ပရိ သတ်ကြီးရေ ထင်သစ္စာကတော့ ဆယ်ကျော်သက် အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာမျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ဝါရင့် အကယ်ဒမီသရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သမီးလေးပဲ ဖြစ်တဲ့အပြင် အခုချိန်မှာ အနုပညာခြေလှမ်းတွေစတင်နေပြီလို့ဆိုရမှာပါ။

အနုအညာပွဲတွေကိုလည်း အမေဖြစ်သူခင်ဇာခြည်ကျော်နဲ့ တက်ရောက်နေပြီး အမျိုးသားပရိသတ်တွေက သူမရဲ့စကားပြောပုံလေးတွေကို သဘောကျကာ နန်းဆန်လွန်းတဲ့ ဆံကေသာ အရှည်ကြီးကို ပိုင်ဆိုင်ထားသေးတာကြောင့်လည်း ကိုကိုတွေသဘောကျတဲ့ အနုပညာမျိုးဆက်သစ်လေးတစ်ယောက်လို့ ဆိုရမှာပါ။မကြာခင်မှာလည်း သရုပ်ဆောင်ဘက်ထက် အဆိုဘက်ကို ပိုဝါသနာပါတာကြောင့် အဆိုပိုင်းကို လျှောက်လှမ်းတော့မယ်လို့လည်းသိရပါတယ်။

အမေဖြစ်သူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးခင်ဇာခြည်ကျော်နဲ့ TikTok လေးတွေ ဆော့ကာ ပရိသတ်တွေအမြဲဝေမျှလေ့ရှိပြီး လတ်တလောမှာတော့ ထင်သစ္စာတစ်ယောက် ” နီးခြင်းဝေးခြင်း ပညတ်များ ” သီချင်းလေးနဲ့ TikTok ဆော့ကားထားတာတွေ့ရပါတယ်နော်။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ TikTok ဆော့နေပုံကတော့ ပရိသတ်တွေကို အချစ်ပိုစေတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ထင်သစ္စာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။