Unicode
ရေးမြို့ရာ ဘာခြံအတွင်း လက်သီးနှင့်ထိုးပြီး တိုင်နှင့်ဦးခေါင်း အကြိမ်ကြိမ်စောင့်သဖြင့် ဇနီးဖြစ်သူ သေဆုံးခဲ့သည်ဆိုမှုမှ ပြစ်မှုကျူးလွန်သူကို ဇန်နဝါရီ ၁၉ ရက်တွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ပေါ့ထော်ကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းသည် ၎င်း၏ ဥယျာဉ်ခြံကွက်ထဲတွင် ရှိနေစဉ် တူးမြောင်းကျေးရွာနေ ဒေါ်သန်းဌေး ပိုင်ရာဘာခြံ၌ အလုပ်လုပ်ကိုင်သူမချိုသက်အေးမှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ကျေးရွာတာဝန်ခံက အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
အခင်းဖြစ်နေအိမ်သို့ ရောက်ရှိ စစ်ဆေးခဲ့ရာ မချိုသက်အေးမှာ နဖူးဝဲဘက်အစပ် ပေါက်ပြဲဒဏ်ရာ၊ ယာမျက်ခုံးအောက် ဖူးယောင်ဒဏ်ရာ၊ဝဲဘက်နားထင်အောက်နှင့် ဝဲဘက်နားရွက် အောက်တွင် ဖူးယောင်ဒဏ်ရာ၊ မေးအောက်ဘက်ခြမ်းတွင် ဖူးယောင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။ဖူးယောင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူမချိုသက်အေး၏ခင်ပွန်း တင့်ဆန်းနိုင် (ခ)မာင်လေး(၃၂)စ်ကို မေးမြန်းကြည့်ရာ ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ အချိန်ခန့်က တင့်ဆန်းနိုင်(ခ) မောင်လေးနှင့် မချိုသက်အေး(ခ)မလေး လင်မယား(၂)ဦး ရန်ဖြစ်စကားများပြီး တင့်ဆန်းနိုင်(ခ)မာင်လေးက မချိုသက်အေး(ခ)မလေးအား လက်သီးဖြင့်ထိုးကြိတ်ကာ ဦးခေါင်းအား ကိုင်၍ တိုင်ဖြင့်အကြိမ်ကြိမ်ဆောင့်ခဲ့ပြီးနောက်ည ၁၂နာရီအချိန်ခန့်တွင် ခေါ်မရတော့ဘဲ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
ရေးရဲစခန်းက (ပ)၃ဝ/၂ဝ၂ဝ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ တင့်ဆန်းနိုင်(ခ)မောင်လေးအား ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂နာရီ ၅မိနစ်အချိန်တွင် အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ရေးမြို့မရဲစခန်