ေ ရးတတ္သလို ေရးထားခဲ့တဲ့ သူ႔စာမွာ ေဆး႐ုံဝန္ထမ္းေတြအေပၚ အေကာင္းျမင္စိတ္ေတြေတြ႕ရမယ္..ကုန္းေကာက္စရာမရွိေလာက္ေအာင္ ဆင္းရဲတဲ့ သူ႔ရဲ႕ ဘဝအေျခအေနကိုပါ ျမင္ရမယ္….

ဒါဟာ သူတစ္ေယာက္တည္းရဲ႕ ဘဝအေျခအေနဆိုတာထက္ ရခိုင္အမ်ားစုရဲ႕ အေျခအေနကိုပါ ေဖာ္ျပေနသလိုလို.. ဒီစာရဲ႕ ေနာက္ကြယ္မွာ အရွည္ၾကည့္ရင္ ၾကည့္သေလာက္ ေတြးစရာေတြေတာ့ အမ်ားႀကီးပါပဲ…

ခုေလာေလာဆယ္ေတာ့ စာကို သိမ္းထား႐ုံပဲ တတ္ႏိုင္ေတာ့တယ္….( ခလုတ္တိုက္တယ္ ေရးတာကို ဖားျပဳတ္ကိုက္တယ္.. တ႐ုတ္႐ိုက္တယ္ ထင္ေနသူေတြ အတြက္ edit…

Fb မွာ အလုပ္ကိစၥေတြ ၊ စိတ္ညစ္ညဴးစရာေတြ ၊ အေျဖရွာရခက္တဲ့ ျပႆနာေတြကို ေရးခဲ ေျပာခဲပါတယ္….မေန႔က တင္လိုက္တဲ့ လူနာတစ္ေယာက္ရဲ႕စာဟာ သိမ္းထားတာ ႏွစ္ဝက္မက ၾကာပါၿပီ….

မေန႔က စစ္ေတြကို ေရာက္တုန္း ေဘာ္ဒါတစ္ေယာက္ကို အဲဒီစာကိုျပျဖစ္ၿပီး ဆင္းရဲမြဲေတမႈအေၾကာင္းကို စကားစပ္မိရာက တင္ျဖစ္သြားတာ ျဖစ္ပါတယ္…..

ဒီလူနာဟာ ေဆး႐ုံကို ႀကိမ္ဖန္မ်ားစြာ တက္ေနရၿပီး ေဆး႐ုံကလည္း သူ႔ဆင္းရဲမႈကို သိရွိၿပီးျဖစ္တယ္..

ဒါေၾကာင့္လည္း သူ႔အတြက္ ေဆးဖိုးဝါးခမွန္သမွ်ဟာ တစ္ျပားမွ မကုန္႐ုံတင္မကပဲ ေဆး႐ုံမွာ အခမဲ့ မရႏိုင္တဲ့ ေဆးေတြကိုပါ ဆရာႀကီး TMO နဲ႔ ေဆး႐ုံရဲ႕ ရံပုံေငြကေန စိုက္ထုတ္က်ခံထားတာ ျဖစ္တယ္….

ဒါေပမယ့္ သူ႔ရဲ႕ စားဝတ္ေနေရး၊ သူ႔ လူနာေစာင့္ေတြရဲ႕ စားဝတ္ေနေရး ၊ သူ႔ရဲ႕ ေနာက္ခံအေျခအေနေတြကပဲ ဒီအျဖစ္မ်ိဳးကို ႀကဳံေစခဲ့တယ္….ဒီလိုမ်ိဳး အျဖစ္ေတြဟာ ကြၽန္ေတာ္တို႔ဆီမွာ မႀကဳံခ်င္မွအဆုံး အမ်ားႀကီးပါပဲ….

လူေတာ္ေတာ္မ်ားမ်ားက ေဆး႐ုံတက္လူနာ ပိုက္ဆံမရွိဘူးဆိုရင္ ေဆးဖိုးကိုပဲ ေျပးတြက္ၾကတာမ်ားတယ္….

စဥ္းစားဖို႔ပါ…..ဒီလိုမ်ိဳးေတြ ေရးလည္းမေရးခ်င္၊ ေျပာလည္း မေျပာခ်င္ပါဘူး….လူနာေတြ ေသဆုံးရင္ ဆရာဝန္ေတြ ျဖည့္ရတဲ့ ေသဆုံးရသည့္ အေၾကာင္းရင္းဆိုတာ ရွိတယ္….

ကြၽန္ေတာ္ကေတာ့ ေသဆုံးရသည့္ အေၾကာင္းရင္းကို ျဖည့္ရတဲ့အခါတိုင္း ေသဆုံးရသည့္ အေၾကာင္းအရင္းမွာ – severe poverty with , underlying illiteracy ( အလြန္အမင္း ဆင္းရဲမြဲေတမႈ၊ စာမတတ္ေျမာက္မႈ ) လို႔ ျဖည့္ခ်င္ပါေတာ့တယ္… )….။

Saw Min Aung

Unicode

ေ ရးတတ်သလို ရေးထားခဲ့တဲ့ သူ့စာမှာ ဆေးရုံဝန်ထမ်းတွေအပေါ် အကောင်းမြင်စိတ်တွေတွေ့ရမယ်..ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲတဲ့ သူ့ရဲ့ ဘဝအခြေအနေကိုပါ မြင်ရမယ်….

ဒါဟာ သူတစ်ယောက်တည်းရဲ့ ဘဝအခြေအနေဆိုတာထက် ရခိုင်အများစုရဲ့ အခြေအနေကိုပါ ဖော်ပြနေသလိုလို.. ဒီစာရဲ့ နောက်ကွယ်မှာ အရှည်ကြည့်ရင် ကြည့်သလောက် တွေးစရာတွေတော့ အများကြီးပါပဲ…

ခုလောလောဆယ်တော့ စာကို သိမ်းထားရုံပဲ တတ်နိုင်တော့တယ်….( ခလုတ်တိုက်တယ် ရေးတာကို ဖားပြုတ်ကိုက်တယ်.. တရုတ်ရိုက်တယ် ထင်နေသူတွေ အတွက် edit…

Fb မှာ အလုပ်ကိစ္စတွေ ၊ စိတ်ညစ်ညူးစရာတွေ ၊ အဖြေရှာရခက်တဲ့ ပြဿနာတွေကို ရေးခဲ ပြောခဲပါတယ်….မနေ့က တင်လိုက်တဲ့ လူနာတစ်ယောက်ရဲ့စာဟာ သိမ်းထားတာ နှစ်ဝက်မက ကြာပါပြီ….

မနေ့က စစ်တွေကို ရောက်တုန်း ဘော်ဒါတစ်ယောက်ကို အဲဒီစာကိုပြဖြစ်ပြီး ဆင်းရဲမွဲတေမှုအကြောင်းကို စကားစပ်မိရာက တင်ဖြစ်သွားတာ ဖြစ်ပါတယ်…..

ဒီလူနာဟာ ဆေးရုံကို ကြိမ်ဖန်များစွာ တက်နေရပြီး ဆေးရုံကလည်း သူ့ဆင်းရဲမှုကို သိရှိပြီးဖြစ်တယ်..

ဒါကြောင့်လည်း သူ့အတွက် ဆေးဖိုးဝါးခမှန်သမျှဟာ တစ်ပြားမှ မကုန်ရုံတင်မကပဲ ဆေးရုံမှာ အခမဲ့ မရနိုင်တဲ့ ဆေးတွေကိုပါ ဆရာကြီး TMO နဲ့ ဆေးရုံရဲ့ ရံပုံငွေကနေ စိုက်ထုတ်ကျခံထားတာ ဖြစ်တယ်….

ဒါပေမယ့် သူ့ရဲ့ စားဝတ်နေရေး၊ သူ့ လူနာစောင့်တွေရဲ့ စားဝတ်နေရေး ၊ သူ့ရဲ့ နောက်ခံအခြေအနေတွေကပဲ ဒီအဖြစ်မျိုးကို ကြုံစေခဲ့တယ်….ဒီလိုမျိုး အဖြစ်တွေဟာ ကျွန်တော်တို့ဆီမှာ မကြုံချင်မှအဆုံး အများကြီးပါပဲ….

လူတော်တော်များများက ဆေးရုံတက်လူနာ ပိုက်ဆံမရှိဘူးဆိုရင် ဆေးဖိုးကိုပဲ ပြေးတွက်ကြတာများတယ်….

စဉ်းစားဖို့ပါ…..ဒီလိုမျိုးတွေ ရေးလည်းမရေးချင်၊ ပြောလည်း မပြောချင်ပါဘူး….လူနာတွေ သေဆုံးရင် ဆရာဝန်တွေ ဖြည့်ရတဲ့ သေဆုံးရသည့် အကြောင်းရင်းဆိုတာ ရှိတယ်….

ကျွန်တော်ကတော့ သေဆုံးရသည့် အကြောင်းရင်းကို ဖြည့်ရတဲ့အခါတိုင်း သေဆုံးရသည့် အကြောင်းအရင်းမှာ – severe poverty with , underlying illiteracy ( အလွန်အမင်း ဆင်းရဲမွဲတေမှု၊ စာမတတ်မြောက်မှု ) လို့ ဖြည့်ချင်ပါတော့တယ်… )….။

Saw Min Aung