ပ ရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အားပေးဝန်းရံမှုနဲ့အတူ အောင်မြင်လာခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ ။

နောက်ပိုင်းမှာတော့ သူမရဲ့ Beauty Blogger အလုပ်အပြင် ရုပ်ရှင်ကားတွေမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ် ။

ချစ်သူနဲ့ တရားဝင်လူသိရှင်ကြားတွဲခဲ့ပေမယ့် အဆင်မပြေမှုလေးတွေကြောင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပြီး အသည်းတွေကွဲခဲ့ပါသေးတယ်နော် ။

လတ်တလောမှာတော့ ချီချီက ” EX သုံးယောက်ကတော့ တစ်လထဲမှာ အိမ်ထောင်တွေပြုသွားကြပြီ ကိုယ်တွေက “ Hi! How are you? “ကမတက်သေးဘူး ” ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာက နေ ရေးသားခဲ့ပါတယ် ။

သူငယ်ချင်းတွေက သူမရဲ့ပို့စ်အောက်မှာ စနောက်နေကြပြီး သူမကလည်း တစ်ယောက်မှ မဖိတ်ကြဘူးလို့ ပြန်လည်မှတ်ချက်တွေပေးထားပါသေးတယ် ။

ချီချီကတော့ သူမရဲ့ အနုပညာအလုပ်တွေနဲ့မအားမလပ်ဖြစ်ပြီး ချစ်သူရည်းစားထားဖို့အချိန်မပေးနိုင်သေးပေမယ့် သူမရဲ့ရည်းစာဟောင်းတွေ အားလုံးကတော့ တစ်လထဲမှာပဲ တပြိုင်ထဲမင်္ဂလာဆောင်သွားကြပြီဆိုတော့

ချီချီတစ်ယောက် အချစ်သစ်ပဲရှာတော့မှာလား အနုပညာအလုပ်တွေကိုပဲ အားစိုက်လုပ်ဆောင်သွားမှာလားဆိုတာ စိတ်ဝင်စားစရာပါပဲနော် ။

Source : Nay Chi Oo
Molly ( Cele Connections)