ကီြး သန္းတို႔ဘီးလင္းကိုအသြား ေဝါေရာက္ေတာ့ ၿမိဳ႕ဝင္ေၾကးေဆာင္တဲ့ဂိတ္မွာ ကားေတြတန္းစီေနရတယ္.. ၾကည့္လိုက္ေတာ့ ယဥ္ေၾကာတစ္ေၾကာကို ပိတ္ထားၿပီး တစ္ေၾကာပဲဖြင့္ေပးထားေတာ့ ကားေတြတန္းစီေနရတာေပါ့.. ကီြးသန္းရဲ႕အလွည့္ေရာက္ေတာ့ မင္းတို႔ကြာ ယာဥ္ေၾကာႏွစ္ေၾကာ႐ွိတာ တစ္ေၾကာကိုပိတ္ၿပီး ေကာက္ေတာ့ ကားေတြတန္းစီေနရၿပီ.. အခ်ိန္ေတြၾက့ံၾကာကုန္ၿပီလို႔ ကီြးသန္းကေျပာေတာ့ ေငြေကာက္တဲ့ခ်ာတိတ္ကျပန္ေျပာတယ္ ဒါ VIP လမ္းေၾကာတဲ့…

ကီြး သန္းကျပန္ေျပာလိုက္တယ္ လမ္းပိတ္ထားၿပီး VIP လမ္းေၾကာလို႔ ဘယ္သူက သတ္မွတ္တာလဲဆိုေတာ့ ေနာက္တစ္ေယာက္က ဝင္ေျပာတယ္ “က်ဳပ္တို႔က ခြင့္ျပဳခ်က္နဲ႔ ပိတ္ထားတာ” တဲ့ ဘယ္သူ႔ခြင့္ျပဳခ်က္လဲ ျပန္ေမးေတာ့ “ေရႊသံလြင္ဂိတ္မွာ ပိတ္ထားတာက်ေတာ့ ဘယ္ေကာင္မွ မေျပာရဲ႕ဘူး” လို႔ ကီြးသန္းကိုျပန္ေျပာပါေလေရာ…

ကီြးသန္းလဲ ေဒါသေတြထြက္ေနၿပီ သူတို႔ေျပာတဲ့ ေရႊသံလြင္တိုးဂိတ္(ေဝါ)က လမ္း ၃လမ္းဖြင့္ေပးထားတာ သူတို႔လို မပိတ္ထားဘူးေလ.. အဲ့အခ်ိန္မွာ ေနာက္က ကားေတြက ဟြန္းေတြတီးေနၾကေလရဲ႕ ေနာက္ကကားေတြကိုအားနာၿပီး ကီြးသန္းကားကိုေမာင္းထြက္သြားလိုက္တယ္.. အျပန္က်မွ ဓာတ္ဖမ္းၿပီး လိုင္းေပၚတင္မယ္…

ကီြးသန္းတို႔ျပန္လာၾကၿပီ ေဝါျပန္ေရာက္ေတာ့ အဲ့ဒီလမ္းပိတ္ထားတဲ့ ေနရာကို ဓာတ္ဖမ္းတယ္.. ၿပီးေတာ့ ၿမိဳ႕ဝင္ေၾကး ၂၀၀ေပးၿပီး ဂိတ္ကိုလဲ ဓာတ္ဖမ္းတယ္.. ဂိတ္ကို ဓာတ္ဖမ္းေတာ့ ခ်ာတိတ္တစ္ေယာက္က လွမ္းေအာ္တယ္ ဓာတ္ပံု႐ိုက္လို႔မရဘူးတဲ့ေလ.. ကီြးသန္းလဲ ကားကိုမလွမ္းမကမ္းမွာ ထိုးရပ္လိုက္တယ္.. (ဆက္ေမာင္းသြားလို႔ရတယ္မေမာင္းဘူး)

ကားေပၚကဆင္းၿပီး အဲ့ခ်ာတိတ္စီသြားၿပီး ဓာတ္ပံုမ႐ိုက္ရဘူးလို႔ ဘယ္သူကအမိန္႔ထုတ္ထားလဲလို႔ ကီြးသန္းေမးလိုက္တယ္.. ခ်ာတိတ္က ႐ိုက္ထားတဲ့ပံုကို ဖ်က္ေပးပါတဲ့ မဖ်က္ႏိုင္ဘူးကြာေပါ့…

အဲ့အခ်ိန္မွာ တာဝန္ခံလို႔ယူဆရတဲ့ အသက္ ၄၀ေက်ာ္ အမ်ိဳးသမီးနဲ႔ အမ်ိဳးသား ၅ေယာက္ ကီြးသန္းစီလာၾကၿပီး အမ်ိဳးသမီးက ကီြးသန္းကိုေမးတယ္.. ဘာကိစၥနဲ႔ ဓာတ္ပံုရတာလဲတဲ့ က်ဳပ္ခရီးသြားမွတ္တမ္း႐ိုက္တာ စစ္ေတာင္းတံတားလဲ႐ိုက္တယ္ ဘာျဖစ္လို႔လဲလို႔ ျပန္ေမးေတာ့ အဲ့ဒီလူနဲ႔ အဲ့ဒီကား ေန႔လယ္ကလဲ ျပသနာ႐ွာသြားတယ္လို႔ ပါးစပ္ကေျပာၿပီး ကီြးသန္းကားကိုလဲ ဓာတ္ဖမ္း ကီြးသန္းကိုလဲ ဓာတ္ဖမ္း ေပါ့…

ကီြးသန္းကလဲ ႐ိုက္ေပါ့ လို႔ေျပာၿပီး ေနပါအံုး က်ဳပ္ဓာတ္ပံု႐ိုက္တာ ဘာအျပစ္႐ွိလဲ ခင္ဗ်ားတို႔ ဂိတ္ကို ဓာတ္ပံုမ႐ိုက္ရဘူးလို႔ တားျမစ္ခ်က္ ထုတ္ျပန္ထားသလားလို႔ ျပန္ေမးေတာ့ အမ်ိဳးသားတစ္ေယာက္ကဝင္ေျပာတယ္ ကြၽန္ေတာ္တို႔က လိုင္းေပၚတက္လာရင္ ေျဖ႐ွင္းရမွာ ေၾကာက္လို႔ပါတဲ့ အကိုသြားလို႔ရပါၿပီတဲ့ေလ…

အဲ့ေတာ့ ကီြးသန္းကလဲ ေအး မင္းတို႔ေျဖ႐ွင္းဖို႔ျပင္ထားၾကေပါ့လို႔ ေျပာၿပီး ခရီးဆက္လိုက္တယ္…

ဟုတ္ၿပီ ဆိုလိုခ်င္တာက ႏိုင္ငံေတာ္က ေငြကုန္ေၾကးက်ခံ ေဖာက္လုပ္ထားၿပီး အမ်ားျပည္သူ သြားလာေနတဲ့ ၂လမ္းသြားယာဥ္ေၾကာကို အသြားတစ္ေၾကာပိတ္ အျပန္တစ္ေၾကာပိတ္ၿပီး ၿမိဳ႕ဝင္ေၾကးေကာက္ခံေနတာကို မည္သူက ခြင့္ျပဳထားပါသနည္း.. ပိတ္ဆို႔ထားတဲ့ယာဥ္ေၾကာႏွစ္ခုဟာ VIP ယာဥ္ေၾကာပါလို႔ မည္သူက သတ္မွတ္ေပးထားပါသနည္း…

သက္ဆိုင္ရာမွတာဝန္ရိွသူမ်ား သိရိွၾကပါေစ…

IP ကြမ္းသီး

Credit – Blacker

Unicode

ကွီး သန်းတို့ဘီးလင်းကိုအသွား ဝေါရောက်တော့ မြို့ဝင်ကြေးဆောင်တဲ့ဂိတ်မှာ ကားတွေတန်းစီနေရတယ်.. ကြည့်လိုက်တော့ ယဉ်ကြောတစ်ကြောကို ပိတ်ထားပြီး တစ်ကြောပဲဖွင့်ပေးထားတော့ ကားတွေတန်းစီနေရတာပေါ့.. ကွီးသန်းရဲ့အလှည့်ရောက်တော့ မင်းတို့ကွာ ယာဉ်ကြောနှစ်ကြောရှိတာ တစ်ကြောကိုပိတ်ပြီး ကောက်တော့ ကားတွေတန်းစီနေရပြီ.. အချိန်တွေကြ့ံကြာကုန်ပြီလို့ ကွီးသန်းကပြောတော့ ငွေကောက်တဲ့ချာတိတ်ကပြန်ပြောတယ် ဒါ VIP လမ်းကြောတဲ့…

ကွီး သန်းကပြန်ပြောလိုက်တယ် လမ်းပိတ်ထားပြီး VIP လမ်းကြောလို့ ဘယ်သူက သတ်မှတ်တာလဲဆိုတော့ နောက်တစ်ယောက်က ဝင်ပြောတယ် “ကျုပ်တို့က ခွင့်ပြုချက်နဲ့ ပိတ်ထားတာ” တဲ့ ဘယ်သူ့ခွင့်ပြုချက်လဲ ပြန်မေးတော့ “ရွှေသံလွင်ဂိတ်မှာ ပိတ်ထားတာကျတော့ ဘယ်ကောင်မှ မပြောရဲ့ဘူး” လို့ ကွီးသန်းကိုပြန်ပြောပါလေရော…

ကွီးသန်းလဲ ဒေါသတွေထွက်နေပြီ သူတို့ပြောတဲ့ ရွှေသံလွင်တိုးဂိတ်(ဝေါ)က လမ်း ၃လမ်းဖွင့်ပေးထားတာ သူတို့လို မပိတ်ထားဘူးလေ.. အဲ့အချိန်မှာ နောက်က ကားတွေက ဟွန်းတွေတီးနေကြလေရဲ့ နောက်ကကားတွေကိုအားနာပြီး ကွီးသန်းကားကိုမောင်းထွက်သွားလိုက်တယ်.. အပြန်ကျမှ ဓာတ်ဖမ်းပြီး လိုင်းပေါ်တင်မယ်…

ကွီးသန်းတို့ပြန်လာကြပြီ ဝေါပြန်ရောက်တော့ အဲ့ဒီလမ်းပိတ်ထားတဲ့ နေရာကို ဓာတ်ဖမ်းတယ်.. ပြီးတော့ မြို့ဝင်ကြေး ၂ဝဝပေးပြီး ဂိတ်ကိုလဲ ဓာတ်ဖမ်းတယ်.. ဂိတ်ကို ဓာတ်ဖမ်းတော့ ချာတိတ်တစ်ယောက်က လှမ်းအော်တယ် ဓာတ်ပုံရိုက်လို့မရဘူးတဲ့လေ.. ကွီးသန်းလဲ ကားကိုမလှမ်းမကမ်းမှာ ထိုးရပ်လိုက်တယ်.. (ဆက်မောင်းသွားလို့ရတယ်မမောင်းဘူး)

ကားပေါ်ကဆင်းပြီး အဲ့ချာတိတ်စီသွားပြီး ဓာတ်ပုံမရိုက်ရဘူးလို့ ဘယ်သူကအမိန့်ထုတ်ထားလဲလို့ ကွီးသန်းမေးလိုက်တယ်.. ချာတိတ်က ရိုက်ထားတဲ့ပုံကို ဖျက်ပေးပါတဲ့ မဖျက်နိုင်ဘူးကွာပေါ့…

အဲ့အချိန်မှာ တာဝန်ခံလို့ယူဆရတဲ့ အသက် ၄ဝကျော် အမျိုးသမီးနဲ့ အမျိုးသား ၅ယောက် ကွီးသန်းစီလာကြပြီး အမျိုးသမီးက ကွီးသန်းကိုမေးတယ်.. ဘာကိစ္စနဲ့ ဓာတ်ပုံရတာလဲတဲ့ ကျုပ်ခရီးသွားမှတ်တမ်းရိုက်တာ စစ်တောင်းတံတားလဲရိုက်တယ် ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ အဲ့ဒီလူနဲ့ အဲ့ဒီကား နေ့လယ်ကလဲ ပြသနာရှာသွားတယ်လို့ ပါးစပ်ကပြောပြီး ကွီးသန်းကားကိုလဲ ဓာတ်ဖမ်း ကွီးသန်းကိုလဲ ဓာတ်ဖမ်း ပေါ့…

ကွီးသန်းကလဲ ရိုက်ပေါ့ လို့ပြောပြီး နေပါအုံး ကျုပ်ဓာတ်ပုံရိုက်တာ ဘာအပြစ်ရှိလဲ ခင်ဗျားတို့ ဂိတ်ကို ဓာတ်ပုံမရိုက်ရဘူးလို့ တားမြစ်ချက် ထုတ်ပြန်ထားသလားလို့ ပြန်မေးတော့ အမျိုးသားတစ်ယောက်ကဝင်ပြောတယ် ကျွန်တော်တို့က လိုင်းပေါ်တက်လာရင် ဖြေရှင်းရမှာ ကြောက်လို့ပါတဲ့ အကိုသွားလို့ရပါပြီတဲ့လေ…

အဲ့တော့ ကွီးသန်းကလဲ အေး မင်းတို့ဖြေရှင်းဖို့ပြင်ထားကြပေါ့လို့ ပြောပြီး ခရီးဆက်လိုက်တယ်…

ဟုတ်ပြီ ဆိုလိုချင်တာက နိုင်ငံတော်က ငွေကုန်ကြေးကျခံ ဖောက်လုပ်ထားပြီး အများပြည်သူ သွားလာနေတဲ့ ၂လမ်းသွားယာဉ်ကြောကို အသွားတစ်ကြောပိတ် အပြန်တစ်ကြောပိတ်ပြီး မြို့ဝင်ကြေးကောက်ခံနေတာကို မည်သူက ခွင့်ပြုထားပါသနည်း.. ပိတ်ဆို့ထားတဲ့ယာဉ်ကြောနှစ်ခုဟာ VIP ယာဉ်ကြောပါလို့ မည်သူက သတ်မှတ်ပေးထားပါသနည်း…

သက်ဆိုင်ရာမှတာဝန်ရှိသူများ သိရှိကြပါစေ…

IP ကွမ်းသီး

Credit – Blacker