မြန်မာ့ ဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာ တစ်ယောက်ဟာဆိုရင် နိုင်ငံရပ်ခြားမှာ သွားပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းလိုလိုမှာ မြန်မာနိုင်ငံကို ဂုဏ်တင့်စေခဲ့တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းကကြက်တောင် ရိုက်အားကစားကို ဝါသနာပါခဲ့သူဖြစ်ပြီးတော့ တစိုက်မတ်မတ်ကြိုးစားခဲ့သူလေးလည်းဖြစ်ပါတယ်။

သူမဟာဆိုရင် မြန်မာနိုင်ငံအတွက် များစွာဂုဏ်ဆောင်ခဲ့ပေမယ့် အံ့သြစရာကောင်းစွာပဲအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ယခုနှစ်မတိုင်ခင်အထိ ထောက်ပံ့မှု လုံးဝမရှိခဲ့တာကို ပြည်သူတွေကလည်း အံ့သြနေကြပါတယ်။ ဒါပေမယ့် သူမဟာ မိဘတွေဆီက
အထောက်အပံ့နဲ့ ပြိုင်ပွဲတိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို သမီးလေးဖြစ်စေချင်တဲ့ဆန္ဒကိုလည်း မိဘတွေက အတတ်နိုင်ဆုံးဖြည့်ဆည်းခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သက်ထားသူဇာ လို နိုင်ငံဂုဏ်ဆောင် ကြက်တောင်မယ်တစ်ဦးကို လုံးဝထောက်ပံ့မှု မရှိတဲ့အကြောင်း ဂျာနယ်တွေက တစ်ဆင့် ပရိသတ်တွေ သိသွားပြီးတော့ ဝေဖန်မှုတွေ ရှိလာမှ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဂုဏ်ထူးဆောင် လက်မှတ်ချီးမြင့်တာ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထောက်ပံ့ငွေ ဒေါ်လာချီးမြင့်တာအပြင် အခြားသော ကုမ္မဏီတွေ အဖွဲ့အစည်းတွေကပါ ထောက်ပံ့တာတွေ ဖြစ်လာခဲ့ရတာပါ။

အခုလည်း ဆူဇူးကီး ကားကုမ္မဏီက မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်လေး သက်ထားသူဇာအတွက် Suzuki Ertiga တစ်စီးကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမရဲ့ လေ့ကျင့်မှုတွေ အပြင် ပြည်တွင်းမှာ သွားလာရေးအ
တွက်လည်း များစွာ အထောက်အပံ့ဖြစ်စေတာမို့ သက်ထားသူဇာတစ်ယောက် ဝမ်းသာသလို ၊ ပျော်ရွှင်လို့လည်းနေပါတယ်။ ဒီအကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း သူမကိုချစ်တဲ့ ပရိသတ်ကြီးအတွက် အသိပေးထားပါတယ်။

အခုလို တဖြေးဖြေးနဲ့ သူမအတွက် အထောက်အပံ့ကောင်းတွေ ရလာတဲ့အတွက်လည်း သူမရဲ့ ပရိသတ်တွေက ဝမ်းသာနေကြပါတယ်။ သက်ထားသူဇာတစ်ယောက်ဒီထက် အောင်ပွဲတွေကို မြန်မာနိုင်ငံအတွက် ဆောင်ယူပေးနိုင်မယ်လို့လည်း အားလုံး
က မျှော်လင့်နေကြပါတယ်။

Writer- SMT(Shwe Yaung Lan)