အ သံပါဝါအားေကာင္းေကာင္းနဲ႔ အလြမ္းအေဆြးသီခ်င္းေတြကို ပိုင္ပိုင္ႏိုင္ႏိုင္သီဆိုႏိုင္တဲ့ အဆိုေတာ္တစ္ဦးျဖစ္တဲ့ ခ်မ္းခ်မ္းကေတာ့ သူမရဲ႕ ပထမဆုံးအယ္လ္ဘမ္ျဖစ္တဲ့ ‘တကယ္ဆိုရင္ အခ်စ္ပဲလိုတယ္” အယ္လ္ဘမ္နဲ႔ ပရိသတ္ေတြရဲ႕ ရင္ထဲကို သိမ္းပိုက္သြားႏိုင္ခဲ့သူပဲျဖစ္ပါတယ္ေနာ္..။

ေမာ္ဒယ္ေလာကကေန သူမရဲ႕ ေကာင္းလြန္းတဲ့ အသံေၾကာင့္ အဆိုၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ “Melody World” သီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အဆိုေတာ္အေနနဲ႔ ေအာင္ျမင္စြာ ရပ္တည္ေနခဲ့ၿပီးျဖစ္ပါတယ္..။ ခ်မ္းခ်မ္းကေတာ့ ခင္ပြန္းေဟာင္းျဖစ္သူ ဘုဏ္းသိုက္နဲ႔ လက္ထပ္ၿပီးေနာက္မွာ ဂီတေလာကနဲ႔ အဆက္အသြယ္ေလးေတြ ျပတ္ေတာက္သြားခဲ့တာပါ..။

အခုခ်ိန္မွာေတာ့ သူမရဲ႕ပရိသတ္ေတြအတြက္ သီခ်င္းအသစ္ေလးေတြကို ခ်ျပႏိုင္ေအာင္ မအားမလပ္ႏိုင္ေအာင္ ႀကိဳးစားလုပ္ကိုင္ေနပါတယ္..။ ခ်မ္းခ်မ္းဟာ ခ်စ္ရတဲ့ သမီးေလးနဲ႔အတူ ေအးခ်မ္းစြာ ျဖတ္သန္းေနၿပီး သူမရဲ႕ ပရိသတ္ေတြေရွ႕ျပန္လည္ေရာက္ႏိုင္ေအာင္ ႀကိဳးစားေနတဲ့အေၾကာင္းေလးေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္ေလ့ရွိပါတယ္..။

အခုတစ္ခါမွာေတာ့ သီခ်င္းသြင္းဖို႔သြားတဲ့ ေနရာေလးမွာ မထင္မွတ္ဘဲေတြ႕ခဲ့တဲ့ Myanmar Idol Season(4)ရဲ႕ Winner ဆုရွင္ အက္စတာေလးနဲ႔ ေတြ႕ဆုံခဲ့တဲ့ ပုံရိပ္ေလးကို “ဆရာဥကၠာဦးသာဆီမွာသီခ်င္းလာသြင္းရင္း ယူတို႔အသည္းေလး ညမေလး အက္စတာနဲ႔..အျပင္မွာခ်စ္စရာေလး..႐ိုး႐ိုးေအးေအးေလး” ဆိုၿပီး လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္..။ ခ်မ္းခ်မ္းကေတာ့ အက္စတာေလးဟာ အျပင္မွာ ႐ိုး႐ိုးေအးေအးေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ အေၾကာင္းေလးကို မေျပာပဲမေနႏိုင္ေအာင္ ျဖစ္ေနပါတယ္ေနာ္..။

အက္စတာေလးကေတာ့ Winner ဆုရွင္ျဖစ္ေပမယ့္ အႏုပညာကို ခ်စ္ျမတ္ႏိုးတဲ့ တက္သစ္စၾကယ္ပြင့္ေလးတစ္ပြင့္မို႔ တိုက္ခိုက္တဲ့သူေတြရွိေပမယ့္ အခ်စ္ေတြကို အျပည့္အဝေပးကာ အားေပးတဲ့ ပရိသတ္ေတြေၾကာင့္ အၿပဳံးမပ်က္ဘဲ ေရွ႕ဆက္ေနတဲ့သူေလးပဲျဖစ္ပါတယ္..။

ပရိသတ္ႀကီးေရာ ပုံေလးထဲက အရမ္းေတာ္တဲ့ အဆိုေတာ္ႏွစ္ဦးျဖစ္တဲ့ ခ်မ္းခ်မ္းနဲ႔ အက္စတာ ႏွစ္ေယာက္လုံးရဲ႕ ေရွ႕ဆက္မယ့္ အႏုပညာအလုပ္ေလးေတြအတြက္ အားေပးတဲ့ စကားေလးေတြေျပာသြားပါဦးေနာ္..။

Unicode

အက်စတာလေးက အပြင်မှာ ချစ်ဖို့ကောင်းပြီး ရိုးရိုးအေးအေးလေးပါလို့ ချီးမွမ်းလိုက်တဲ့ချမ်းချမ်း

အသံပါဝါအားကောင်းကောင်းနဲ့ အလွမ်းအဆွေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ချမ်းချမ်းကတော့ သူမရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြစ်တဲ့ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်” အယ်လ်ဘမ်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို သိမ်းပိုက်သွားနိုင်ခဲ့သူပဲဖြစ်ပါတယ်နော်..။

မော်ဒယ်လောကကနေ သူမရဲ့ ကောင်းလွန်းတဲ့ အသံကြောင့် အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ “Melody World” သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ အဆိုတော်အနေနဲ့ အောင်မြင်စွာ ရပ်တည်နေခဲ့ပြီးဖြစ်ပါတယ်..။ ချမ်းချမ်းကတော့ ခင်ပွန်းဟောင်းဖြစ်သူ ဘုဏ်းသိုက်နဲ့ လက်ထပ်ပြီးနောက်မှာ ဂီတလောကနဲ့ အဆက်အသွယ်လေးတွေ ပြတ်တောက်သွားခဲ့တာပါ..။

အခုချိန်မှာတော့ သူမရဲ့ပရိသတ်တွေအတွက် သီချင်းအသစ်လေးတွေကို ချပြနိုင်အောင် မအားမလပ်နိုင်အောင် ကြိုးစားလုပ်ကိုင်နေပါတယ်..။ ချမ်းချမ်းဟာ ချစ်ရတဲ့ သမီးလေးနဲ့အတူ အေးချမ်းစွာ ဖြတ်သန်းနေပြီး သူမရဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်နိုင်အောင် ကြိုးစားနေတဲ့အကြောင်းလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်..။

အခုတစ်ခါမှာတော့ သီချင်းသွင်းဖို့သွားတဲ့ နေရာလေးမှာ မထင်မှတ်ဘဲတွေ့ခဲ့တဲ့ Myanmar Idol Season(4)ရဲ့ Winner ဆုရှင် အက်စတာလေးနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးကို “ဆရာဥက္ကာဦးသာဆီမှာသီချင်းလာသွင်းရင်း ယူတို့အသည်းလေး ညမလေး အက်စတာနဲ့..အပြင်မှာချစ်စရာလေး..ရိုးရိုးအေးအေးလေး” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ချမ်းချမ်းကတော့ အက်စတာလေးဟာ အပြင်မှာ ရိုးရိုးအေးအေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ အကြောင်းလေးကို မပြောပဲမနေနိုင်အောင် ဖြစ်နေပါတယ်နော်..။

အက်စတာလေးကတော့ Winner ဆုရှင်ဖြစ်ပေမယ့် အနုပညာကို ချစ်မြတ်နိုးတဲ့ တက်သစ်စကြယ်ပွင့်လေးတစ်ပွင့်မို့ တိုက်ခိုက်တဲ့သူတွေရှိပေမယ့် အချစ်တွေကို အပြည့်အဝပေးကာ အားပေးတဲ့ ပရိသတ်တွေကြောင့် အပြုံးမပျက်ဘဲ ရှေ့ဆက်နေတဲ့သူလေးပဲဖြစ်ပါတယ်..။

ပရိသတ်ကြီးရော ပုံလေးထဲက အရမ်းတော်တဲ့ အဆိုတော်နှစ်ဦးဖြစ်တဲ့ ချမ်းချမ်းနဲ့ အက်စတာ နှစ်ယောက်လုံးရဲ့ ရှေ့ဆက်မယ့် အနုပညာအလုပ်လေးတွေအတွက် အားပေးတဲ့ စကားလေးတွေပြောသွားပါဦးနော်..။