သႏၱာ လိႈင္ဟာ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း ေမာ္ဒယ္တေယာက္ျဖစ္ၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေလာက္ကတည္းက အႏုပညာေလာကထဲမွာ ေျခခ်လာခဲ့သူျဖစ္ပါတယ္။ သႏၱာလိႈင္ကေတာ့ လက္႐ွိမွာ သမီးေလးတေယာက္နဲ႔ သားေလးတေယာက္ ပိုင္ဆိုင္ထားၿပီး ေပ်ာ္ရႊင္တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ သႏၱာလိႈင္ဟာ ခႏၶာကုိယ္ကုိ အလြန္ဂရုစိုက္သူတစ္ဦးျဖစ္ျပီး ေလ့က်င့္ခန္းေတြလည္းအျမဲမျပတ္လုပ္တာေၾကာင့္ လက္႐ွိခ်ိန္ထိကို အပ်ိဳေလးတေယာက္လိုပဲ သြယ္လ် လွပေနတာပဲ ျဖစ္ပါတယ္။ သႏၱာလိႈင္က မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ အမ်ိဳးသမီးပဲ ျဖစ္ျဖစ္ အမ်ိဳးသားျဖစ္ျဖစ္ ခႏၶာကုိယ္လွပေအာင္ ေသခ်ာထိန္းသိမ္းသင့္ေၾကာင္း ပြဲတစ္ခုမွာ ထူးေအာင္နဲ႔အတူတူေျဖထားတဲ့ အင္တာဗ်ဴးမွာ ေျပာျပထားခဲ့ပါတယ္။

သႏၱာလိိႈင္က တစ္ပတ္မွာ ရက္အနည္းငယ္အခ်ိ္န္ေပးရံုနဲ႔ လွပတဲ့ ခႏၶာကုိယ္ကုိ ပိုင္ဆိုင္နိုင္ေၾကာင္း “ဒါက အစ္မက ညီမတို႔ျမင္ေနလို႔သာ လွတယ္လို႔ထင္ေနတာ ။အစ္မစိတ္ထဲမွာက်ေတာ့ ကိုယ့္ကုိယ္ကုိယ္အသိဆံုုးပဲ ငါဒီထက္ ၾကပ္ၾကပ္မတ္မတ္ေလးပုိလုပ္လိုက္ရင္ ဒီထက္အမ်ားၾကီးေရွ႕ေျပးျပီးေတာ့ ဒီထက္အမ်ားၾကီး ကြက္ကြက္ကြင္းကြင္းနဲ႔ ေတာင့္တင္းေနမယ္ဆိုတာကုိသိတယ္။ ဒါေပမယ့္လည္းပ်င္းေတာ့ တစ္ပတ္မွာနွစ္ရက္သံုးရက္ ေလာက္ပဲလုပ္သင့္တယ္။ တစ္ပတ္မွာ နွစ္ရက္သံုးရက္ပဲလုပ္တာေတာင္ ဒီလို္ခႏၶာကုိယ္ရထားတယ္ဆိုရင္ ဒီထပ္ပုိျပီး ၾကပ္ၾကပ္မတ္မတ္နဲ႔ ထူးေအာင္တို႔လုိလုပ္မယ္ဆိုရင္ ခႏၶာကုိယ္က ဘယ္ေလာက္ေတာင္ ေတာင့္တင္းေနမလဲစဥ္းစားၾကည့္ပါ။ တကယ္ေတာ့ အစ္မလို ခႏၶာကုိယ္မ်ိဳးရဖို႔က မခက္ခဲပါဘူး။ တစ္ပတ္မွာ အနည္းဆံုးနွစ္ရက္ကေန သံုးရက္ေလာက္ ကုိယ့္ကုိယ္ကိုယ္အခ်ိန္ေပးနုိင္တယ္ဆိုရင္ အစ္မရဲ႕ သင္တန္းမွာသင္ေပးေနပါတယ္။လာခဲ့ပါ”လို႔ ေျပာထားပါတယ္။

သႏၱာလိႈင္က အသက္ၾကီးၾကီးအမ်ိဳးသမီးေတြ ကုိယ့္ကုိယ္ကုိယ္ဂရုစုိက္ရင္ လူေတြကေနာက္လင္လုိခ်င္လားလို႔ ေမးၾကတယ္လို႔လည္း “အရင္တုန္းကဆိုရင္ အိမ္ေထာင္က်ျပီးတဲ့ အသက္ၾကီးၾကီးမိန္းမေတြ နည္းနည္းေလး အားကစားလုပ္ရင္ ဘာကိစၥလွခ်င္ေနရတာလဲ ေနာက္လင္လိုခ်င္လို႔လား အေမးခံရတယ္။ အခုက အဲဒါမ်ိဳးမရွိေတာ့ပါဘူး။ လူငယ္ေတြေရာ လူလတ္ပိုင္းေတြေရာ Gym သြားေနၾကျပီ။ အစ္မစိတ္ပူတာက လူၾကီးပုိင္းေတြ လူၾကီးပိုင္းေတြက ဘာမွမလႈပ္မရွားပဲ ဒီတိုင္းပဲ ယုိယြင္းလာတယ္။ ခႏၶာကုိယ္ဆိုတာ မထိန္းသိမ္းပဲထားရင္ ပုပ္သိုးသြားမွာပဲ။ အပုပ္ေကာင္ကုိ ရုပ္ေဆာင္တယ္ဆုိတာ တကယ္မွန္ပါတယ္။ အသက္ၾကီးသြားလို႔ ပ်က္စီးတာမဟုတ္ပါဘူ။ မလုပ္ပဲနဲ႔ပစ္ထားတာၾကာလို႔ပ်က္စီးတာပါ”လို႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ခႏၶာကုိယ္ကုိအရမ္းဂရုစုိက္တဲ့ သႏၱာလိႈင္ကုိအားေပးၾကလား။ သႏၱာလိႈင္လိုက်စ္လ်စ္လွပတဲ့ခႏၶာကုိယ္မ်ိဳးရဖို႔အတြက္ေရာ Gym ေတြေဆာ့ျဖစ္ၾကလား။ သႏၱာလိႈင္ရဲ႕ ေနာက္ထပ္အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Unicode

သန္တာလှိုင်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ်တယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကထဲမှာ ခြေချလာခဲ့သူဖြစ်ပါတယ်။ သန္တာလှိုင်ကတော့ လက်ရှိမှာ သမီးလေးတယောက်နဲ့ သားလေးတယောက် ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သန္တာလှိုင်ဟာ ခန္ဓာကိုယ်ကို အလွန်ဂရုစိုက်သူတစ်ဦးဖြစ်ပြီး လေ့ကျင့်ခန်းတွေလည်းအမြဲမပြတ်လုပ်တာကြောင့် လက်ရှိချိန်ထိကို အပျိုလေးတယောက်လိုပဲ သွယ်လျ လှပနေတာပဲ ဖြစ်ပါတယ်။ သန္တာလှိုင်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် ခန္ဓာကိုယ်လှပအောင် သေချာထိန်းသိမ်းသင့်ကြောင်း ပွဲတစ်ခုမှာ ထူးအောင်နဲ့အတူတူဖြေထားတဲ့ အင်တာဗျူးမှာ ပြောပြထားခဲ့ပါတယ်။

သန္တာလှိုင်က တစ်ပတ်မှာ ရက်အနည်းငယ်အချိန်ပေးရုံနဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြောင်း “ဒါက အစ်မက ညီမတို့မြင်နေလို့သာ လှတယ်လို့ထင်နေတာ ။အစ်မစိတ်ထဲမှာကျတော့ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပဲ ငါဒီထက် ကြပ်ကြပ်မတ်မတ်လေးပိုလုပ်လိုက်ရင် ဒီထက်အများကြီးရှေ့ပြေးပြီးတော့ ဒီထက်အများကြီး ကွက်ကွက်ကွင်းကွင်းနဲ့ တောင့်တင်းနေမယ်ဆိုတာကိုသိတယ်။ ဒါပေမယ့်လည်းပျင်းတော့ တစ်ပတ်မှာနှစ်ရက်သုံးရက် လောက်ပဲလုပ်သင့်တယ်။ တစ်ပတ်မှာ နှစ်ရက်သုံးရက်ပဲလုပ်တာတောင် ဒီလိုခန္ဓာကိုယ်ရထားတယ်ဆိုရင် ဒီထပ်ပိုပြီး ကြပ်ကြပ်မတ်မတ်နဲ့ ထူးအောင်တို့လိုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်က ဘယ်လောက်တောင် တောင့်တင်းနေမလဲစဉ်းစားကြည့်ပါ။ တကယ်တော့ အစ်မလို ခန္ဓာကိုယ်မျိုးရဖို့က မခက်ခဲပါဘူး။ တစ်ပတ်မှာ အနည်းဆုံးနှစ်ရက်ကနေ သုံးရက်လောက် ကိုယ့်ကိုယ်ကိုယ်အချိန်ပေးနိုင်တယ်ဆိုရင် အစ်မရဲ့ သင်တန်းမှာသင်ပေးနေပါတယ်။လာခဲ့ပါ”လို့ ပြောထားပါတယ်။

သန္တာလှိုင်က အသက်ကြီးကြီးအမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရင် လူတွေကနောက်လင်လိုချင်လားလို့ မေးကြတယ်လို့လည်း “အရင်တုန်းကဆိုရင် အိမ်ထောင်ကျပြီးတဲ့ အသက်ကြီးကြီးမိန်းမတွေ နည်းနည်းလေး အားကစားလုပ်ရင် ဘာကိစ္စလှချင်နေရတာလဲ နောက်လင်လိုချင်လို့လား အမေးခံရတယ်။ အခုက အဲဒါမျိုးမရှိတော့ပါဘူး။ လူငယ်တွေရော လူလတ်ပိုင်းတွေရော Gym သွားနေကြပြီ။ အစ်မစိတ်ပူတာက လူကြီးပိုင်းတွေ လူကြီးပိုင်းတွေက ဘာမှမလှုပ်မရှားပဲ ဒီတိုင်းပဲ ယိုယွင်းလာတယ်။ ခန္ဓာကိုယ်ဆိုတာ မထိန်းသိမ်းပဲထားရင် ပုပ်သိုးသွားမှာပဲ။ အပုပ်ကောင်ကို ရုပ်ဆောင်တယ်ဆိုတာ တကယ်မှန်ပါတယ်။ အသက်ကြီးသွားလို့ ပျက်စီးတာမဟုတ်ပါဘူ။ မလုပ်ပဲနဲ့ပစ်ထားတာကြာလို့ပျက်စီးတာပါ”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခန္ဓာကိုယ်ကိုအရမ်းဂရုစိုက်တဲ့ သန္တာလှိုင်ကိုအားပေးကြလား။ သန္တာလှိုင်လိုကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်မျိုးရဖို့အတွက်ရော Gym တွေဆော့ဖြစ်ကြလား။ သန္တာလှိုင်ရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။