၂ ၀၂၀ ဇန္နဝါရီ ၁၉ရက္ ည(၁၁း၃၀) အခ်ိန္ ခန္႔က ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ အမွတ္(၅)ရပ္ကြက္ ကြၽန္းေတာ(၁)လမ္း ႐ွိ ၅ထပ္တိုက္ ငါးလႊာ အခန္းအမွတ္(5.B)တြင္ ဦးေမာင္ေမာင္(ခ) ဦးဟူစိန္ တစ္ဦးတည္း႐ွိေနစဥ္….

တိုက္ခန္းအတြင္းသို႔ အမ်ိဳးသားတစ္ဦး ဝင္လာၿပီး ဓားျဖင့္ထိုးခုတ္၍ ႏွစ္ဦးသား လံုးေထြးသတ္ပုတ္ေအာ္ဟစ္သံေၾကာင့္ ေဘးခန္း႐ွိ ၎၏ မိသားစုဝင္မ်ား ထြက္လာၾကသျဖင့္… အဆိုပါ အမ်ိဳးသားမွာ တိုက္ခန္းအေနာက္ေပါက္မွ ထြက္ေျပးရာ တိုက္ေပၚမွျပဳတ္က်ၿပီး သတိလစ္သြားပါသည္။

ဓားဒဏ္ရာေၾကာင့္…. အိမ္ရွင္ ဦးေမာင္ေမာင္(ခ)ဦးဟူစိန္ (၅၉ ႏွစ္)တြင္ ျပင္းထန္စြာ ဒဏ္ရာရ႐ွိခဲ့ပါသည္။

ထိုသို႔ ျဖစ္ပြားမႈေၾကာင့္ အမွတ္(၅)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႈး ဦးေအာင္ဝင္းႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားမွ အခင္းျဖစ္ေနရာသို႔ ေရာက္႐ွိလာကာ ၎တို႔ႏွစ္ဦးအား ျမဝတီခ႐ိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္​ေပးခဲ့ေၾကာင္း သိရသည္။

ေနေနာ္(ျမဝတီ)

Unicode

သူခိုးမှအိမ်ရှင်ကို ဓားနဲ့ခုတ်ပြီးပြေးရာ သူခိုး ငါးထပ်တိုက်ပေါ်ကပြုတ်ကျပြီး သူခိုးရော အိမ်ရှင်ပါ အရေးပေါ်အခြေအနေဖြင့် ဆေးရုံရောက်…

၂၀၂၀ ဇန်နဝါရီ ၁၉ရက် ည(၁၁း၃၀) အချိန် ခန့်က ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ကျွန်းတော(၁)လမ်း ရှိ ၅ထပ်တိုက် ငါးလွှာ အခန်းအမှတ်(5.B)တွင် ဦးမောင်မောင်(ခ) ဦးဟူစိန် တစ်ဦးတည်းရှိနေစဉ်…. တိုက်ခန်းအတွင်းသို့ အမျိုးသားတစ်ဦး ဝင်လာပြီး ဓားဖြင့်ထိုးခုတ်၍ နှစ်ဦးသား

လုံးထွေးသတ်ပုတ်အော်ဟစ်သံကြောင့် ဘေးခန်းရှိ ၎င်း၏ မိသားစုဝင်များ ထွက်လာကြသဖြင့်… အဆိုပါ အမျိုးသားမှာ တိုက်ခန်းအနောက်ပေါက်မှ ထွက်ပြေးရာ တိုက်ပေါ်မှပြုတ်ကျပြီး သတိလစ်သွားပါသည်။

ဓားဒဏ်ရာကြောင့်…. အိမ်ရှင် ဦးမောင်မောင်(ခ)ဦးဟူစိန် (၅၉ နှစ်)တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ ရောက်ရှိလာကာ ၎င်းတို့နှစ်ဦးအား မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေနော်(မြဝတီ)