KTV ဆိုင္ မွအမ်ိဳးသမီးမ်ားကို ေသနတ္ထုတ္ျပရာမွတဆင့္ က်ည္ထြက္သြားမႈျဖင့္ တာခ်ီလိတ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး စုံခုံစစ္ေဆးခံေနရ

KTVမလာခင္ ၎ေမာင္းသည့္ကားႏွင့္ ဆိုင္ကယ္တစ္စီးကို ပြတ္ခ်ိတ္ခဲ့ေသးေၾကာင္းပါသိရ

တာခ်ီလိတ္၊ဇန္နဝါရီ၂၀ရက္

KTV ဆိုင္မွအမ်ိဳးသမီးကို “ ေသနတ္ပါတယ္“ဟုေျပာရင္း ထုတ္ျပရာမွတဆင့္ က်ည္ထြက္သြားမႈျဖင့္ တာခ်ီလိတ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးကို ရဲစည္းကမ္းထိန္းသိမ္းေရးအရအေရးယူႏိုင္ရန္ စုံခုံစစ္ေဆးေနေၾကာင္း တာခ်ီလိတ္ခ႐ိုင္ရဲတပ္ဖြဲ႕ကေျပာသည္။

၎သည္ ဇန္နဝါရီ၁၈ရက္ေန႔က KTVတြင္ သီခ်င္းလာဆိုၿပီးျပန္အထြက္ KTV ဆိုင္မွအမ်ိဳးသမီးမ်ားကို ေျခာက္လုံးျပဴး ေသနတ္ျပရာမွတဆင့္ ျဖစ္ခဲ့သည္ဟု ရဲတပ္ဖြဲ႕က အတည္ျပဳသည္။

ျဖစ္စဥ္ေၾကာင့္ တစ္စုံတစ္ဦးမွထိခိုက္မႈမရွိခဲ့ပါဟု ရဲတပ္ဖြဲ႕ကေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ယာယီရဲမႉးထြန္းထြန္းသန္းသည္ ေသာက္စားတတ္သူျဖစ္ကာ ယင္းျဖစ္စဥ္မျဖစ္ခင္ နာရီအနည္းငယ္အၾကာကလည္း ၎ေမာင္းသည့္ကားသည္ ကားတစ္စီးကိုေက်ာ္တက္ရင္းမွတဆင့္ တစ္ဘက္ယာဥ္ေၾကာေပၚသို႔ေရာက္ရွိသြားကာ

မ်က္ႏွာခ်င္းဆိုင္မွေမာင္းႏွင္လာေသာ လူ ၂ ဦးပါ ဆိုင္ကယ္တစ္စီး၏ ဝဲဘက္မွန္ႏွင့္ခ်ိတ္ဆြဲမိသြားၿပီး ဆိုင္ကယ္ေပၚပါလာသူမ်ားထိခိုက္ဒဏ္ရာရရွိသြားခဲ့ေၾကာင္းသိရသည္။

ထိုျဖစ္စဥ္အေပၚ ယာယီရဲမႉးက ကားေပၚမွဆင္းမၾကည့္ဘဲ KTV ဆိုင္ကိုသြားခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

ေမာင္ေမာင္/Myanmar Harp

ရဲတစ်ဦး KTV ဆိုင်မှအမျိုးသမီးများကို သေနတ်ထုတ်ပြရာမှတဆင့် ကျည်ထွက်သွား

KTV ဆိုင်မှအမျိုးသမီးများကို သေနတ်ထုတ်ပြရာမှတဆင့် ကျည်ထွက်သွားမှုဖြင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူး စုံခုံစစ်ဆေးခံနေရ

KTVမလာခင် ၎င်းမောင်းသည့်ကားနှင့် ဆိုင်ကယ်တစ်စီးကို ပွတ်ချိတ်ခဲ့သေးကြောင်းပါသိရ

တာချီလိတ်၊ဇန်နဝါရီ၂၀ရက်

KTV ဆိုင်မှအမျိုးသမီးကို “ သေနတ်ပါတယ်“ဟုပြောရင်း ထုတ်ပြရာမှတဆင့် ကျည်ထွက်သွားမှုဖြင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရဲစည်းကမ်းထိန်းသိမ်းရေးအရအရေးယူနိုင်ရန် စုံခုံစစ်ဆေးနေကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ကပြောသည်။

၎င်းသည် ဇန်နဝါရီ၁၈ရက်နေ့က KTVတွင် သီချင်းလာဆိုပြီးပြန်အထွက် KTV ဆိုင်မှအမျိုးသမီးများကို ခြောက်လုံးပြူး သေနတ်ပြရာမှတဆင့် ဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။

ဖြစ်စဉ်ကြောင့် တစ်စုံတစ်ဦးမှထိခိုက်မှုမရှိခဲ့ပါဟု ရဲတပ်ဖွဲ့ကပြောသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးထွန်းထွန်းသန်းသည် သောက်စားတတ်သူဖြစ်ကာ ယင်းဖြစ်စဉ်မဖြစ်ခင် နာရီအနည်းငယ်အကြာကလည်း ၎င်းမောင်းသည့်ကားသည် ကားတစ်စီးကိုကျော်တက်ရင်းမှတဆင့် တစ်ဘက်ယာဉ်ကြောပေါ်သို့ရောက်ရှိသွားကာ

မျက်နှာချင်းဆိုင်မှမောင်းနှင်လာသော လူ ၂ ဦးပါ ဆိုင်ကယ်တစ်စီး၏ ဝဲဘက်မှန်နှင့်ချိတ်ဆွဲမိသွားပြီး ဆိုင်ကယ်ပေါ်ပါလာသူများထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

ထိုဖြစ်စဉ်အပေါ် ယာယီရဲမှူးက ကားပေါ်မှဆင်းမကြည့်ဘဲ KTV ဆိုင်ကိုသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

မောင်မောင်/Myanmar Harp