နေေ ဒွးကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်လာသူဖြစ်ပြီး နာမည်ကြီးမော်လ်ဒယ်သရုပ်ဆောင် ဘေဘီမောင်ရဲ့ညီမဖြစ်သူ တက်သစ်စမော်ဒယ်လ် သံဇဉ်မောင်နဲ့ မေတ္တာမျှခဲ့သူပါ။







Unicode

သံစဉ်မောင် က အကောင့်ဟက်ဖို့ကြိုးစားနေသူတွေကို ဝဋ်ကြွေးရှိသမျှဆပ်မှာပါလို့ ထုတ်ပြော

နေဒွေးကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်လာသူဖြစ်ပြီး နာမည်ကြီးမော်လ်ဒယ်သရုပ်ဆောင် ဘေဘီမောင်ရဲ့ညီမဖြစ်သူ တက်သစ်စမော်ဒယ်လ် သံဇဉ်မောင်နဲ့ မေတ္တာမျှခဲ့သူပါ။

သူတို့အချစ်ရေး သာယာဖြောင့်ဖြူးတယ်လို့ပရိသတ်တွေက ထင်ခဲ့ကြပေမယ့်လည်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ သရုပ်ဆောင်မင်းခန့်ကျော်နဲ့ ငွေကြေးပြသာနာ အချို့အပြီးမှာတော့ သံဇဉ်မောင်က သူတို့ရဲ့အတွင်းရေးအချို့ကိုဖွင့်ချခဲ့တာပါ။

နေဒွေးကို ချစ်သူများပြီး သစ္စာမရှိသူတစ်ယောက်အဖြစ် သက်သေတွေနဲ့တကွ ပရိသတ်ကိုချပြခဲ့တာဖြစ်ပြီး နေဒွေးကလည်း သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ အကြောင်းအရာတချို့ကိုချပြခဲ့တာပါ။ပရိသတ်တွေမသိသေးတဲ့ ချစ်သူနှစ်ဦးကြားက အကြောင်းအရာတွေကြောင့် ပရိသတ်တွေ များစွာအံ့အားသင့်ခဲ့ရတာဖြစ်ပြီး ပွဲဆူနေခဲ့တာပါ။

လတ်တလောမှာတော့ ချစ်သူနှစ်ဦးကြားက ဓာတ်ပုံတစ်ချို့လိုင်းပေါ်မှာပျံ့နှံ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုခံနေရတဲ့အပြင် ဒီနေ့မှာတော့ အကောင့်ဟက်ဖို့ကြိုးစားနေတဲ့သူတွေရှိတယ်လို့ သံစဉ်မောင်က ရေးသားခဲ့တာပါ။

“အကောင့်ဟက်ပြီး ထပ်ယုတ်မာချင်တာလား … အဲ့လောက်လွယ်လား…ဟက်ခိုင်းတဲ့သူရော ဟက်တဲ့သူရောရဲ့မျက်နှာလေးတွေကို ဒီကလည်းသေချာကြည့်ပြီး မေတ္တာတွေပို့ပေးနေပါတယ်နော်… အဲ့လောက်ထိပူလောင်နာကျင်ပြီးတာတောင် ထပ်ဒုက္ခပေးချင်သူတွေ ကျန်းမာပါစေ ချမ်းသာပါစေ အေးချမ်းပါစေ အစစအရာရာအဆင်ပြေကြပါစေနော်လို့…ဝဋ်ကြွေးရှိအကုန်ဆပ်မှာပါ သိလား” လို့ရေးသားခဲ့တာပါ။

သံစဉ်မောင်ရဲ့ဖခင်ကတော့ သမီးဖြစ်သူဒုက္ခရောက်နေတဲ့အချိန်မှာ ဘုရား၊တရားလုပ်ဖို့ အဓိကထားပြောကြားခဲ့တာဖြစ်ပြီး သမီးဖြစ်သူရဲ့အပူတွေကိုသက်သာစေဖို့ဖျောင်းဖျခဲ့သူပါ။

သံစဉ်မောင်ကလည်း ဖခင်ရဲ့စကားအတိုင်း တိုက်ခိုက်သူတွေကို မေတ္တာပဲထားပြီး ဝဋ်ကြွေးရှိသမျှအကုန်ဆပ်မယ်လို့ စဉ်းစားခဲ့တာဖြစ်ပါတယ်။သူများဒုက္ခရောက်နေတဲ့အချိန်မှာ ထပ်ပြီးတိုက်ခိုက်ဖို့ ကြိုးစားကြတာတော့ မဖြစ်သင့်ဘူးထင်ပါနော် ပရိသတ်ကြီးရေ..