



UNICODE

မော်ဒယ်မင်းသားချောလေး တစ်ယောက်ဖြစ်သလို ရုပ်ရှင်ဘက်မှာလည်း စတင်ခြေချနေပြီဖြစ်တဲ့ ပိုင်တံခွန် ဟာ လက်ရှိအချိန်မှာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်။ပြည်တွင်းမှာ အောင်မြင်မှုတွေ ရရှိနေသလို ပြည်ပနိုင်ငံတွေမှာလည်း အောင်မြင်မှုတွေရရှိနေပါပြီ။အထူးသဖြင့် ထိုင်းနိုင်ငံမှာ နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်အားပေးခြင်းခံရပြီး ထိုင်းနိုင်ငံမှာ ကြော်ငြာတွေတောင် လက်ခံရိုက်ကူးနေပြီနော်။

Jan 20 ရက်ကသူရဲ့ facebook account My Dayမှာ နွယ်ဒါလီထွန်းကို နမ်းခဲ့တဲ့ video fileတင်ခဲ့တဲ့အတွက် မိန်းကလေး ပရိတ်သတ်တွေ commentမှာ အသည်းတွေ ကွဲပြနေကြပါတယ်။ယနေ့ Jan 21 ရက်နေ့မှာတော့ ထပ်ပြီးအသည်းခွဲလိုက်ပြန်ပါပြီ။ ရိုက်ကွင်းထဲက နွယ်ဒါလီထွန်း နဲ့ ပုံရိပ်တွေနဲ့အတူ”ကျတော် စိတ်ပူတဲ့အထဲမှာ ကလေးဆန်တတ်တဲ့ မ အကျင့်လေးလည်းပါတယ် ဆိုတဲ့ စာသားလေးနက် သူရဲ့ Facebookစာမျက်နှာမှာ တင်ထားပါတယ်။

ပရိတ်သတ်ကြီးအတွက် နွယ်ဒါလီထွန်းနဲ့ပိုင်တံခွန် တို့ရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။

Source:Paing Takhon,R Kar Moe(Life Paper)