မြန်မာ ရုပ်ရှင်လောကရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အံ့မင်းညိုကတော့ ဇာတ်ကားတွေမှာ အရံမင်းသားအဖြစ်တွေ့မြင်ရသလို ၊ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ဟန်လုပ်နိုင်တာကြောင့် ပရိသတ်က နှစ်သက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာဆိုရင်တော့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသလို သမီးနှစ်ဦးရဲ့ ဖခင်လည်းဖြစ်ပါတယ်။

လက် ရှိမှာ ဗီဒီယိုတွေ ခေတ်မစားတော့တာကြောင့် ရိုက်ကူးရေးတွေလျော့ပါးပြီးတော့သရုပ်ဆောင် ဇာတ်ပို့ ဇာတ်ရံတွေကလည်း အသက်မွေးဝမ်းကျောင်းအလုပ်သစ်တွေရှာကြရပါတယ်။ အံ့မင်းညိုကတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ် အာလူးကြော်လုပ်ငန်းကိုလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သမီးလေးနှစ်ဦးမှာ အကြီးမလေးကတော့ နှလုံးအပေါက်ပါတာကြောင့် မကြာခဏ အောက်ဆီဂျင်ပေးရတယ်လို့ စိတ်မကောင်းစွာသိရပါတယ်။ ဒီကလေးအတွက် အဆိုတော် လင်းလင်းနှင့် ချစ်သုဝေ ၊ သရုပ်ဆောင် ခိုင်နှင်းဝေတို့က ကုသပေးမယ်လို့ သိခဲ့ရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ပြန်ပါဘူး။

အခုတော့ သမီးကြီးဟာ တစ်ခါတစ်ခါ အသက်ရှုဖို့အရမ်းခက်လာပြီးတော့ အောက်ဆီဂျင်ပါ ပေးလာရတာကြောင့် အံ့မင်းညိုတစ်ယောက် စိတ်မကောင်းဖြစ်နေမိပါတယ်။

ဒါကြောင့် သမီးကြီး အမြန်ဆုံးကျန်းမာပြီးေ ရာဂါတွေ ပျောက်ကင်းအောင်လို့ ဆုတောင်းပေးကြပါဦးနော်။

Writer – SMT (Shwe Yaung Lan)
pHOTO- Akhonthi & An Min Nyo