လ တ်တလောမှာတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နေဒွေးနဲ့ ချစ်သူဟောင်းဖြစ်တဲ့ သံစဉ်မောင်တို့ရဲ့ ကြားက အဖြစ်အပျက်တွေက ပြန့်နှံ့နေပါတယ်….နေဒွေးက နှိပ်စက်ထားလို့ဆိုကာ မျက်နှာမှာ ဒဏ်ရာအပြည့်နဲ့ သံစဉ်မောင်ရဲ့ ဓာတ်ပုံတွေလည်း ပြန့်နှံ့နေသလို နေဒွေးဘက်က ဖြေဆိုထားတဲ့ အင်တာဗျူးဗီဒီယိုလေးတွေဟာလည်း လူကြည့်များနေတာပါ….စိတ်မကောင်းစရာတစ်ခုကတော့ သံစဉ်မောင်ရဲ့ အဖော်အချွတ်ပုံတွေ ပြန့်နှံ့လာတာဖြစ်ပါတယ်…
လူမှုကွန်ရက်ပေါ်မှာ ခုလိုဓာတ်ပုံတွေ ပြန့်နှံ့လာခြင်းဟာ မိန်းကလေးတစ်ယောက်ရဲ့ အရှက်သိက္ခာကို ကျဆင်းစေပြီး လူ့ကျင့်ဝတ်နဲ့ မညီတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်…
ဒီလို အဖော်အချွတ်ပုံတွေပြန့်လာတာနဲ့ ပတ်သက်ပြီး သံစဉ်မောင်ရဲ့ ဖခင်ဖြစ်သူက အဖေတစ်ယောက်အနေနဲ့ သူ့ရဲ့ ရင်တွင်းခံစားချက်လေးတွေကို အင်တာဗျူးတစ်ခုကနေ ခုလို ဝမ်းနည်းဖွယ် ရင်ဖွင့်လာခဲ့ပါတယ်…

((သံစဉ်မောင်ရဲ့ အဖေ ဦးသိန်းဇော်ဟာ ဥပဒေဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့မှာ သားသမီးသုံးယောက်ရှိပြီး သံစဉ်မောင်က အလတ်ဖြစ်တယ်လို့ ဆိုပါတယ်…ခုလို သမီးဖြစ်ခဲ့တဲ့ ကိစ္စအပေါ်မှာ စိတ်မကောင်းဖြစ်မိပြီးတော့ လူငယ်တွေချင်း ဖြစ်တဲ့ ကိစ္စဖြစ်လို့ ကြားထဲကနေ ဝင်ပြောတာတွေ မရှိခဲ့ဘဲ သမီးကို အနုပညာလမ်းမှာ လက်တွဲခေါ်ခဲ့တဲ့အတွက်တောင် နေဒွေးကို လေးစားကျေးဇူးတင်မိသေးတယ်လို့ ဦးသိန်းဇော်က ဆိုပါတယ်…

ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူရဲ့ အဖော်အချွတ်ပုံတွေနဲ့ တိုက်ခိုက်မှုတွေရှိလာတဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး သမီးဖြစ်သူကိုသာမက မိသားစုကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် မိသားစုနဲ့ တိုင်ပင်ကာ တစ်စုံတစ်ရာ ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဦးသိန်းဇော်ကဆိုခဲ့ပါတယ်…ဘာလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာတော့ ပြောပြလို့မရသေးပါဘူးလို့ ပြောခဲ့ပါတယ်…

မှန်မှန်ကန်ကန်ဖြေရှင်းလို့ အဆင်ပြေရင်လည်း သူ့သမိုင်းလို့ ဆိုခဲ့ပြီး သူ့ကိုတော့ ဒုက္ခရောက်ချင်တဲ့ ဆန္ဒနဲ့ လုပ်တာမဟုတ်ပေမဲ့ သမီးဖြစ်သူရဲ့ ဖခင်တစ်ယောက်အနေနဲ့ မခံရပ်နိုင်လို့ လုပ်ရမှာဖြစ်တယ်လို့ နေဒွေးနဲ့ ပတ်သက်ပြီး ဦးသိန်းဇော်က ဆက်ပြောခဲ့ပါတယ်…သမီးဖြစ်သူကိုလည်း စိတ်ဓာတ်မကျ စိတ်အားမငယ်ဖို့ အားပေးပြီး ဘုရားတရားလုပ်ကာ တစ်ဖက်လူကို မေတ္တာထားဖို့၊ ဒါ့အပြင် ဒါဟာ ဝဋ်ကြွေးပါလာတာဖြစ်လို့ ပေးဆပ်လိုက်ပါလို့ သမီးကို ဆုံးမခဲ့ပြီး သမီးအနားမှာ အဖေအမေ မမ မောင်တွေ အားပေးနေကြပါတယ်လို့ သမီးဖြစ်သူ သံစဉ်မောင်ကို အားပေးနေကြောင်းလည်း ဖခင်ဖြစ်သူ ဦးသိန်းဇော်က ဆိုပါတယ်…

ဒါ့အပြင် မဖွယ်မရာပုံတွေနဲ့ တက်လာတဲ့ အကောင့်တွေကိုလည်း မှတ်တမ်းယူထားပြီး ဥပဒေဘောင်ထဲကနေ အဖြစ်မှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ သမီးဖြစ်သူကို မဖွယ်မရာပုံတွေနဲ့ တိုက်ခိုက်နေတဲ့ အကောင့်တွေနဲ့ ပတ်သက်ပြီး ပြောပြသွားပါသေးတယ်…ဒီလို မှတ်တမ်းတွေယူထားတာကလည်း အမှန်တရားဖြစ်စေချင်လို့ ယူထားတာဖြစ်ပြီး သမီးကို နှိပ်ကွပ်တဲ့သူ ဒါတွေကို လုပ်တဲ့သူတွေကိုလည်း ဥပဒေက အဖြေပေးသွားမှာဖြစ်သလို သမီးအတွက် စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဦးသိန်းဇော်က ဆိုခဲ့ပါတယ်….ဒါ့အပြင် သမီးကိုတိုက်ခိုက်နေသူတွေအနေနဲ့လည်း သားသမီးမောင်နှမချင်းကိုယ်ချင်းစာပြီး အရမ်းကြီးမတိုက်ခိုက်ဖို့ မေတ္တာရပ်ခံသွားပါသေးတယ်..”

သံစဉ်မောင့် ဖခင်ဖြစ်သူရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကိုလည်း နားဆင်ကြည့်ရှုနိုင်အောင် အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်…မိန်းကလေးချင်း သားသမီးချင်း မောင်နှမချင်း ကိုယ်ချင်းစာပြီး ဖခင်ဖြစ်သူရဲ့ ခံစားချက်ကို စာနာနားလည်ပေးနိုင်ကြပါစေနော်…