ဇာတ် မင်းသားလေး စွမ်းဇာနည်ရဲ့ “စွမ်း”သဘင်ကို လတ်တလောမှာတော့ ရပ်နားထားတာဖြစ်ပါတယ်…ဒီလို ရပ်နားထားတာကလည်း အပြီးဖျက်သိမ်းလိုက်တာမဟုတ်ဘဲ…တစ်ခဏတာသာ ဖြစ်တယ်လို့ မင်းသားလေးစွမ်းကိုယ်တိုင်ပြောပြထားခဲ့ပါတယ်…ဒါ့အပြင် စွမ်းဇာနည်ဟာ အာရုံကြောမကောင်းလို့ ဆေးတွေသောက်နေရပြီး ကျန်းမာရေးအခြေအနေကလည်း အဆင်မပြေဖြစ်နေတာပဲဖြစ်ပါတယ်…
အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မင်းသားလေးစွမ်းဇာနည်ရဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တေးရေးဆရာသျှန်ထွန်း(မြန်မာစာ)က မျက်ရည်ကျရလောက်အောင် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတွေကို အင်တာဗျူးတစ်ခုကနေ ခုလို ပြောပြလာပါတယ်..

((မင်းသားလေးစွမ်းနဲ့ ပတ်သက်ပြီး ဖုန်းဆက်မရ အဆက်အသွယ်ပြတ်နေပြီး စွမ်းရဲ့ ရှေ့နေကတစ်ဆင့် စွမ်းအကြောင်းတွေ မေးကြည့်ရတယ်လို့ ဆရာသျှန်ထွန်းက ပြောပြပါတယ်….. စွမ်းဇာနည်ဟာ ငယ်စဉ်ကတည်းကစလို့ ယခုလိုအောင်မြင်မှုရလာဖို့အထိ တစ်ယောက်တည်းကြိုးစားခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်….အနီးကပ်ဘေးနားမှာ ဝန်းရံသူနည်းပြီး ကိုယ်တိုင်ရပ်တည်ခဲ့ရသူဖြစ်ကာ ပင်ကို စိတ်ရင်းကောင်းသူလည်း ဖြစ်တယ်လို့ ဆရာသျှန်ထွန်းက ဆက်ပြောပါတယ်…

စွမ်းဟာ လူငယ်ဆန်သူဖြစ်တာကြောင့် တခုခုလုပ်ပြီဆိုရင် ဘေးနားမှာ နားဝင်အောင်ပြောပေးမယ့်လူမရှိကြောင်း၊ ဒါ့အပြင် စွမ်းဘေးနားမှာ ရှိတဲ့လူတွေထဲမှာ ကောင်းသောရှိခြင်းနဲ့ ရှိသူနည်းတာကြောင့် ပြဿနာတွေများလာရတယ်လို့ စွမ်းတစ်ယောက် ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေကို ပြောပြပြီး စွမ်းအကြောင်းတွေကြားသိရလို့လည်း မျက်ရည်တောင်ဝဲရတယ်လို့ ဆရာသျှန်ထွန်းက ဆိုခဲ့ပါတယ်…

ဒါ့အပြင် ဖိုးချစ်ကလည်း စွမ်းအပေါ်မှာ တကယ့်ညီတစ်ယောက်လို စောင့်ရှောက်တဲ့အကြောင်းတွေကိုလည်း ဆိုခဲ့ပြီး စွမ်းအနေနဲ့လည်း အနုပညာစွမ်းအားကောင်းသူတစ်ယောက်ဖြစ်ပြီး ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ဆက်ရှိနေမယ်ဆိုရင် ပြန်လည်အောင်မြင်လာမှာဖြစ်တယ်လို့ ဆရာသျှန်ထွန်းက စွမ်းနဲ့ ပတ်သက်လို့ ပြောပြခဲ့ပါတယ်…))

ဆရာသျှန်ထွန်းပြောပြခဲ့တဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…မင်းသားလေးစွမ်းတစ်ယောက်လည်း ပြဿနာတွေပြေလည်ပြီး သူချစ်တဲ့ အနုပညာခရီးကို အမြန်ဆုံးပြန်လည် လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Popular Journal