မေန ႔က လူမႈ႔ကြန္ယက္ စာမ်က္ႏွာေပၚမွာ တက္လာတဲ့ လိေမၼာ္သီးေရာင္းတဲ့ အဘတစ္ေယာက္ရဲ႕အျဖစ္ကို အားလံုးသိၿပီးသားျဖစ္မွာပါ။ အဘက ဗိုလ္ခ်ဳပ္ေစ်းမွာ ေစ်းေရာင္းတဲ့ လမ္းေဘးေစ်းသည္တစ္ဦးျဖစ္ၿပီး စည္ပင္ဝန္ထမ္းေတြရဲ႕ ဖမ္းဆီးခ်င္းခံရကာ ခံဝန္ထိုးခဲ့ရတာ ျဖစ္ပါတယ္။ ျပႆနာက အဘရဲ႕ အရင္းအႏွီးေတြျဖစ္တဲ့ လိေမၼာ္သီးေတြကို စည္ပင္ဝန္ထမ္းေတြက တူနဲ႔ထုကာဖ်က္ဆီးပစ္လို႔ ျပည္သူတစ္ရပ္လံုးက စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္။

အ ဘရဲ႕ အျဖစ္ကို ေတြ႔ျမင္ရသူတိုင္းက ရင္ထုမနာျဖစ္ၿပီး အဘအတြက္ လိုအပ္တဲ့ အရင္းအႏွီးေတြ ျပန္လည္ေပးအပ္ဖို႔ ဆႏၵရိွေနၾကတာ ျဖစ္ပါတယ္။ အဲ့ဒီလိုပဲ ဖိလစ္ပိုင္ေမာ္ဒယ္ Sinon Loresca ကလည္း အဘရဲ႕ဘဝဇာတ္ေၾကာင္းကို သူ႔အေနနဲ႔သိခ်င္ၿပီး လိုအပ္တဲ့ ေထာက္ပံ့မႈေတြ လုပ္ေပးခ်င္တယ္လို႔ ေျပာလာပါတယ္။

အဘရဲ႕ နာမည္က ဦးသိန္းထြန္းျဖစ္ၿပီး အသက္ (၇၀) အရြယ္ရိွၿပီ ျဖစ္ပါတယ္။ အဘရဲ႕ ဇနီးက အသက္ (၆၀) ျဖစ္ၿပီး သားသမီးေလးေယာက္ရိွတယ္လို႔ သိရပါတယ္။ အဘရဲ႕ အငယ္ဆံုးသမီးက မသန္မစြမ္းသူတစ္ေယာက္ျဖစ္ၿပီး အဘကေတာ့ နံနက္ ၇ နာရီတိုင္း သမီးႀကီးနဲ႔အတူတူ ဗိုလ္ခ်ဳပ္ေစ်းမွာ တစ္ေနကုန္ ေစ်းလွည့္ေရာင္းပါတယ္။

သမီးငယ္ေလးနဲ႔ တစ္မိသားစုလံုးစာအတြက္ တစ္ေနကုန္ေစ်းလွည့္ေရာင္းတဲ့အဘဟာ ည ၈နာရီမွ အိမ္ျပန္ေရာက္ၿပီး အနားရ႐ွာပါတယ္။ စည္ပင္ဝန္ထမ္းေတြရဲ႕ လုပ္ရပ္ကို အဘက သူ႔ရဲ႕မိသားစုေတြကို ျပန္မေျပာျပပဲ သူတစ္ေယာက္တည္းသာ ႀကိတ္ခံစားရင္း အရင္းအႏွီးျပန္႐ွာေနတယ္လို႔ သိရပါတယ္။

Sinon ကလည္း အဘအတြက္ ကူညီခ်င္ေနသလို ျမန္မာလူမ်ိဳးေတြကလည္း အဘရဲ႕ ေနရပ္လိပ္စာကို လိုက္သြားၿပီး အဘအတြက္ လိုအပ္တဲ့ အကူအညီေတြ ျပဳလုပ္ေပးေနၾကၿပီ ျဖစ္ပါတယ္။

Rowena
Source: Sinon Loresca & Han Lynn Htun’s fb

Unicode

မနေ ့က လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ တက်လာတဲ့ လိမ္မော်သီးရောင်းတဲ့ အဘတစ်ယောက်ရဲ့အဖြစ်ကို အားလုံးသိပြီးသားဖြစ်မှာပါ။ အဘက ဗိုလ်ချုပ်စျေးမှာ စျေးရောင်းတဲ့ လမ်းဘေးစျေးသည်တစ်ဦးဖြစ်ပြီး စည်ပင်ဝန်ထမ်းတွေရဲ့ ဖမ်းဆီးချင်းခံရကာ ခံဝန်ထိုးခဲ့ရတာ ဖြစ်ပါတယ်။ ပြဿနာက အဘရဲ့ အရင်းအနှီးတွေဖြစ်တဲ့ လိမ္မော်သီးတွေကို စည်ပင်ဝန်ထမ်းတွေက တူနဲ့ထုကာဖျက်ဆီးပစ်လို့ ပြည်သူတစ်ရပ်လုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

အ ဘရဲ့ အဖြစ်ကို တွေ့မြင်ရသူတိုင်းက ရင်ထုမနာဖြစ်ပြီး အဘအတွက် လိုအပ်တဲ့ အရင်းအနှီးတွေ ပြန်လည်ပေးအပ်ဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ကလည်း အဘရဲ့ဘဝဇာတ်ကြောင်းကို သူ့အနေနဲ့သိချင်ပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးချင်တယ်လို့ ပြောလာပါတယ်။

အဘရဲ့ နာမည်က ဦးသိန်းထွန်းဖြစ်ပြီး အသက် (၇၀) အရွယ်ရှိပြီ ဖြစ်ပါတယ်။ အဘရဲ့ ဇနီးက အသက် (၆၀) ဖြစ်ပြီး သားသမီးလေးယောက်ရှိတယ်လို့ သိရပါတယ်။ အဘရဲ့ အငယ်ဆုံးသမီးက မသန်မစွမ်းသူတစ်ယောက်ဖြစ်ပြီး အဘကတော့ နံနက် ၇ နာရီတိုင်း သမီးကြီးနဲ့အတူတူ ဗိုလ်ချုပ်စျေးမှာ တစ်နေကုန် စျေးလှည့်ရောင်းပါတယ်။

သမီးငယ်လေးနဲ့ တစ်မိသားစုလုံးစာအတွက် တစ်နေကုန်စျေးလှည့်ရောင်းတဲ့အဘဟာ ည ၈နာရီမှ အိမ်ပြန်ရောက်ပြီး အနားရရှာပါတယ်။ စည်ပင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်ကို အဘက သူ့ရဲ့မိသားစုတွေကို ပြန်မပြောပြပဲ သူတစ်ယောက်တည်းသာ ကြိတ်ခံစားရင်း အရင်းအနှီးပြန်ရှာနေတယ်လို့ သိရပါတယ်။

Sinon ကလည်း အဘအတွက် ကူညီချင်နေသလို မြန်မာလူမျိုးတွေကလည်း အဘရဲ့ နေရပ်လိပ်စာကို လိုက်သွားပြီး အဘအတွက် လိုအပ်တဲ့ အကူအညီတွေ ပြုလုပ်ပေးနေကြပြီ ဖြစ်ပါတယ်။

Rowena
Source: Sinon Loresca & Han Lynn Htun’s fb