သ ရုပ်ဆောင် ခင်လှိုင်တစ်ယောက်ကတော့ ပရိသတ်တွေရင်ထဲမှာ နေရာရနေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်နော်။ သူဟာဆိုရင် အငြိမ့်မှာလည်း ထူးချွန်တဲ့ လူရွှင်တော် တစ်ယောက်ဖြစ်ပြီးတော့ ဒိန်းဒေါင်နဲ့ အတွဲညီသူလည်းဖြစ်ပါတယ်။ သူဟာဆိုရင်သာယာတဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်သူဖြစ်ပြီးတော့ နေရဲ နဲ့ သဇင်ထူးမြင့် ဆိုတဲ့သားတစ်ယောက် သမီးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူ့ဟာ ဇနီးကိုလည်း ယနေ့တိုင် ချစ်ခင်ကြင်နာသလို သားသမီးတွေအပေါ်မှာလည်း မိဘဝတ္တရားကျေပွန်စွာ ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့သားသမီးတွေကလည်း ဖခင်ရဲ့ အနုပညာအမွေကို ရရှိထားသူတွေပီပီ
လက်ရှိမှာ အကယ်ဒမီဆုပေးပွဲတွေမှာ ရွှေကြိုတွေလုပ်ရင်း အနုပညာလောကထဲကိုတစ်လှမ်းခြင်းလျှောက်လှမ်းလာနေကြပါတယ်။

သမီးဖြစ်သူ သဇင်ထူးမြင့် တစ်ယောက်ကလည်း သရုပ်ဆောင်လောကမှာ နာမည်ရလာစဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်းဆက်တိုက်လုပ်ကိုင်လာသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တော့ ခင်လှိုင်ရဲ့ဇနီးဖြစ်သူ မွေးနေ့ဖြစ်ပြီးတော့ သမီးဖြစ်သူ သဇင်ထူးမြင့်က
တော့ သူမရဲ့မေမေအတွက် သူမစုဆောင်းထားတဲ့ အနုပညာကြေးလေးကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အနုပညာကြေး ၁၇ သိန်းက ပြောပလောက်တဲ့ ငွေကြေးမဟုတ်ပေမယ့် ကိုယ်တိုင်ရှာထားတဲ့ ငွေကြေးလေးတွေမို့ သဇင်ထူးမြင့်တစ်ယောက်ကတော့ အခုလို ပေးနိုင်တာကိုဝမ်းသာနေမိတယ်လို့လည်းသိရပါတယ်။ လက်ရှိအချိန်မှာတော့ ဖခင် ဖြစ်သူ ခင်လှိုင်
ကတော့ ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေပြီ ဖြစ်ပြီးတော့ မကြာခင်မှာပဲ သမီးဖြစ်သူ သဇင်ထူးမြင့်က ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်လာနိုင်ဖို့လည်းရှိမယ်လို့ ပရိသတ်ကတော့ မျှော်လင့်နေကြပါတယ်။

ခင်လှိုင်ဇနီးဖြစ်သူ မွေးနေ့မှာ သက်ရာကျော်ရှည်ပြီးတော့ ပျော်ရွှင်တဲ့ မိသားစုလေးအဖြစ် အမြဲတမ်းပိုင်ဆိုင်နိုင်ပါစေလို့ ရွှေရောင်လမ်း ဝိုင်းတော်
သားများကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။