည်ရေးအတွက် အရေးပါတဲ့ အရင်းအနှီးကိုပါ ဖျက်ဆီးပစ်လိုက်တာပဲ။ ဘယ်သူ့ဘယ်သူကိုမှ အကျိုးမဖြစ်တဲ့ ဖြုန်းတီးမှုသက်သက်ပဲလို့မြင်တယ်။

နောက်ထပ်ထောက်ပြစရာတစ်ချက်က အဲဒီထက် ပိုဆိုး၊ ပိုသိသာထင်ရှားတဲ့ အရေးယူစရာတွေမှ ရန်ကုန်ထဲမှာ ထုနဲ့ ထည်နဲ့ရှိတာ။ ဥပမာထုတ်ပြရရင် လမ်းဘေးမှာ စားပွဲခင်းပြီး ရောင်းချနေတဲ့ အရက်ဆိုင်၊ ဘီယာဆိုင်တွေ၊ ငါးကင်ဆိုင်တွေဆိုတာ ခလုတ်တိုက်မိရင်တောင် လမ်းပေါ်လဲကျမှာမဟုတ်ဘူး။ အဲဒီဆိုင်တွေပေါ်လဲကျလောက်အောင်ကို များတာ။ အဲဒီဆိုင်တွေအခုအရေးယူပြီလား။ မသိ၊ မတွေ့မိဘူးဆိုပြောပါ။ လက်ဆွဲပြပေးပါ့မယ်။

ပြီးတော့ ပလက်ဖောင်းပေါ် ကျူးကျော်ထားတဲ့ မီးစက်တွေ၊ လမ်းမဘက်မျက်နှာမူမှုတ်ထုတ်နေတဲ့ အဲကွန်းအပူထုတ်စက်တွေရှိနေတာမှ မျက်စိမှိတ်စမ်းတောင် ရနိုင်တယ်။ မီးခိုးတလူလူနဲ့ ကားတွေ၊ လော်စပီကာသံတွေလည်း ထိုနည်းတူပဲ။ အဲဒါတွေ အခုအရေးယူပြီလား။ မသိ၊ မတွေ့မိဘူးဆိုပြောပါ။ လက်ဆွဲပြပေးပါ့မယ်။

ဆိုလိုချင်တာက ဥပဒေကလည်း အကျယ်ကြီး၊ ရန်ကုန်ကလည်း အကျယ်ကြီး၊ လူတွေကလည်း အကျယ်ကြီး၊ စိတ်တွေကလည်း အကျယ်ကြီး။ အဲဒါကိုမှ ကျဉ်းကျဉ်းလေးကွက်မြင်လို့တော့ ဘယ်ကောင်းပါ့မလဲ။

(ပုံက စည်ပင်ဘက်က လိုက်နာ၊ ကြပ်မတ်ပေးရမယ့်ဥပဒေပါပြဋ္ဌာန်းချက်တချို့ကို သိသာထင်ရှားစေလို့ငှာ အနည်းငယ်သာကောက်နုတ်ပြထားတာပါ။ အလားတူ ပြဋ္ဌာန်းပုဒ်မများစွာ ဥပဒေထဲကျန်ရှိပါသေးတယ်။)

Ye Win Saung