အႏုပ ညာရွင္ေတြက တင္ခ်င္ရာတင္ ေအာင္ျမင္သလို ပရိသတ္ေတြကလည္း ယုန္ထင္ေၾကာင္ထင္ပါ။ ဒီတစ္ခါမွာေတာ့ ပရိသတ္ အခ်စ္ေတာ္ ယုန္ေလးနဲ႔ ဆယ္လီမမ ျဖစ္ေနတဲ့ မိတ္ကပ္သုသုတို႔ၾကားက ရင္းႏွီးမႈေလး တစ္ခု ေပၚလာျပန္ပါၿပီ။ မိတ္ကပ္လိုင္းကေန သ႐ုပ္ေဆာင္ေလာကထိ ထိုးေဖာက္ဝင္ေရာက္လာတဲ့ သုသုက ႐ုပ္ရွင္ကားႀကီး ႐ိုက္ကူးဖို႔အတြက္ ေမၿမိဳ႕ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

ေမၿမိဳ႕မွာ မိတ္ကပ္လင္းလင္းနဲ႔အတူ ေရာက္ရွိေနသလို ခင္လႈိင္ ၊ ဂြမ္းပုံတို႔လည္း သုသုနဲ႔ အတူ ရွိေနတာ ျဖစ္ပါတယ္။ သုသုတစ္ေယာက္ ေမၿမိဳ႕ ေရာက္တုန္း ေရာက္ခိုက္ စိတ္မခ်လို႔ လိုက္လာသူကေတာ့ ယုန္ေလးပါ။

ယုန္ေလးနဲ႔ ခဏတျဖဳတ္ ေတြ႕လိုက္ရေပမဲ့ အမိအရကို ဓာတ္ပုံဖမ္း႐ိုက္ထားတဲ့ သုသုက အေမႊစိန္ စာသားေလးကို ခုလို ေရးတင္လိုက္တာ ျဖစ္ပါတယ္။

ယုန္ေလးနဲ႕ညီညီေမာင္(စမ္းေခ်ာင္း)“ေမၿမိဳ႕ ကား႐ိုက္ကို စိတ္မခ်လို႔ လိုက္လာတာတဲ့ အေမႊေပါ့”ဆိုၿပီး ယုန္ေလးကို tag တြဲ တင္ထားတာပါ။သုသုရဲ႕ ပို႔စ္ေအာက္မွာေတာ့ ယုန္ေလးကလည္း စိတ္မခ်လို႔ လိုက္လာတာ ျဖစ္တဲ့အေၾကာင္း အခြီတစ္လိုင္းအေနနဲ႔ ခုလို ျပန္ေရးထားပါတယ္။“အရမ္း ေအာင္ျမင္ေနေတာ့ ဘယ္စိတ္ခ်ေတာ့မလဲ..

ကိုယ္ရထားတာက တန္ဖိုးႀကီးလာၿပီေလဒါ႐ိုက္တာနဲ႔ Producer က ေခ်ာင္းေနတယ္ၾကားလို႔ လိုက္လာတာ” ဆိုၿပီး သုသုကို ျပန္ေနာက္ထားတာ ျဖစ္ပါတယ္။

ယုန္ေလးနဲ႕ညီညီေမာင္(စမ္းေခ်ာင္း)သူတို႔ႏွစ္ဦးရဲ႕ အျပန္အလွန္ comments ေတြကို ၾကည့္ၿပီး ပရိသတ္ေတြက စေနာက္ၾကတာ ျဖစ္သလို ခင္မင္တဲ့ အႏုပညာရွင္ေတြကလည္း ဇြတ္အတင္း သေဘာတူၾကတာ ျဖစ္ပါတယ္။

သုသုနဲ႔ ယုန္ေလးတို႔ ေမာင္ႏွမ ႏွစ္ေယာက္ရဲ႕ အခြီပုံေလးကိုေတာ့ ခုလို တင္ဆက္ေပးလိုက္ပါတယ္။

Unicode

အနုပ ညာရှင်တွေက တင်ချင်ရာတင် အောင်မြင်သလို ပရိသတ်တွေကလည်း ယုန်ထင်ကြောင်ထင်ပါ။ ဒီတစ်ခါမှာတော့ ပရိသတ် အချစ်တော် ယုန်လေးနဲ့ ဆယ်လီမမ ဖြစ်နေတဲ့ မိတ်ကပ်သုသုတို့ကြားက ရင်းနှီးမှုလေး တစ်ခု ပေါ်လာပြန်ပါပြီ။ မိတ်ကပ်လိုင်းကနေ သရုပ်ဆောင်လောကထိ ထိုးဖောက်ဝင်ရောက်လာတဲ့ သုသုက ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် မေမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

မေမြို့မှာ မိတ်ကပ်လင်းလင်းနဲ့အတူ ရောက်ရှိနေသလို ခင်လှိုင် ၊ ဂွမ်းပုံတို့လည်း သုသုနဲ့ အတူ ရှိနေတာ ဖြစ်ပါတယ်။ သုသုတစ်ယောက် မေမြို့ ရောက်တုန်း ရောက်ခိုက် စိတ်မချလို့ လိုက်လာသူကတော့ ယုန်လေးပါ။

ယုန်လေးနဲ့ ခဏတဖြုတ် တွေ့လိုက်ရပေမဲ့ အမိအရကို ဓာတ်ပုံဖမ်းရိုက်ထားတဲ့ သုသုက အမွှေစိန် စာသားလေးကို ခုလို ရေးတင်လိုက်တာ ဖြစ်ပါတယ်။

ယုန်လေးနဲ့ညီညီမောင်(စမ်းချောင်း)“မေမြို့ ကားရိုက်ကို စိတ်မချလို့ လိုက်လာတာတဲ့ အမွှေပေါ့”ဆိုပြီး ယုန်လေးကို tag တွဲ တင်ထားတာပါ။သုသုရဲ့ ပို့စ်အောက်မှာတော့ ယုန်လေးကလည်း စိတ်မချလို့ လိုက်လာတာ ဖြစ်တဲ့အကြောင်း အခွီတစ်လိုင်းအနေနဲ့ ခုလို ပြန်ရေးထားပါတယ်။“အရမ်း အောင်မြင်နေတော့ ဘယ်စိတ်ချတော့မလဲ..

ကိုယ်ရထားတာက တန်ဖိုးကြီးလာပြီလေဒါရိုက်တာနဲ့ Producer က ချောင်းနေတယ်ကြားလို့ လိုက်လာတာ” ဆိုပြီး သုသုကို ပြန်နောက်ထားတာ ဖြစ်ပါတယ်။

ယုန်လေးနဲ့ညီညီမောင်(စမ်းချောင်း)သူတို့နှစ်ဦးရဲ့ အပြန်အလှန် comments တွေကို ကြည့်ပြီး ပရိသတ်တွေက စနောက်ကြတာ ဖြစ်သလို ခင်မင်တဲ့ အနုပညာရှင်တွေကလည်း ဇွတ်အတင်း သဘောတူကြတာ ဖြစ်ပါတယ်။

သုသုနဲ့ ယုန်လေးတို့ မောင်နှမ နှစ်ယောက်ရဲ့ အခွီပုံလေးကိုတော့ ခုလို တင်ဆက်ပေးလိုက်ပါတယ်။