ရွှေမှုံ အချစ်တွေပိုစေမယ့် အရာလေးတစ်ခုကို ပြုလုပ်လိုက်တဲ့ ရွှေထူး

အ ဆိုတော်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ရွှေထူးကိုတော့ ပရိသတ်တွေရင်းနှီးချစ်ခင်ပြီးသားဖြစ်မှာပါနော်..။ အမိုက်စားသံစဉ်နဲ့စာသားလေးတွေကြောင့်

ရွှေထူးရဲ့ သီချင်းတိုင်းဟာ လူငယ်ပရိသတ်တွေကြားမှာ အမြဲရေပန်းစားကျော်ကြားတယ်လို့ပြောရင်မှားမယ်မထင်ပါဘူး..။ ရွှေထူးဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာ တော်သူတစ်ဦးလဲဖြစ်ပါတယ်နော်..။

ရုပ်ရည်ချောမောခန့်ညားတဲ့ ရွှေထူးကတော့ ကျော့ရှင်းတဲ့အလှပိုင်ရှင် မင်းသမီးရွှေမှုံရတီနဲ့ လက်ထပ်ပြီး အရမ်းရိုတဲ့ စုံတွဲလင်မယားအနေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့အားကျမှုတွေကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်..။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိသလို လူငယ်စုံတွဲပီပီ ချစ်ဖို့ကောင်းစွာ တစ်ယောက်နဲ့တစ်ယောက် အချစ်ပြိုင်နေကြတဲ့ စုံတွဲလင်မယားလေးပါပဲနော်..။

အခုတစ်ခါမှာတော့ ရွှေထူးက “မိန်းမက ချောတဲ့ပုံမတင်နဲ့ ဆိုလို့ ရုပ်ဆိုးတဲ့ပုံပဲ ရွေးတင်လိုက်တယ် ” ဆိုပြီး မိန်းမဖြစ်သူ ရွှေမှုံဆီက အချစ်တွေကို အမှတ်ပြည့်ယူနေတဲ့ ပိုစ့်လေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ပိုစ့်ရဲ့အောက်မှာတော့ ရွှေမှုံရတီက “ချစ်လိုက်တာ”ဆိုတဲ့ စာသားလေးကို မန့်ထားတာဖြစ်ပြီး “ချစ်ရင်လာထား အာဘွားပါ”ဆိုပြီး ရွှေထူးက Reply ပြန်ထားပါသေးတယ်နော်..။ ရွှေနှစ်ရွှေကတော့ ချစ်စရာကောင်းလောက်အောင် ရိုနေကြတာပဲနော်..။

ပရိသတ်ကြီးရော ရွှေနှစ်ရွှေအတွဲလေးတွေကိုကြည့်ပြီး အားကျရောအာင် အချင်းချင်း မန့်လေးတွေပေးကာ ရိုနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်..။