မြန် မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးတေဇကိုတော့ ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်။

၁၉.၁.၂၀၂၀ တနင်္ဂနွေနေ့မှာတော့ ပြင်ဦးလွင်၊ ကန်တော်ကြီးဥယျာဉ်ထဲမှာ ခမ်းနားသိုက်မြိုက်တဲ့ မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကြီးကတော့ ဦးတေဇရဲ့သား ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကြီးဖြစ်ပါတယ်။

ယနေ့ လူမှုကွန်ယက်ပေါ်မှာတော့ သူတို့ မင်္ဂလာပွဲရဲ့ အပြင်အဆင်တွေက လူပြောများလောက်အောင် ရေပန်းစားနေတာဖြစ်ပါတယ်။

ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမင်္ဂလာပွဲကြီးကို ထိုင်းကပညာရှင်တွေလာရောက်ပြီး ပန်းအပြင်အဆင်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပန်းပြင်ဆင်မှုအတွက် ကျပ်သိန်း ၅၀၀၀ ခန့် ကုန်ကျခံပြင်ဆင်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားနေကြတာ တွေ့ရပါတယ်။

ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ဟာ ဒီဇင်ဘာလအတွင်းမှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပခဲ့တာဖြစ်ပြီးတော့ ဇန်နဝါရီလအတွင်းမှာပဲ မင်္ဂလာဦးဆွမ်းကျွေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ မြန်မာနိုင်ငံရဲ့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ ပြင်ဦးလွင်က ကန်တော်ကြီးပန်းဥယျာဉ်ထဲမှာ မနေ့က ကျင်းပပြုလုပ်ခဲ့တာပါ။

ခမ်းနားလွန်းလှတဲ့ ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပန်းအလှဆင်ပုံရိပ်တွေဟာ လူငယ်တွေကြားမှာ အားကျစရာကောင်းလောက်အောင် ရေပန်းစားနေတာ တွေ့ရပါတယ်။

ထိမ်းမြားလက်ထပ်မင်္ဂလာဆောင်ခြင်းဟာ မိန်းကလေးတွေရဲ့ ငယ်စဉ်ဘဝတည်းက အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး သူတို့အိပ်မက်တွေကိုလည်း ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ကြိုတင်ပြီး Plan ချထားတတ်ကြပါတယ်။ ခမ်းနားလွန်းလှတဲ့ ဒီမင်္ဂလာပွဲအပြင်အဆင်တွေဟာလည်း သူတို့တွေရဲ့ အိပ်မက်တွေထဲက တစ်ခုဖြစ်တာကြောင့် လူငယ်တွေရဲ့ မှတ်ချက်ပေးအားကျမှုတွေကို အများဆုံး တွေ့ရတာဖြစ်ပါတယ်။

အားလုံးပဲ တစ်နေ့မှာ အိပ်မက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းဆုပြုရင်း အိပ်မက်ဆန်ဆန် ဖန်တီးမှုများနဲ့ ပန်းကမ္ဘာပုံရိပ်တွေထဲကို သွားပြီး ကြည့်ရှုကြရအောင်နော်။ We Love Cele

Photos-Noel Htet