ဟာ သသ႐ုပ္ေဆာင္ ေအာင္ရဲေထြးေသဆုံးမႈနဲ႔ပတ္သက္ၿပီး တရားစြဲခံထားရသူ သုံးဦးကို ဇန္နဝါရီ ၂၁ ရက္ေန႔က အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ၿပီး ျပန္ေခၚသက္ေသ ၂ ဦးထဲက ၁ ဦးကို စစ္ေဆးခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္ေန႔က အခင္းျဖစ္ပြားခဲ့တဲ့ အေျခအေနေတြကို အခင္းျဖစ္ပြားရာေနရာ The One entertainment ဆိုင္ရဲ႕ ဆိုင္ဝန္ထမ္းတဦးကို ျပန္ေခၚသက္ေသအျဖစ္ စစ္ေမးခဲ့တာပါ။

က်န္သက္ေသ ၁ ဦးက မလာေရာက္ႏိုင္တဲ့အတြက္ မစစ္ေဆးျဖစ္ဘဲ ႐ုံးခ်ိန္းကို အခုလ ၂၈ ရက္ေန႔ျပန္လည္ခ်ိန္းဆိုခဲ့ပါတယ္။

ေအာင္ရဲေထြး ေသဆုံးမႈနဲ႔ပတ္သက္ၿပီး တရားစြဲဆိုခံထားရသူ သုံးဦးကို လူသတ္မႈနဲ႔ စြဲခ်က္တင္ထားရာမွ ရန္ကုန္တိုင္းတရားလႊတ္ေတာ္က အျပင္းအထန္နာက်င္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၃၂၅ အျဖစ္ေျပာင္းလဲကာ စြဲခ်က္တင္အမိန္႔ခ်ခဲ့တာပါ။

အဲဒီလိုအမိန္႔ခ်ၿပီးတဲ့အခါမွာ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက သန္းထြဋ္ေအာင္(ခ)သားႀကီး အပါအဝင္ ၃ ဦးကို ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ အာမခံေပးခဲ့ပါတယ္။ အဲဒီေနာက္ သူတို႔သုံးဦးဟာ အျပင္းအထန္နာက်င္ေစမႈပုဒ္မ ၃၂၅ ကို အာမခံနဲ႔ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ အမႈရင္ဆိုင္ေနတာပါ။

သ႐ုပ္ေဆာင္ေအာင္ရဲေထြးဟာ ၂ဝ၁၇ ခု ဒီဇင္ဘာ ၃၁ ရက္ ညပိုင္းက သဃၤန္းကြၽန္း ၿမိဳ႕နယ္က The One Entertainment မွာ လူတစုရဲ႕ ဝိုင္းဝန္း႐ိုက္ႏွက္မႈေၾကာင့္ ေခါင္းမွာ ဒဏ္ရာရရွိၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ၂ဝ၁၈ ဇန္နဝါရီ ၂ ရက္က ေသဆုံးသြားခဲ့ပါတယ္။

Unicode

ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး ပြန်ခေါ်သက်သေကို စစ်ဆေး

ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရသူ သုံးဦးကို ဇန်နဝါရီ ၂၁ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေ ၂ ဦးထဲက ၁ ဦးကို စစ်ဆေးခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က အခင်းဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို အခင်းဖြစ်ပွားရာနေရာ The One entertainment ဆိုင်ရဲ့ ဆိုင်ဝန်ထမ်းတဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်မေးခဲ့တာပါ။

ကျန်သက်သေ ၁ ဦးက မလာရောက်နိုင်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို အခုလ ၂၈ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ သုံးဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားရာမှ ရန်ကုန်တိုင်းတရားလွှတ်တော်က အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅ အဖြစ်ပြောင်းလဲကာ စွဲချက်တင်အမိန့်ချခဲ့တာပါ။

အဲဒီလိုအမိန့်ချပြီးတဲ့အခါမှာ အရှေ့ပိုင်းခရိုင်တရားရုံးက သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် ၃ ဦးကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အာမခံပေးခဲ့ပါတယ်။ အဲဒီနောက် သူတို့သုံးဦးဟာ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ ကို အာမခံနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေတာပါ။

သရုပ်ဆောင်အောင်ရဲထွေးဟာ ၂ဝ၁၇ ခု ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်း မြို့နယ်က The One Entertainment မှာ လူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။