တီဗီ အစီအစဉ်ကောင်းတစ်ခုဖြစ်တဲ့ Myanmar Idol အစီအစဉ်ဟာ လူထုပရိသတ်ကြားမှာ နာမည်ကြီးရေပန်းစားပြီး ဂီတအနုပညာလောကရဲ့ မျိုးဆက်သစ်ကြယ်ပွင့်လေးတွေကို မွေးထုတ်ပေးတဲ့ အစီအစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ်..။

မကြာခင်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်တဲ့ Myanmar Idol Season(4)ရဲ့ ပြိုင်ပွဲဝင်တွေဟာလည်း ဂီတအနုပညာလမ်းကြောင်းမှာ အောင်မြင်စွာလျှောက်လှမ်းနေကြပြီဖြစ်ပါတယ်..။ Myanmar Idol Season(4)ရဲ့ Runner Up တစ်ယောက်ဖြစ်တဲ့ အေးမြဖြူလေးဟာလည်း ပညာရေးကိုလည်း မပျက်မကွက်ကြိုးစားနေရင်း ဖျော်ဖြေမှုလေးတွေကိုလည်း တက်ကြွစွာလုပ်ဆောင်နေပါတယ်..။

မအားမလပ်နိုင်အောင် အချိန်ဇယားတွေအပြည့်နဲ့ လုပ်ဆောင်နေရပေမယ့် အေးမြဖြူလေးကတော့ နည်းနည်းလေးမှ ပင်ပန်းခြင်းမရှိပဲ ပျော်ရွှင်လို့နေပါတယ်နော်.။ သရုပ်ဆောင်ပိုင်းကိုလည်း ငယ်ဘဝတုန်းက လုပ်ဆောင်ခဲ့ပေမယ့် ဝါသနာပါတာက ဂီတ သီချင်းဆိုခြင်းမို့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး အဆိုတော် လုပ်ခဲ့တာပါလို့ အေးမြဖြူလေးက အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်…။

အခုတစ်ခါမှာတော့ အေးမြဖြူလေးဟာ သူမရဲ့ ကျွမ်းကျင်တဲ့ ဂီတအနုပညာအရည်အချင်းလေးတွေနဲ့ သမ္မတအိမ်တော်မှာကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲအတွက် ဖျော်ဖြေမှုကို ဝါရင့်အဆိုတော်ကြီးများနဲ့အတူ သီဆိုဖျော်ဖြေခွင့်ရခဲ့ပါတယ်..။ နာမည်ကြီးဝါရင့်အဆိုတော်ကြီးတွေဖြစ်တဲ့ ဒေါ်တင်တင်မြ၊ အကယ်ဒမီချိုပြုံး၊ အကယ်ဒမီ ရန်အောင် အစရှိသည့်အနုပညာရှင်များနဲ့အတူ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ Official Page လေးမှာ တင်လာခဲ့ပါတယ်.။

သူမဝါသနာပါတဲ့ ဂီတအနုပညာအလုပ်ကို ပျော်ရွှင်တက်ကြွစွာနဲ့ လုပ်နေပြီး လူချစ်လူခင်ပေါများကာ ချစ်ခင်သူတွေရဲ့ ချီးမွမ်းမှုတွေကို ရရှိပိုင်ဆိုင်နေသူလေးပဲဖြစ်ပါတယ်..။ အေးမြဖြူလေးတစ်ယောက် အသက်ပင်ငယ့်လင့်ကစား သူမရဲ့ အနုပညာအရည်အချင်းတွေက တော်လွန်းတဲ့ကလေးမို့ သမ္မတအိမ်တော်ရဲ့ ဂုဏ်ပြုညစာစားပွဲမှာ နာမည်ကြီး ဝါရင့်အဆိုတော်ကြီးများနဲ့ ဖျော်ဖြေခွင့်ရတာဟာ အရမ်းကို ဂုဏ်ယူဝမ်းမြောက်ဖို့ကောင်းပါတယ်နော်..။

ပရိသတ်ကြီးအတွက် သမ္မအိမ်တော်မှာ နာမည်ကြီး ဝါရင့်အဆိုတော်ကြီးများနဲ့အတူ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့ အေးမြဖြူရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။Source:AYE MYA PHYU