



Credit Shwe Yaung Lan

UNICODE

Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ်

ပွင့်နဒီမောင်ဟာ ဝါရင့်အနုပညာရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်….စိတ်ထားကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက လက်ခံအားပေးကြပါတယ်…ယခုနောက်ပိုင်း MRTV-4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လာပြီး သူမြတ်နိုးတဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေသူပါ လတ်တလောမှာ ပွင့်နဒီမောင်ဟာ Myanmar Idol Season 4 ပြိုင်ပွဲဝင် အေးမြဖြူကို မကြိုက်ဘူးဆိုပြီး ဝေဖန်ထားတဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေတာပါ….ဒီလိုသတင်းတွေ ပြန့်လာတာကြောင့် အင်တာဗျူးတစ်ခုကနေ ပွင့်နဒီမောင်က ယခုလို ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်

အားလုံးကို အမှန်တရားသိစေချင်တာကြောင့် မီဒီယာတွေကို ဖြေဆိုဖို့ လာခဲ့တာပါဆိုပြီး ပွင့်နဒီမောင်က ဆိုပါတယ်…..အေးမြဖြူကိုကြိုက်လဲမကြိုက်ဘူးကြည့်လဲမကြည့်ရဘူး လာဆဲတဲ့လူတွေကိုလဲတရားဆွဲမယ်ဆိုတဲ့ပို့စ်ကို အနီရောင်ပရိုဖိုင်ပုံနဲ့ တင်ထားတာဟာ သူ့အကောင့်မဟုတ်ဘူးလို့ သူကပြောပါတယ်…. ဒါဟာ အကောင့်အတုဖြစ်ပြီး အဆိုပါအကောင့်တုကနေတစ်ဆင့် ယခုပြောတယ်ဆိုပြီး သတင်းတွေ ပြန့်နှံ့ခဲ့တာလို့ ဆိုပါတယ်….. ဒီလိုမျိုးအကောင့်အတုက တင်ခဲ့တာနဲ့ ပတ်သက်ပြီး မိမိတင်တာမဟုတ်ကြောင်းကို ညီမလေး အေးမြဖြူနဲ့ အေးမြဖြူကိုချစ်တဲ့ ပရိသတ်တွေအားလုံး အမှန်တရားကို သိစေချင်လို့ ခုလိုရှင်းပြတာပါလို့ ပွင့်နဒီမောင်က ဆိုခဲ့ပါတယ်

မိမိရဲ့ အကောင့်အစစ်ကိုလည်း မီဒီယာတွေက သိကြပြီး ယခုလို အေးမြဖြူကိုဝေဖန်တဲ့အကြောင်းရေးခဲ့တဲ့သူဟာ အကောင့်အတုသာဖြစ်ကြောင်း အားလုံးကို သိစေချင်တယ်လို့ ပွင့်နဒီမောင်က ရှင်းပြခဲ့ပါတယ်ကဲ…ပရိသတ်ကြီးရေ အေးမြဖြူကို မကြိုက်ဘူးလို့ဝေဖန်ခဲ့တာဟာ ပွင့်နဒီမောင်နာမည်နဲ့ ပြုလုပ်ထားတဲ့ အကောင့်အတုသာဖြစ်တယ်ဆိုတာ ပရိသတ်ကြီးတို့လည်း ခုလောက်ဆို သိလောက်ပါပြီနော်….ပွင့်နဒီမောင်ကိုယ်တိုင်ရှင်းပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Credit Shwe Yaung Lan
Video Source : Cele Connections