ဦးေ ခါင္းတြင္ အနည္းငယ္ပြန္းေသြးစို႔ ဒဏ္ရာေတြ႕ၿပီး ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊မဟုတ္ စစ္ေဆးေန

မႏၲေလးၿမိဳ႕ရွိ ဟိုတယ္တစ္လုံးတြင္ အသက္(၂၀)အရြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ အတူတည္းခို ေနထိုင္သည့္ အသက္(၅၀)ဝန္းက်င္အရြယ္ အမ်ိဳးသားတစ္ဦး ဟိုတယ္သို႔ ေရာက္ရွိၿပီး နာရီပိုင္းအတြင္း ေသဆုံးမႈ ဇန္နဝါရီ(၁၉)ရက္က ျဖစ္ပြားခဲ့ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ေဆး႐ုံႀကီးအနီး၊ ၇၇လမ္းေပၚရွိ ဟိုတယ္တစ္လုံးတြင္ ဟိုတယ္ခန္းအတြင္း အမ်ိဳးသားတစ္ဦး အေမာေဖာက္ ေသဆုံးေၾကာင္း သတင္းအရ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား သြားေရာက္စစ္ေဆးခဲ့သည္။

ေသဆုံးသူသည္ မႏၲေလးၿမိဳ႕ေန အသက္(၄၉)ႏွစ္အရြယ္ ေက်ာက္အေရာင္းအဝယ္ လုပ္ကိုင္သူျဖစ္ၿပီး ဇန္နဝါရီ(၁၉)ရက္ နံနက္(၇)နာရီေက်ာ္အခ်ိန္က ရန္ကုန္ၿမိဳ႕ ေတာင္ဒဂုံၿမိဳ႕နယ္ေန အသက္(၂၀)အရြယ္ အမ်ိဳးသမီးႏွင့္အတူ ဟိုတယ္(၅)လႊာရွိ အခန္းတစ္ခန္း၌ တည္းခိုေနထိုင္ခဲ့ရာမွ နံနက္(၉)နာရီခြဲဝန္းက်င္တြင္ ႐ုတ္တရက္ အေမာေဖာက္ကာ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္း တြင္ေဖာ္ျပထားသည္။

အဆိုပါ အမ်ိဳးသား ေသဆုံးမႈႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္စစ္ေဆးရာ ေသဆုံးသူ၏ ဦးေခါင္းဝဲခ်ိဳေစာင္းတြင္ အနည္းငယ္ပြန္း ေသြးစို႔ဒဏ္ရာတစ္ခု ေတြ႕ရွိခဲ့သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ အေလာင္းကို မႏၲေလး ေဆး႐ုံႀကိးသို႔ ပို႔ေဆာင္ထားၿပီး ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊မဟုတ္ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း ေရးဖြင့္ကာ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။Mandalay_Indepth_News

Unicode

ဦးေ ခါင်းတွင် အနည်းငယ်ပွန်းသွေးစို့ ဒဏ်ရာတွေ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးနေ

မန္တလေးမြို့ရှိ ဟိုတယ်တစ်လုံးတွင် အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် အတူတည်းခို နေထိုင်သည့် အသက်(၅၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဟိုတယ်သို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးမှု ဇန်နဝါရီ(၁၉)ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးရုံကြီးအနီး၊ ရရလမ်းပေါ်ရှိ ဟိုတယ်တစ်လုံးတွင် ဟိုတယ်ခန်းအတွင်း အမျိုးသားတစ်ဦး အမောဖောက် သေဆုံးကြောင်း သတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူသည် မန္တလေးမြို့နေ အသက်(၄၉)နှစ်အရွယ် ကျောက်အရောင်းအဝယ် လုပ်ကိုင်သူဖြစ်ပြီး ဇန်နဝါရီ(၁၉)ရက် နံနက်(၇)နာရီကျော်အချိန်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နေ အသက်(၂၀)အရွယ် အမျိုးသမီးနှင့်အတူ ဟိုတယ်(၅)လွှာရှိ အခန်းတစ်ခန်း၌ တည်းခိုနေထိုင်ခဲ့ရာမှ နံနက်(၉)နာရီခွဲဝန်းကျင်တွင် ရုတ်တရက် အမောဖောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း တွင်ဖော်ပြထားသည်။

အဆိုပါ အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရာ သေဆုံးသူ၏ ဦးခေါင်းဝဲချိုစောင်းတွင် အနည်းငယ်ပွန်း သွေးစို့ဒဏ်ရာတစ်ခု တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အလောင်းကို မန္တလေး ဆေးရုံကြိးသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ချမ်းအေးသာစံမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။Mandalay_Indepth_News