မၾကာေ သးမီက ၾသစေၾတးလ်မွာ ျဖစ္ခဲ့တဲ့ ေတာမီးက တကယ့္ကိုေၾကာက္မက္ဖြယ္ေလာင္ကၽြမ္းခဲ့တာပါ..တိရစၧာန္သန္းနဲ႔ ခ်ီေသဆုံးခဲ့ရသလို လူေပါင္းမ်ားစြာလည္း ဒုကၡေရာက္ခဲ့ရပါတယ္…

လက္ရွိမွာလည္း ဩစေၾတးလ်နိုင္ငံရဲ့ ပူျပင္းေျခာက္ေသြ႕တဲ့ ေဒသေတြမွာ ထိတ္လန႔္ဖြယ္ရာ ဖုန္မႈန္နဲ႔သဲမုန္တိုင္းမ်ား တိုက္ခတ္ခဲ့လ်က္ရွိပါတယ္…

ဒါ့အျပင္ နိုင္ငံရဲ့ အေရွ႕ဘက္ကမ္းရိုးတန္းမွာလည္း ႀကီးမားတဲ့ မိုးသီးေႂကြက်မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ဇန္နဝါရီလ ၁၉ ရက္ေန႔က နိုင္ငံေတာင္ပိုင္း မဲလ္ဘုန္းၿမိဳ႕မွာ ႀကီးမားတဲ့ မိုးသီးေႂကြက်မႈေတြ ျဖစ္ေပၚခဲ့ၿပီး ဗစ္တိုးရီးယားျပည္နယ္မွာလည္း ညလုံးေပါက္ မိုးသည္းထန္စြာ ရြာသြန္းခဲ့ပါတယ္…

ဒါ့အျပင္ New South Wales ျပည္နယ္ရဲ့ အေနာက္ပိုင္းေဒသတစ္ခုမွာလည္း လြန္ခဲ့အပတ္က သီတင္းပတ္ကုန္က ဖုန္မႈန္နဲ႔သဲမုန္တိုင္းေတြ တိုက္ခတ္ခဲ့ပါတယ္….

ဒီလို သဲမုန္တိုင္းေတြတိုက္တာေၾကာင့္ ေန႔လယ္ပိုင္းဟာ ညလိုပဲေမွာင္မဲသြားခဲ့ၿပီး ဒီတစ္ခါတိုက္ခတ္မႈေတြဟာ အရင္အႀကိမ္ေတြထက္ ပိုမိုႀကီးမားတယ္လို႔ သိရပါတယ္…

မေန႔က ဇန္နဝါရီ ၂၀ ရက္ေန႔မွာလည္း ၿမိဳ႕ေတာ္ျဖစ္တဲ့ ကန္ဘာရာမွာ ႀကီးမားတဲ့ မိုးသီးေႂကြက်မႈေတြျဖစ္ခဲ့ၿပီး ထိခိုက္ပ်က္စီးမႈေတြလည္း ရွိခဲ့ပါတယ္…
တာဝန္ရွိသူေတြက ေဒသခံေတြကို သစ္ပင္ေတြ လၽွပ္စစ္ဓာတ္အားလိုင္းေတြနဲ႔ ေဝးတဲ့ေနရာမွာ ေနထိုင္ၾကဖို႔ သတိေပးမႈေတြလည္း ျပဳလုပ္ခဲ့ရပါတယ္…

ျပင္းထန္တဲ့ ေတာမီးေလာင္မႈေၾကာင့္ တိရစၧာန္သန္း ၄၈၀ ခန႔္ ေသဆုံးခဲ့ရၿပီး ေနအိမ္ ၂၀၀၀ ေက်ာ္ ပ်က္စီးခဲ့ရတယ္လို႔သိရပါတယ္…ကပ္ဆိုက္သလိုျဖစ္ေနတဲ့ သဘာဝေဘးအႏၲရာယ္ေတြဟာ ၾသစေၾတးလ်မွာ ဆက္တိုက္ဆိုသလို ျဖစ္ေနတာေၾကာင့္ တာဝန္ရွိသူေတြကလည္း အႏၲရာယ္ျဖစ္နိုင္တဲ့ အေျခအေနေတြကို ေရွာင္ရွားနိုင္ဖို႔ သတိေပးမႈေတြ မျပတ္ျပဳလုပ္ေနရတာပဲျဖစ္ပါတယ္…

Writer – HW (Shwe Yaung Lan)

Unicode

မကြာေ သးမီက သြစတြေးလျမှာ ဖြစ်ခဲ့တဲ့ တောမီးက တကယ့်ကိုကြောက်မက်ဖွယ်လောင်ကျွမ်းခဲ့တာပါ..တိရစ္ဆာန်သန်းနဲ့ ချီသေဆုံးခဲ့ရသလို လူပေါင်းများစွာလည်း ဒုက္ခရောက်ခဲ့ရပါတယ်…

လက်ရှိမှာလည်း ဩစတြေးလျနိုင်ငံရဲ့ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ထိတ်လန့်ဖွယ်ရာ ဖုန်မှုန်နဲ့သဲမုန်တိုင်းများ တိုက်ခတ်ခဲ့လျက်ရှိပါတယ်…

ဒါ့အပြင် နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာလည်း ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဇန်နဝါရီလ ၁၉ ရက်နေ့က နိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့မှာ ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဗစ်တိုးရီးယားပြည်နယ်မှာလည်း ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်…

ဒါ့အပြင် New South Wales ပြည်နယ်ရဲ့ အနောက်ပိုင်းဒေသတစ်ခုမှာလည်း လွန်ခဲ့အပတ်က သီတင်းပတ်ကုန်က ဖုန်မှုန်နဲ့သဲမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်….

ဒီလို သဲမုန်တိုင်းတွေတိုက်တာကြောင့် နေ့လယ်ပိုင်းဟာ ညလိုပဲမှောင်မဲသွားခဲ့ပြီး ဒီတစ်ခါတိုက်ခတ်မှုတွေဟာ အရင်အကြိမ်တွေထက် ပိုမိုကြီးမားတယ်လို့ သိရပါတယ်…

မနေ့က ဇန်နဝါရီ ၂၀ ရက်နေ့မှာလည်း မြို့တော်ဖြစ်တဲ့ ကန်ဘာရာမှာ ကြီးမားတဲ့ မိုးသီးကြွေကျမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်…
တာဝန်ရှိသူတွေက ဒေသခံတွေကို သစ်ပင်တွေ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ ဝေးတဲ့နေရာမှာ နေထိုင်ကြဖို့ သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်…

ပြင်းထန်တဲ့ တောမီးလောင်မှုကြောင့် တိရစ္ဆာန်သန်း ၄၈၀ ခန့် သေဆုံးခဲ့ရပြီး နေအိမ် ၂၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့သိရပါတယ်…ကပ်ဆိုက်သလိုဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ သြစတြေးလျမှာ ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် တာဝန်ရှိသူတွေကလည်း အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ သတိပေးမှုတွေ မပြတ်ပြုလုပ်နေရတာပဲဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)