




Credit Shwe Yaung Lan
Video- Cele Connection

UNICODE

ဗီဒီယိုဖိုင်ကို အောက်မှာ ထည့်ပေးထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ကကွက်တွေနဲ့ တဖြေးဖြေး နာမည်ရလာခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ မကြာခင်မှာ ရန်ကုန်မြို့မှာ သိန်းထောင်ချီတဲ့ အိမ်တစ်လုံးကို ဝယ်နိုင်တော့မယ်လို့ သိရပါတယ်။ သူမဟာ ပေါချာချာ လို့ ထင်ရပေမယ့် ရိုးသားတဲ့ ဟန်ပန်အမှုအရာကတော့ ဖြူဖြူထွေးရဲ့ အမှတ်တံဆိပ်လို့တောင် ဆိုနိုင်ပါတယ်။

အမြဲတမ်းလိုလို ပရိသတ်တွေကို ပြုံးရယ်အောင်လုပ်သလို သူ့အနေနဲ့လည်း ဟိတ်ဟန်မရှိတာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်သူတစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင် လက်ရှိမှာ ပွဲတွေကိုလိုက်နေသလို ၊ ကြေငြာ ၊ ဖိုတိုရှုတင်တွေကနေလည်း အခကြေးငွေတွေများစွာရပြီးတော့ စုဆောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုလည်းဖြူဖြူထွေးက

(မကြာခင်မှာ ရန်ကုန်မှာ အိမ်ဝယ်တော့မှာပါ။ လူတွေက မသိကြလို့ပါ အိမ်ငှားနေရတာကလည်း တဖြေးဖြေးနဲ့ အိမ်တစ်လုံးဖိုးလောက်ဖြစ်လာတာပါပဲ။ ဒါကြောင့် အိမ်ဝယ်ဖို့အခုလိုက်ရှာနေပါတယ်။ ဝယ်ဖြစ်ရင်တော့ ဘဏ်နဲ့ချိတ်ဝယ်မှာ ပါလို့ သူမက ဆိုပါတယ်။

သူမအနေနဲ့ အနုပညာကြေးတွေကို ဖုန်းဘေနဲ့ အဝတ်အစား မိတ်ကပ်ဖိုးသာ သုံးပြီးတော့ ကျန်တာအကုန်လုံးကို ဘဏ်မှာ စုတယ်လို့လည်း သူမက ငွေစုပုံကို ပြောပြလာပါတယ်။ ဒါကြောင့် ဖြူုဖြူထွေးပရိသတ်ကြီးလည်း ဝမ်းသာရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Credit Shwe Yaung Lan
Video- Cele Connection