Unicode
ရည်းစားဟောင်းဖြစ်သူလက်ဒဏ်ရာသည် ကားမှောက်ထားလို့ရသည့်ဒဏ်ရာဖြစ်ကြောင်းရှင်းပြလိုက်သည့် နေဒွေး
လက်တလောနာမည်ကြီးနေတဲ့ တက်သစ်စ မော်ဒယ် သံစဉ်မောင်နှင့် နေဒွေးတို့ သတင်းတွေကတော့ ပရိတ်သတ် တော်တော်များများစိတ်ဝင်စားလျက်ရှိနေတာပဲ ဖြစ်ပါတယ်
နေဒွေးမှ ရည်းစားဟောင်းဖြစ်သူ ကို ရိုက်နှပ်ထားပြီး လက်က ၄ ခါလောက် ခွဲစိတ်တာတောင် အကောင်းအတိုင်းမဖြစ်တော့ကြောင်း သံစဉ်မောင် ကယခုလို ပြောကြားထားပေမယ့်
ရည်းစားဟောင်းဖြစ်သူ နေဒွေးကတော့ အဆိုပါ လက်က ဒဏ် ရာမှာ ကားမှောက်ထားလို့ ရထားတဲ့ ဒဏ်ရာဖြစ်ပြီး နေဒွေးကိုယ်တိုင် ဆေးကုထားပေး တာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်
၂၀၁၆ ခုနစ်ခန့်က တောင်ကြီးအဆင်းတွင် ကားမှောက်ထားပြီး OSC ဆေးရုံမှာ ကုသပေး ထားတဲ့ အထောက်အထားတွေအကုန်ရှိကြောင်းပြောကြားလိုက်ပါတယ်
ယခုလက်ရှိတွင် နေဒွေးကိုရည်းစားဟောင်းဖြစ်သူ မော်ဒယ် သံစဉ်မောင်မှ တရားစွဲ ရန် ပြင်ဆင်ထားကြောင်းလည်းသိရပါတယ်
ပရိတ်သတ် တော်တော်များများကတော့ သံစဉ်မောင် အတွက် စိတ်မကောင်းဖြစ်နေကြပြီး နောက်ထပ် ဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ပရိတ်သတ် ကြီး တို့ရဲ့ အမြင်လေးတွေလည်းပြောပြပေးသွားကြပါအုံးနော်