မင်း သမီးချောလေး ရွှေပိုးအိမ်ကတော့ ပတ်စပို့သက်တမ်းတိုးဖို့သွားရာမှာ တွေ့ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ လူတစ်ချို့အကြောင်းကို “ပက်စပို့သွားသက်တမ်းသွားတိုးတော့ ကားရပ်ပြီးပြီးချင်း အမကြီးတစ်ယောက်က ပက်စပို့ရုံးက ဒီဘက်မှာဆိုပြီး အတင်းခေါ်သွားတာ ရွှေပိုး လဲ လိုက်သွားမိတာ ပက်စပို့ သက်တမ်းမတိုးတာလဲကြာပြီဆိုတော့ မသိဘူးလေ ပန်းခြံထဲခေါ်သွားပြီးတော့ နောက်တစ်နာရီခွဲ စောင့်ရမယ်တဲ့ လက်မှတ်က တစ်နာရီခွဲ တစ်ခါလာဝေတာတဲ့ ပန်းခြံထဲလဲ လူတွေကအများကြီး အာ့နဲ့ အဲ့အမကို ညီမက သက်တမ်းတိုးမှာ ကိုယ့်ဘာသာလုပ်မှာပါရှင်လို့ (၃)ခါလောက် ပြောလိုက်မှ မျက်စောင်းထိုးပြီးထွက်သွားတာ” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ရွှေပိုးအိမ်ကတော့ ယောက်ျားလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အထူးကြိုးစားတဲ့ မင်းသမီးတစ်လက် လို့ဆိုနိုင်ပါတယ်။ သူမသရုပ်ဆောင်ထားဇာတ်ကားများစွာရှိပြီး မည်သည့်ကာရိုက်တာကိုမဆို ပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် ပရိသတ်အခိုင်အမာကို ပိုင်ဆိုင်ထာနိုင်တာပဲ ဖြစ်ပါတယ်။ သူမကတော့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူရေစက် လက်နဲ့မကွာ ဆိုသလို အလှူအတန်းရက်ရောသူလည်းဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတာကြောင့်လည်း ပုရိသတွေကြားမှာ နာမည်ကြီးနေတာလို့ဆိုနိုင်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မင်းသမီးချော ရွှေပိုးအိမ်ကတော့ ချစ်ရတဲ့ပရိသတ်တွေ ပတ်စပို့သွားလုပ်ရင် လွယ်ကူစေရန် လိုအပ်သည်မှာကိုလည်း “ကိုယ့်ဘာသာကိုယ် ရုံးထဲ ဝင်ပြီး သက်တမ်းတိုးတာ ၃၃၀၀၀ ပဲ ကုန်ပါတယ် နော် ဘဏ်-၂၅၀၀၀၊ ဓါတ်ပုံဖိုး-၅၀၀၀၊ ထုတ်ခ-၃၀၀၀၊ ၁၀ရက်စောင့်ရပါတယ်။ သန်ခေါင်စရင်းမူရင်းနဲ့မိတ္တူ(၂)စောင်၊ မှတ်ပုံတင်မူရင်းနဲ့ -မိတ္တူ (၂)စောင်၊ ပက်စပို့ အဟောင်းနဲ့ -မိတ္တူ (၂)စောင် လိုပါတယ်။ ရုံးက ရန်ကင်းစင်တာအနီး မြန်မာပလာဇာရှိတဲ့လမ်းမှာပါ” လို့ ပြန်လည်ဝေမျှထားပါတယ်နော်။

Source: Shwe Poe Eain
DarDar-CeleGabar