တ ႐ုတ္ႏိုင္ငံ ဟန္က်ိဳးၿမိဳ႕က က်န္း မ်ိဳးႏြယ္အမည္ရတဲ့ အမ်ိဳးသမီးတစ္ဦးက ပူစပ္စပ္အရသာမာလာေဟာ့ေပါ့ကို ပူပူ ေလာေလာစားသုံးခဲ့မိၿပီးတဲ့ေနာက္ လည္ပင္းနဲ႔ရင္ဘတ္မွာ အျပင္းအထန္နာက်င္ ခံစားခဲ့ရၿပီး ေခ်ာင္းဆိုးေသြးပါတဲ့အထိ အေျခအေနဆိုး႐ြားခဲ့ကာ ေဆး႐ုံေရာက္ လာရပါတယ္။

ေဟာ့ေ ပါ့စားၿပီးၿပီးခ်င္းမွာ ပဲ ခ်က္ခ်င္းနာက်င္လာခဲ့တာျဖစ္ၿပီး လည္ ေခ်ာင္းထဲအ႐ိုးမေတာ္တဆမ်ိဳလိုက္မိတာ ေၾကာင့္လို႔ပဲ ထင္မွတ္ခဲ့တယ္လို႔ က်န္းက ဆိုပါတယ္။ ေနာက္ေန႔မနက္မွာေတာ့ က်န္းက လည္ပင္းနာေနဆဲျဖစ္ၿပီး ေခ်ာင္း ဆိုးတာေၾကာင့္ သလိပ္ဟပ္လိုက္ခ်ိန္မွာ ေသြးစေတြပါလာခဲ့တယ္လို႔ က်န္းကဆို ပါတယ္။ ခ်က္ခ်င္းပဲ ေဆး႐ုံေျပးလာခဲ့ရၿပီး အစာအိမ္နဲ႔အူလမ္းေၾကာင္းဌာနမွာ ျပသစစ္ေဆးမႈခံယူခဲ့ရပါတယ္။

မွန္ေျပာင္းနဲ႔ စစ္ေဆးခဲ့တာမွာ ထင္ထားသလို အ႐ိုးနင္ ေနခဲ့တာမဟုတ္ဘဲ လည္ေခ်ာင္းမွာ ၂၂ စင္တီမီတာေလာက္ထိ ရွည္တဲ့ အပူနာ ေတြျဖစ္ေနတာကို အံ့အားသင့္စြာေတြ႕ရွိ ခဲ့ရပါတယ္။ ပူလြန္းတဲ့အစားအစာကို ျမန္ ျမန္ဆန္ဆန္စားသုံးမိခဲ့တာေၾကာင့္ ခုလို ျဖစ္ရတာလို႔ ဆရာဝန္ေတြက သုံးသပ္ခဲ့ ၾကပါတယ္။

ဒီလိုစားသုံးမႈပုံစံက လည္ ေခ်ာင္း၊ အစာအိမ္နဲ႔ အစာေျခစနစ္အစိတ္ အပိုင္းေတြကို ထိခိုက္ပ်က္စီးေစႏိုင္ၿပီး ဒီလိုပုံစံမ်ိဳးနဲ႔ မၾကာခဏစားေသာက္မယ္ ဆိုရင္ လည္မ်ိဳကင္ဆာထိေတာင္ ျဖစ္လာ ႏိုင္တယ္လို႔ ဆရာဝန္ေတြက သတိေပးခဲ့ပါတယ္။

သံသာ

Unicode

တ ရုတ်နိုင်ငံ ဟန်ကျိုးမြို့က ကျန်း မျိုးနွယ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးက ပူစပ်စပ်အရသာမာလာဟော့ပေါ့ကို ပူပူ လောလောစားသုံးခဲ့မိပြီးတဲ့နောက် လည်ပင်းနဲ့ရင်ဘတ်မှာ အပြင်းအထန်နာကျင် ခံစားခဲ့ရပြီး ချောင်းဆိုးသွေးပါတဲ့အထိ အခြေအနေဆိုးရွားခဲ့ကာ ဆေးရုံရောက် လာရပါတယ်။

ဟော့ေ ပါ့စားပြီးပြီးချင်းမှာ ပဲ ချက်ချင်းနာကျင်လာခဲ့တာဖြစ်ပြီး လည် ချောင်းထဲအရိုးမတော်တဆမျိုလိုက်မိတာ ကြောင့်လို့ပဲ ထင်မှတ်ခဲ့တယ်လို့ ကျန်းက ဆိုပါတယ်။ နောက်နေ့မနက်မှာတော့ ကျန်းက လည်ပင်းနာနေဆဲဖြစ်ပြီး ချောင်း ဆိုးတာကြောင့် သလိပ်ဟပ်လိုက်ချိန်မှာ သွေးစတွေပါလာခဲ့တယ်လို့ ကျန်းကဆို ပါတယ်။ ချက်ချင်းပဲ ဆေးရုံပြေးလာခဲ့ရပြီး အစာအိမ်နဲ့အူလမ်းကြောင်းဌာနမှာ ပြသစစ်ဆေးမှုခံယူခဲ့ရပါတယ်။

မှန်ပြောင်းနဲ့ စစ်ဆေးခဲ့တာမှာ ထင်ထားသလို အရိုးနင် နေခဲ့တာမဟုတ်ဘဲ လည်ချောင်းမှာ ၂၂ စင်တီမီတာလောက်ထိ ရှည်တဲ့ အပူနာ တွေဖြစ်နေတာကို အံ့အားသင့်စွာတွေ့ရှိ ခဲ့ရပါတယ်။ ပူလွန်းတဲ့အစားအစာကို မြန် မြန်ဆန်ဆန်စားသုံးမိခဲ့တာကြောင့် ခုလို ဖြစ်ရတာလို့ ဆရာဝန်တွေက သုံးသပ်ခဲ့ ကြပါတယ်။

ဒီလိုစားသုံးမှုပုံစံက လည် ချောင်း၊ အစာအိမ်နဲ့ အစာခြေစနစ်အစိတ် အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ဒီလိုပုံစံမျိုးနဲ့ မကြာခဏစားသောက်မယ် ဆိုရင် လည်မျိုကင်ဆာထိတောင် ဖြစ်လာ နိုင်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။

သံသာ