ပုံ ကို သာမန္ပဲ ၾကည့္လိုက္မယ္ဆိုရင္ ရွမ္းျပည္နယ္က ႐ြာေလး တ႐ြာရဲ႕ ေဆာင္းေႏွာင္း ရာသီမွာ ျမဴခိုးေတြ ရစ္ဝိုင္းေနတဲ့ ပုံတပုံပဲလို႔ စာဖတ္သူတို႔ ထင္သြားႏိုင္ပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ အဲဒီ အေငြ႕ေတြဟာ သတၱဳစက္႐ုံႀကီးကေန ထုတ္လႊတ္လိုက္တဲ့ အေငြ႕ေတြပဲ ျဖစ္ပါတယ္။

ေ တာင္ႀကီးၿမိဳ႕နယ္ နမ့္ဆီးေက်း႐ြာအုပ္စုမွာ ေက်း႐ြာေပါင္း ၁၃ ႐ြာ၊ လူဦးေရ ၃၄၆၇ ဦးခန႔္ရွိေနၿပီး အဆိုပါ ေဒသအတြင္းမွာ (၁) ပင္းပက္သံမဏိစက္႐ုံႏွင့္ ပင္းပက္သံ႐ိုင္း သတၱဳတူးေဖာ္ေရး၊ (၂) ကေမာၻဇဘိလပ္ေျမစက္႐ုံ၊ (၃) ေငြကမာၻ ခေနာက္စိမ္းစက္႐ုံ စတဲ့ စက္႐ုံႀကီး ၃ ႐ုံ ရွိေနတာ ျဖစ္ပါတယ္။ အဲဒီ စက္႐ုံႀကီး ၃ ႐ုံေၾကာင့္ သဘာဝပတ္ဝန္းက်င္ေတြ ထိခိုက္မႈ ရွိေနၿပီး ေဒသခံ လူဦးေရ တေသာင္းေက်ာ္ဟာ အဲဒီဒဏ္ကို ခံစားေနရပါတယ္။

စက္႐ုံႀကီး သုံး႐ုံျဖစ္တဲ့ (၁) ပင္းပက္ သံမဏိစက္႐ုံႏွင့္ ပင္းပက္သံ႐ိုင္း သတၱဳတူးေဖာ္ေရးကို ၂၀၀၅ ခုႏွစ္မွာ စတင္ခဲ့ၿပီး အသုံးျပဳေျမ ဧရိယာမွာ ၅၁၄၄ ဒသမ ၉၆ ဧကျဖစ္ကာ နစ္နာေၾကး တစ္ဧကကို က်ပ္ငါးေထာင္ေပး ခဲ့ေပမယ့္ လည္း ေတာင္သူမ်ားမွ သေဘာမတူသျဖင့္ မယူခဲ့ေၾကာင္း၊ (၂) ကေမာၻဇဘိလပ္ေျမ စက္႐ုံကို ၂၀၀၆ ခုႏွစ္တြင္ စတင္ခဲ့ကာ အသုံးျပဳေျမဧရိယာ ၇၂၈ ဒသမ ၃၁ ဧက ရွိကာ နစ္နာေၾကး တစ္ဧကလွ်င္ က်ပ္တစ္သိန္း ေပးခဲ့ေၾကာင္း၊ (၃) ေငြကမာၻခေနာက္ စိမ္းစက္႐ုံကို၂၀၁၂ ခုႏွစ္တြင္ စတင္ျခင္းျဖစ္ၿပီး အသုံးျပဳေျမ ဧက ၅၀ ကို ေဒသခံမ်ားထံမွ ဝယ္ယူျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ယင္း စက္႐ုံႀကီး သုံး႐ုံအနက္ အမွတ္-၂ ပင္းပက္သံမဏိစက္႐ုံႀကီးသည္ လုပ္ငန္းမလည္ပတ္ ေသးေပမယ့္လည္း သဘာ၀ ပတ္ဝန္းက်င္မ်ားအေပၚ သက္ေရာက္မႈမ်ားျဖစ္တဲ့ သစ္ေတာျပဳန္းတီးျခင္း၊ ေတာေတာင္ပ်က္စီးျခင္း၊ စားက်က္ေျမမ်ား ရွားပါးျခင္း၊ ႐ြာ၏သခ်ဳႋင္းေျမကို သိမ္းဆည္းခံရသျဖင့္ ႐ြာတြင္ ဒုကၡေရာက္ရျခင္း၊ ေတာေနသတၱဝါမ်ား မ်ိဳးသုဥ္းသြားျခင္း၊ ေရေဝေရလဲ ဧရိယာ ပ်က္စီးသြားျခင္း၊ က်န္းမာေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈမ်ား အေနျဖင့္ စက္႐ုံမွ စြန႔္ပစ္ပစၥည္းႏွင့္ အနံ႔မ်ားနံျခင္း၊ စီးပြားေရး အက်ိဳးသက္ေရာက္မႈ အေနျဖင့္ ေျမယာသိမ္းဆည္းမႈ ခံရျခင္းေၾကာင့္ ထိုင္းႏွင့္ တ႐ုတ္ႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္းအလုပ္လုပ္ၾကျခင္း၊ ႀကဳံရာက်ပန္းလုပ္ျခင္းႏွင့္ စိတ္ထိခိုက္သည့္ ေဝဒနာမ်ား ခံစားရေၾကာင္း သိရပါတယ္။

ကေမာၻဇဘိလပ္ေျမ စက္႐ုံေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈေတြကေတာ့ ကုန္ကားမ်ားေၾကာင့္ ဖုန္ထူထျခင္း၊ စိုက္ပ်ိဳးေျမေပၚက်သျဖင့္ သီးႏွံပ်က္စီးျခင္း၊ က်န္းမာေရးအေနျဖင့္ စက္႐ုံအသံေၾကာင့္ ညအိပ္မရျခင္း၊ ဖုန္မႈန႔္ႏွင့္ မီးခိုးမ်ားေၾကာင့္ ေရာဂါျဖစ္ျခင္း၊ လူမႈေရးအေနျဖင့္ လြတ္လပ္စြာ သြားလာခြင့္ ပိတ္ပင္ျခင္း၊ ေနာင္ခ်ိဳ႐ြာ၏ သခ်ဳႋင္းကို တိုင္ျဖင့္ စိုက္ထူထားျခင္းတို႔ ခံစားေနရေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

ခေနာက္စိမ္းသန႔္စင္ စက္႐ုံေၾကာင့္ သဘာဝပတ္ဝန္းက်င္အေပၚ သက္ေရာက္မႈကေတာ့ စက္႐ုံမွထြက္သည့္ မီးခိုးေငြ႕မ်ားေၾကာင့္ ေလထုညစ္ညမ္းျခင္း၊ စက္႐ုံမွ စြန႔္ပစ္ပစၥည္းမ်ားေၾကာင့္ ညစ္ညမ္းျခင္း၊ က်န္းမာေရး အေနျဖင့္ စက္႐ုံ၏အသံႏွင့္ မီးခိုးမ်ားေၾကာင့္ ေခါင္းမူးျခင္း၊ ေအာ့အန္ျခင္းႏွင့္ ရင္တုန္ျခင္း စတဲ့ ေဝဒနာမ်ား ခံစားေနရေၾကာင္း ေဒသခံမ်ားက ေျပာၾကားပါတယ္။

ဒီလုိ ဘာမွန္း မသိတဲ့ အေငြ႕ေတြၾကားမွာ ရွင္သန္ေနထုိင္ၾကရတဲ့ ေဒသခံေတြ၊ ကေလးငယ္ေတြရဲ႕ က်န္းမာေရးဟာ ေနာင္တခ်ိန္မွာ ဘယ္ေလာက္ ထိေတာင္ ဆုိးရြားႏုိင္မလဲဆုိတာ ဘယ္သူမွ မသိၾကပါဘူး။ လူတခ်ဳိ႕ရဲ႕ ေလာဘတက္မႈေၾကာင့္ သဘာဝပတ္ဝန္းက်င္နဲ႔ ေဒသခံလူေတြ ဘယ္ေလာက္ထိ ခံစားေနရတယ္ဆုိတာကုိ ပံုေတြက သက္ေသျပေနပါတယ္။ အခုလုိ ေဒသခံေတြ ခံစားေနရတဲ့ အေပၚ တာဝန္ရွိသူေတြ သိရွိေအာင္ ဒီေနရာကေန ေဖာ္ျပလုိက္ရပါတယ္ ခင္ဗ်ာ။

Credit – Blacker

Unicode

ပုံ ကို သာမန်ပဲ ကြည့်လိုက်မယ်ဆိုရင် ရှမ်းပြည်နယ်က ရွာလေး တရွာရဲ့ ဆောင်းနှောင်း ရာသီမှာ မြူခိုးတွေ ရစ်ဝိုင်းနေတဲ့ ပုံတပုံပဲလို့ စာဖတ်သူတို့ ထင်သွားနိုင်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အဲဒီ အငွေ့တွေဟာ သတ္တုစက်ရုံကြီးကနေ ထုတ်လွှတ်လိုက်တဲ့ အငွေ့တွေပဲ ဖြစ်ပါတယ်။

ေ တာင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၃ ရွာ၊ လူဦးရေ ၃၄၆၇ ဦးခန့်ရှိနေပြီး အဆိုပါ ဒေသအတွင်းမှာ (၁) ပင်းပက်သံမဏိစက်ရုံနှင့် ပင်းပက်သံရိုင်း သတ္တုတူးဖော်ရေး၊ (၂) ကမ္ဘောဇဘိလပ်မြေစက်ရုံ၊ (၃) ငွေကမ္ဘာ ခနောက်စိမ်းစက်ရုံ စတဲ့ စက်ရုံကြီး ၃ ရုံ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ စက်ရုံကြီး ၃ ရုံကြောင့် သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မှု ရှိနေပြီး ဒေသခံ လူဦးရေ တသောင်းကျော်ဟာ အဲဒီဒဏ်ကို ခံစားနေရပါတယ်။

စက်ရုံကြီး သုံးရုံဖြစ်တဲ့ (၁) ပင်းပက် သံမဏိစက်ရုံနှင့် ပင်းပက်သံရိုင်း သတ္တုတူးဖော်ရေးကို ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပြီး အသုံးပြုမြေ ဧရိယာမှာ ၅၁၄၄ ဒသမ ၉၆ ဧကဖြစ်ကာ နစ်နာကြေး တစ်ဧကကို ကျပ်ငါးထောင်ပေး ခဲ့ပေမယ့် လည်း တောင်သူများမှ သဘောမတူသဖြင့် မယူခဲ့ကြောင်း၊ (၂) ကမ္ဘောဇဘိလပ်မြေ စက်ရုံကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ကာ အသုံးပြုမြေဧရိယာ ၇၂၈ ဒသမ ၃၁ ဧက ရှိကာ နစ်နာကြေး တစ်ဧကလျှင် ကျပ်တစ်သိန်း ပေးခဲ့ကြောင်း၊ (၃) ငွေကမ္ဘာခနောက် စိမ်းစက်ရုံကို၂၀၁၂ ခုနှစ်တွင် စတင်ခြင်းဖြစ်ပြီး အသုံးပြုမြေ ဧက ၅၀ ကို ဒေသခံများထံမှ ဝယ်ယူခြင်းဖြစ်ကြောင်း သိရပါတယ်။

ယင်း စက်ရုံကြီး သုံးရုံအနက် အမှတ်-၂ ပင်းပက်သံမဏိစက်ရုံကြီးသည် လုပ်ငန်းမလည်ပတ် သေးပေမယ့်လည်း သဘာဝ ပတ်ဝန်းကျင်များအပေါ် သက်ရောက်မှုများဖြစ်တဲ့ သစ်တောပြုန်းတီးခြင်း၊ တောတောင်ပျက်စီးခြင်း၊ စားကျက်မြေများ ရှားပါးခြင်း၊ ရွာ၏သချုႋင်းမြေကို သိမ်းဆည်းခံရသဖြင့် ရွာတွင် ဒုက္ခရောက်ရခြင်း၊ တောနေသတ္တဝါများ မျိုးသုဉ်းသွားခြင်း၊ ရေဝေရေလဲ ဧရိယာ ပျက်စီးသွားခြင်း၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ အနေဖြင့် စက်ရုံမှ စွန့်ပစ်ပစ္စည်းနှင့် အနံ့များနံခြင်း၊ စီးပွားရေး အကျိုးသက်ရောက်မှု အနေဖြင့် မြေယာသိမ်းဆည်းမှု ခံရခြင်းကြောင့် ထိုင်းနှင့် တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြခြင်း၊ ကြုံရာကျပန်းလုပ်ခြင်းနှင့် စိတ်ထိခိုက်သည့် ဝေဒနာများ ခံစားရကြောင်း သိရပါတယ်။

ကမ္ဘောဇဘိလပ်မြေ စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကတော့ ကုန်ကားများကြောင့် ဖုန်ထူထခြင်း၊ စိုက်ပျိုးမြေပေါ်ကျသဖြင့် သီးနှံပျက်စီးခြင်း၊ ကျန်းမာရေးအနေဖြင့် စက်ရုံအသံကြောင့် ညအိပ်မရခြင်း၊ ဖုန်မှုန့်နှင့် မီးခိုးများကြောင့် ရောဂါဖြစ်ခြင်း၊ လူမှုရေးအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခြင်း၊ နောင်ချိုရွာ၏ သချုႋင်းကို တိုင်ဖြင့် စိုက်ထူထားခြင်းတို့ ခံစားနေရကြောင်း ဒေသခံများက ပြောပါတယ်။

ခနောက်စိမ်းသန့်စင် စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကတော့ စက်ရုံမှထွက်သည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းခြင်း၊ စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းခြင်း၊ ကျန်းမာရေး အနေဖြင့် စက်ရုံ၏အသံနှင့် မီးခိုးများကြောင့် ခေါင်းမူးခြင်း၊ အော့အန်ခြင်းနှင့် ရင်တုန်ခြင်း စတဲ့ ဝေဒနာများ ခံစားနေရကြောင်း ဒေသခံများက ပြောကြားပါတယ်။

ဒီလို ဘာမှန်း မသိတဲ့ အငွေ့တွေကြားမှာ ရှင်သန်နေထိုင်ကြရတဲ့ ဒေသခံတွေ၊ ကလေးငယ်တွေရဲ့ ကျန်းမာရေးဟာ နောင်တချိန်မှာ ဘယ်လောက် ထိတောင် ဆိုးရွားနိုင်မလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ လူတချို့ရဲ့ လောဘတက်မှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူတွေ ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာကို ပုံတွေက သက်သေပြနေပါတယ်။ အခုလို ဒေသခံတွေ ခံစားနေရတဲ့ အပေါ် တာဝန်ရှိသူတွေ သိရှိအောင် ဒီနေရာကနေ ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Credit – Blacker