သမၼတ႐ုံးကြပ္ကဲသည့္အထူး အဖြဲ႕က မႏၲေလး ဗဟိုအက်ဥ္းေထာင္ထဲ မွ မူးယစ္ေ ဆးဝါးေရာင္းဝယ္ေနမႈ ကို ဖမ္းဆီးအေရးယူခဲ့

မႏၲေ လးဗဟိုအက်ဥ္းေထာင္ထဲ မွ မူးယစ္ေဆးဝါးေရာင္းဝယ္ေနမႈကို သမၼတ႐ုံး တိုက္႐ိုက္ကြပ္ကဲသည့္အထူးအဖြဲ႕ကသတင္းေပးပို႔ခ်က္အရ ဇန္နဝါရီလ၁၆ရက္ေန႔က ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ခဲ့

ေၾကာင္းသိရၿပီ အဆိုပါ အထူးအဖြဲ႕ဖြဲ႕သည့္ ၂၀၁၈ဇြန္လ ၂၆ရက္မွ ယခုအခ်ိန္အထိ ေထာင္ထဲအထိ ပထမဦးဆုံးဝင္ဖမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

ေရာင္းဝယ္ေနသူသည္ အခ်ဳပ္ေထာင္အတြင္းမွေန၍ တရားရင္ဆိုင္ေနသည့္ ေက်ာ္ေဆြဆိုသူျဖစ္ၿပီး ၎သည္ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းအထိျပစ္ဒဏ္ခ်မွတ္ခံရႏိုင္သည့္ပုဒ္မ ၃၆၃( မိဘအုပ္ထိန္းမႈေအာက္ရွိ အသက္မျပည့္ေသးေသာ ကေလးငယ္အား ခိုးယူေပါင္းသင္းမႈ/လူခိုးမႈ) ၊ပုဒ္မ ၃၇၇ (ဓမၼတာႏွင့္ဆန႔္က်င္ၿပီးအဓမၼျပဳက်င့္မႈ ) တို႔ျဖင့္ ဖမ္းဆီးထိန္းသိမ္းခံထားရကာ တရားရင္ဆိုင္ေနသူလည္းျဖစ္သည္ဟု သိရသည္။

အထူးအဖြဲ႕က မႏၲေလးဗဟိုအက်ဥ္းေထာင္ ပါဆယ္လက္ခံေရးဌာနရွိ ေက်ာ္ေဆြထံလာပို႔ေသာ ပါဆယ္ထုတ္အတြင္းမွ သက္ေသခံမူးယစ္ေဆးမ်ားကိုေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

မူးယစ္ေဆးဝါးမ်ားကို အမဲဟင္းတုံးမ်ားအတြင္း အေအးစုပ္ပိုက္ျဖင့္ထည့္ထားျခင္းျဖစ္သည္ဟုလည္းသိရသည္။

ပါဆယ္လာပို႔သည့္ ေက်ာ္ျမင့္ဆိုသူကိုလည္း ဖမ္းဆီးထားကာ လက္ရွိတြင္ ေက်ာ္ေဆြႏွင့္ေက်ာ္ျမင့္ကို ေအာင္ေျမသာစံရဲစခန္း က (ပ)၂ ၂၀၂၀ မူးစိပ္ပုဒ္မ ၁၆(ဂ) ၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးကာ ဆက္လက္စုံစမ္းမႈမ်ားျပဳလုပ္ေနေၾကာင္းသိရသည္။

အေသးစိတ္အေျခအေနကို စုံစမ္းစစ္ေဆးေနဆဲျဖစ္သည္။

ႏိုင္ငံေတာ္သမၼတသည္ မူးယစ္ေဆးဝါးကိုႏွိမ္နင္းမည္ဟု ဂတိျပဳၿပီးေနာက္ပိုင္း မူးယစ္ေဆးဝါးႏွင့္စပ္လ်ဥ္းၿပီး သတင္းေပးတိုင္ၾကားႏိုင္မည့္ မူးယစ္ေဆးဝါးအထူး သတင္းတိုင္ၾကားေရးဌာနကို ႏိုင္ငံေတာ္သမၼတ႐ုံးတြင္ ၂၀၁၈၊ဇြန္လ ၂၆ရက္က ဖြဲ႕စည္းခဲ့ကာ ယင္းေန႔မွစၿပီး ၂၀၂၀ ဇန္နဝါရီ၁၈ရက္အထိ သတင္းေပးတိုင္ၾကားခ်က္ေပါင္း ေျမာက္မ်ားစြာရရွိခဲ့ၿပီး မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းခ်ေနသည့္မႏၲေလး ျပည္ႀကီးတံခြန္၊ခ်မ္းျမသာစည္ရိပ္သာဝန္း၊တစ္ထပ္ေက်ာင္းေဆာင္ေန အရွင္အာစိဏၰ(ခ)ဦးေအးေက်ာ္ အမႈ၊ EDMပြဲမ်ားစီစဥ္ကာ မူးယစ္ေဆးဝါးျဖန႔္ျဖဴးေနသည့္ Dj Funkeyအမႈ အပါအဝင္ အမႈေပါင္း ၉၅၁မႈဖြင့္အေရးယူႏိုင္ခဲ့ကာ က်ဴးလြန္သူေပါင္း ၁၄၆၄ဦးကို အေရးယူႏိုင္ခဲ့ေၾကာင္း မူးယစ္ေဆးဝါးအထူး သတင္းတိုင္ၾကားေရးဌာန၏ မွတ္တမ္းမ်ားအရသိရသည္။

ျပည္သူမ်ားအေနျဖင့္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစႏိုင္သည့္ ေဆးဝါးအႏၲရာယ္တားဆီးကာ ကြယ္ႏွိမ္နင္းေရးအတြက္ သမၼတ႐ုံးထံတိုင္ၾကားလိုပါက ေအာ္တိုတယ္လီဖုန္းနံပါတ္ ၀၆၇-၅၉၀၂၀၀၊ ဖက္စ္ဖုန္းနံပါတ္ ၀၆၇-၅၉၀၂၃၃ ႏွင့္ အီးေမးလ္လိပ္စာ antinarcotics presidentoffice.gov.mm သို႔ လုံၿခဳံစိတ္ခ်စြာ တိုင္ၾကားႏိုင္ေၾကာင္းႏွင့္တိုင္ၾကားသူကို လွ်ိဳဝွက္ေပးထားကာ၊ေဖာ္ထုတ္ဖမ္းဆီးရမိပါက ယင္းအမႈ၏ ျပည္သူပိုင္သိမ္းဆည္းတန္ဖိုးထဲမွ ထုတ္ႏုတ္ၿပီး ဆုေၾကးမ်ား ခ်ီးျမႇင့္မည္ဟု သမၼတ႐ုံးကေၾကညာထားၿပီးျဖစ္သည္။

Unicode

မန္တေ လးဗဟိုအကျဉ်းထောင်ထဲ မှ မူးယစ်ဆေးဝါးရောင်းဝယ်နေမှုကို သမ္မတရုံး တိုက်ရိုက်ကွပ်ကဲသည့်အထူးအဖွဲ့ကသတင်းပေးပို့ချက်အရ ဇန်နဝါရီလ၁၆ရက်နေ့က ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့

ကြောင်းသိရပြီ အဆိုပါ အထူးအဖွဲ့ဖွဲ့သည့် ၂၀၁၈ဇွန်လ ၂၆ရက်မှ ယခုအချိန်အထိ ထောင်ထဲအထိ ပထမဦးဆုံးဝင်ဖမ်းခြင်းဖြစ်ကြောင်း သိရသည်။

ရောင်းဝယ်နေသူသည် အချုပ်ထောင်အတွင်းမှနေ၍ တရားရင်ဆိုင်နေသည့် ကျော်ဆွေဆိုသူဖြစ်ပြီး ၎င်းသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိပြစ်ဒဏ်ချမှတ်ခံရနိုင်သည့်ပုဒ်မ ၃၆၃( မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသော ကလေးငယ်အား ခိုးယူပေါင်းသင်းမှု/လူခိုးမှု) ၊ပုဒ်မ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်ပြီးအဓမ္မပြုကျင့်မှု ) တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရကာ တရားရင်ဆိုင်နေသူလည်းဖြစ်သည်ဟု သိရသည်။

အထူးအဖွဲ့က မန္တလေးဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံရေးဌာနရှိ ကျော်ဆွေထံလာပို့သော ပါဆယ်ထုတ်အတွင်းမှ သက်သေခံမူးယစ်ဆေးများကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများကို အမဲဟင်းတုံးများအတွင်း အအေးစုပ်ပိုက်ဖြင့်ထည့်ထားခြင်းဖြစ်သည်ဟုလည်းသိရသည်။

ပါဆယ်လာပို့သည့် ကျော်မြင့်ဆိုသူကိုလည်း ဖမ်းဆီးထားကာ လက်ရှိတွင် ကျော်ဆွေနှင့်ကျော်မြင့်ကို အောင်မြေသာစံရဲစခန်း က (ပ)၂ ၂၀၂၀ မူးစိပ်ပုဒ်မ ၁၆(ဂ) ၂၁ ဖြင့် အမှုဖွင့်စစ်ဆေးကာ ဆက်လက်စုံစမ်းမှုများပြုလုပ်နေကြောင်းသိရသည်။

အသေးစိတ်အခြေအနေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

နိုင်ငံတော်သမ္မတသည် မူးယစ်ဆေးဝါးကိုနှိမ်နင်းမည်ဟု ဂတိပြုပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနှင့်စပ်လျဉ်းပြီး သတင်းပေးတိုင်ကြားနိုင်မည့် မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈၊ဇွန်လ ၂၆ရက်က ဖွဲ့စည်းခဲ့ကာ ယင်းနေ့မှစပြီး ၂၀၂၀ ဇန်နဝါရီ၁၈ရက်အထိ သတင်းပေးတိုင်ကြားချက်ပေါင်း မြောက်များစွာရရှိခဲ့ပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသည့်မန္တလေး ပြည်ကြီးတံခွန်၊ချမ်းမြသာစည်ရိပ်သာဝန်း၊တစ်ထပ်ကျောင်းဆောင်နေ အရှင်အာစိဏ္ဏ(ခ)ဦးအေးကျော် အမှု၊ EDMပွဲများစီစဉ်ကာ မူးယစ်ဆေးဝါးဖြန့်ဖြူးနေသည့် Dj Funkeyအမှု အပါအဝင် အမှုပေါင်း ၉၅၁မှုဖွင့်အရေးယူနိုင်ခဲ့ကာ ကျူးလွန်သူပေါင်း ၁၄၆၄ဦးကို အရေးယူနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါးအထူး သတင်းတိုင်ကြားရေးဌာန၏ မှတ်တမ်းများအရသိရသည်။

ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်နှိမ်နင်းရေးအတွက် သမ္မတရုံးထံတိုင်ကြားလိုပါက အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃ နှင့် အီးမေးလ်လိပ်စာ antinarcotics presidentoffice.gov.mm သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်းနှင့်တိုင်ကြားသူကို လျှိုဝှက်ပေးထားကာ၊ဖော်ထုတ်ဖမ်းဆီးရမိပါက ယင်းအမှု၏ ပြည်သူပိုင်သိမ်းဆည်းတန်ဖိုးထဲမှ ထုတ်နုတ်ပြီး ဆုကြေးများ ချီးမြှင့်မည်ဟု သမ္မတရုံးကကြေညာထားပြီးဖြစ်သည်။