


Unicode

နား ကပ်ဝယ်ပေးမယ်ပြောပြီး ဦးလေးတော်စပ်သူမှ ၁၄ နှစ်အရွယ်တူမတော်စပ်သူကို သားမယားပြုကျင့်သဖြင့် ကိုယ်ဝန် (၂) လရခဲ့တဲ့ဖြစ်ရပ်

တ နင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ပြင်းဖြူကြီးကျေးရွာအပြင်ပိုင်း (ဘ )ဦး………၏ သမီးဖြစ်သူမ……….. အသက် ၁၄ နှစ်အား ဦးလေးတော်စပ်သူဦးစိုးမြင့် အသက် ၆၉ နှစ်မှ နားကပ်ဝယ်ပေးမည်ဟု ပြောဆိုကာမိဘများ ဂဏန်းရှာ ပင်လယ်ထွက်ချိန်များတွင် အကြိမ်ကြိမ်လူမဆန်စိတ်ဖြင့်

သားမယားအဖြစ်ပြုကျင့်ခြင်းကိုခံခဲ့ရသဖြင့်၁၄ နှစ်အရွယ် မ(……….)တွင် ကိုယ်ဝန် ၂ လ ရှိနေကြောင်း စစ်ဆေးသိရှိရသဖြင့် မိခင်ဖြစ်သူမှ အပိုင်နယ်မြေရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့သဖြင့် သရက်ချောင်းမြို့နယ် ဝင်းဝနယ်မြေရဲစခန်းမှ မ.စ (ပ) ၄/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ ၁၈း၁၅ နာရီအချိန်တွင် အမှုရေးဖွင့်ထားရှိပြီး ရဲအုပ်နေလင်း မှအမှုစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း သတင်းစုံစမ်းသိရှိရပါသည်။သတင်းပေးပို့သူ/ကယ်တင်ရှင်(PFA)/သရက်ချောင်းမြို့နယ်တာဝန်ခံ/ပြည်သူ့မဏ္ဍိုင်~နေပြည်တော်ဟစ်တိုင်