အင် တာနက်မှာ လူမှုကွန်ရက် သုံးစွဲနေခဲ့တာ နှစ်အတန်ကြာရှိပြီဖြစ်တဲ့ အသုံးပြုသူများကတော့ ကောင်းစွာ သတိတရရှိကြဦးမည်ထင်ပါတယ်။ ၂၀၁၆ ခုနှစ်လောက်က လူမှုကွန်ရက်ပေါ်မှာ ဟာသ ဗီဒီယိုအတိုလေးတွေနဲ့ နာမည်ကြီးခဲ့တဲ့ အောင်ရဲထွေး တစ်
ယောက်ဟာ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညမှာ လူတစ်စုက ဝိုင်းရိုက်ပြီး ကန်ကြောက်မှုတွေကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ပေမယ့် ထိုဒဏ်ရာတွေနဲ့ပဲ သေဆုံးခဲ့ရပါတယ်။သူဟာ ၂၀၁၈နှစ်ကူးတာတောင် မမြင်တွေ့လိုက်နိုင်ခဲ့ပါဘူး။

သူ့ကို ကန်ကြောက် ရိုက်ပုတ်ခဲ့တဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် တရားရုံးက အပြစ်မရှိလို့ မှတ်ချက်ပြုပြီး တရားသေ လွှတ်ပေးခဲ့တာကြောင့် လူမှုကွန်ရက်မှာ တော်တော်လေး ဝေဖန်မှုတြွဖေစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နိုင်ငံတော် သမ္မတ နဲ့ အဂတိ
လိုက်စားမှု ကော်မရှင်ပါ ပါဝင်လာခဲ့ရပါတယ်။ အမှုကို ပြန်လည်ဖွင့်ပြီးတော့ စစ်ဆေးနေခဲ့တာပါ။

လက်ရှိမှာ ပြန်ခေါ်သက်သေ ၁၀ ထဲက ၈ ဦး စစ်ဆေးပြီးချိန်မှာတော့ အမှုက ယခင်စွဲချက်လို မဟုတ်ပဲနဲ့ လူသတ်မှုနဲ့ စွဲဆိုထားခဲ့ပေမယ့် အခုတော့ အဲ့ဒီအမှုကို ပြောင်းလဲပြီးတော့ အပြင်းအထန် နာကျင်စေမှုနဲ့ ဖမ်းဆီးထားသူ (၃) ဦးကို
ပြောင်းလဲ အမှုဖွင့်ဖို့ တိုင်းတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် တရားခံဖြစ်သူတွေဟာ လူသတ်မှု မဟုတ်တော့ပဲ အပြင်းအထန်နာကျင်စေမှုပုဒ်မအရ အမြင့်ဆုံး ထောင်ဒဏ် (၇) နှစ်သာ ကျခံရမည်ဖြစ်ပြီးတော့ ရဲအရေးပိုင်မှုဖြစ်တဲ့အတွက် အာမခံလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Writer- SMT(Shwe Yaung Lan)