လှည်း ကူတွင် မောင်းသူမဲ့ Toyota Alphard ကားနှင့်အတူ တရားမဝင်သစ်များ ဖမ်းမိ…

ရန် ကုန်၊ ဇန်နဝါရီ – ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် မောင်းသူမဲ့ Toyota Alphard ကားနှင့် အတူ တရားမဝင်သစ်များ ဖမ်းမိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ (၁၉)ရက်၌ လှည်းကူးမြို့နယ်မှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ် တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် အမြန်လမ်းတစ်လျောက် ကင်းလှည့်စစ်ဆေးစဉ် ညနေ (၅:၃၀) အချိန်တွင် အမြန်လမ်း မိုင်တိုင်အမှတ်(၃၁/၇) ပဲခူးမြို့နယ်အတွင်းမှ ယာဉ်အမှတ် 6J/1050 Toyota Alphard အဖြူ ရောင်အား လမ်းဘေးရပ်ထားစဉ် မသင်္ကာ၍ စစ်ဆေးရာ တရားမဝင်ကျွန်းသစ်ခွဲသား (၁၆) ချောင်း (၁.၁၃၃၆) တန်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါယာဉ်ကို ဖမ်းမိသော်လည်း ယာဉ်မောင်းနှင့်ဆက်စပ်သူများကို ဖမ်းမိနိုင်မှုမရှိကြောင်း သိရှိရပါတယ်။

People Media