လူရွှ င်တော်သရုပ်ဆောင် ဦးဗေလုဝဟာ ဦးနှောက်မှာသွေးခဲတဲ့ ဝေဒနာကြောင့် ပင်လုံဆေးရုံမှာ တက်ရောက်ကုသမှုခံနေရပါတယ်…စဖြစ်ဖြစ်ချင်းမှာ လူတွေကိုတောင်မမှတ်မိဘဲ တွေ့သမျှလူတွေကို နေတိုး လို့ ပဲ ခေါ်နေတာပါ…..ကျန်သူတွေတစ်ယောက်မှ မမှတ်မိပေမယ့် နှုတ်ဖျားက နေတိုးဆိုတဲ့နာမည်ကိုပဲအမှတ်ရနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း အံ့သြနေကြပါတယ်…

ဒါနဲ့ ပတ်သက်လို့ ကာယကံရှင်ဖြစ်တဲ့ နေတိုးက အင်တာဗျူးတစ်ခုမှာ ခုလို ပြောပြခဲ့ပါတယ်….

(( ခုလို ဗေလုဝတစ်ယောက် ဆေးရုံတက်နေရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကာ အမြန်ဆုံးသက်သာပျောက်ကင်းပြီး ရောဂါဝေဒနာဆိုးကြီးကနေ လွတ်မြောက်နိုင်ပါစေဆိုပြီး နေတိုးက ဆုတောင်းစကားဆိုခဲ့ပါတယ်….

နေတိုးဆိုတဲ့ နာမည်ကိုပဲမှတ်မိတာနဲ့ ပတ်သက်ပြီး အရမ်းကိုအံ့သြစရာကောင်းသလို စဉ်းစားလို့တောင်မရဘူးလို့ နေတိုးက ဆိုပါတယ်….

ဒါ့အပြင် ရုပ်ရှင်ကားတွေမှာလည်း အတူတွဲသရုပ်ဆောင်ခဲ့ပြီး သူ့ကိုလည်း သင်ကြားပေးခဲ့တာတွေရှိလို့ ဗေလုဝနဲ့ သူဟာ ဆွေမျိုးတွေလိုပဲ အရမ်းခင်မင်မှုရှိပါတယ်လို့ နေတိုးကပြောခဲ့ပါတယ်…

အဆင်မပြေမှုတွေဟာ အပြင်လောကမှာလည်း ရှိပြီး အနုပညာရှင်တွေဟာ သိသာထင်ရှားကြသူတွေဖြစ်လို့ ပေါ်လွင်ရတာသာဖြစ်တယ်လို့ အနုပညာရှင်တွေအပေါ်ကပ်ဆိုက်နေတယ်ဆိုပြီး ပြောနေကြတဲ့အပေါ် နေတိုးက သူ့အမြင်ကို ပြောပြခဲ့ပါတယ်…))

နေတိုး ဖြေဆိုခဲ့တဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်…ဦးဗေလုဝတစ်ယောက်လည်း အမြန်ဆုံးရောဂါဝေဒနာတွေ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်…

Video ဖိုင်ကြည့်ရှုရန်နှိပ်ပါ

Writer – HW ( Shwe Yaung Lan )
Source ; Cele YatKwat