ခရစ္စမတ်မှာ အမြဲလို တစ်ယောက်တည်း အထီးကျန်နေလား။ တစ်ယောက်ယောက်က ကိုယ့်လက်ကလေးကို ဆုပ်ကိုင်ရင်း ယုယုယယ ဆက်ဆံကာ စကားစမြည်ပြောရင်း ညစာအတူစားလိုသလား။

အထီးကျန် အမျိုးသမီးတစ်ဦးအနေနဲ့ ရည်းစား ဘယ်လောက် လိုချင်နေနေ ချစ်ပျော်မြူးနိုင်ဖို့အတွက် အရှာရခက်မှာ ဖြစ်သလို ရှာဖို့လည်း မဝံ့ရဲမှာ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ဒီအတွက် သိပ်တော့ ပူပန်မနေသင့်ပါဘူး။ ဂျပန်မှာ ယောက်ကျားလေးရည်းစားတစ်ယောက်ကို အချိန်ပိုင်း ငှားနေနိုင်ပြီ ဖြစ်ပါတယ်။

ဂေရှားမယ်ဆိုတာ ဂျပန်ယဉ်ကျေးမှုမှာ အထက်တန်းအမျိုးသားတွေကို ဖျော်ဖြေဧည့်ဝတ်ပြုရတဲ့ အဆင့်အတန်းရှိ ဖျော်ဖြေရေးပညာသည် အမျိုးသမီးတွေပါ။ အခု တွင်ကျယ်လာတဲ့ အငှားလိုက်ရည်းစားအမျိုသားတွေဟာလည်း ဂေရှားမယ်တွေလိုပဲ အမျိုးသမီးတွေကို ဖျော်ဖြေပေးရတဲ့ ဂေရှားမောင်တွေလို့ ဆိုရမှာပါပဲ။

အိမ်ထောင်ရှင်နဲ့ အိမ်ရှင်မကလပ်အသင်းတွေဆိုတဲ့ ကာဘာကူရာ ဟာ ဂျပန်မှာ ပုံမှန်ယဉ်ကျေးမှုတစ်ရပ်ပါပဲ။ ဒါပေမယ့် ဝတ်လစ်စလစ်ဖျော်ဖြေမှုတွေ၊ အဖော်အချွတ် အကတွေ ရှိရာ ကမ္ဘာအနှံ့က နေရာတွေမှာတော့ ဒီ ယဉ်ကျေးမှုက အစိမ်းသက်သက်ရယ်ပါ။

ကာဘာကူရာဟာ စိတ်အပန်းဖြေမှု သက်သက်ရယ်ပါ။ ကလပ်အသင်း တော်တော်များများမှာ အမျိုးသမီး ဖောက်သည်တွေနဲ့ လိင်ဆက်ဆံတာကိုတော့ ပြင်းပြင်းထန်ထန်ကို ဟန့်တားထားပါတယ်။ငှားရမ်းလိုက်တဲ့ ရည်းစားအမျိုးသားရဲ့ တာဝန်ဟာ ယုယပျူငှာစွာ ဆက်ဆံရတာ၊ စကားစမြည်ပြောဆိုတာ၊ ဖောက်သည်အမျိုးသမီးကို ဖျော်ဖြေပေးတာနဲ့ အစားအသောက် ကျွေးမွေးပြုစုတာတွေပဲ ဖြစ်ပါတယ်။

တော်တော်လေး စိတ်ဝင်းစားစရာကတော့ အငှားလိုက် ရည်းစားဘဝဟာ ပြုစုစောင့်ရှောက်သူတစ်ဦးလို ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်ရပါတယ်။ အငှားလိုက်ရည်းစားတစ်ယောက်ဖြစ်ဖို့အတွက် နှစ်နှစ်လောက် လေ့ကျင့်ရတယ်လို့ ဗီဒီယိုထုတ်ပြန်ချက်အရ သိရပါတယ်။

ဖောက်သည်အမျိုးသမီးနဲ့ ကိုယ်လက်နှီးနှောတာကို တားမြစ်ထားပေမယ့်လည်း တစ်ချို့ အငှားလိုက်ရည်းစားတွေဟာ ဖောက်သည်အမျိုးသမီးနဲ့ ချစ်ကြိုက်မိတာမျိုးတွေလည်း ဖြစ်လာနိုင်တာပါပဲ။