ယ္ခု ရက်ပိုင်းတွေမှာဆိုယင်တော့ မြန်မာပြည်အရပ်ရပ်ရဲ့ ကျောင်းတိုင်းမှာ စုံညီပွဲတော်များ ကျင်းပနေကြတာဖြစ်ပါတယ်။အဲ့ဒိ့ထဲကမှ အ.ထ.က သစ်ရာမြိုင်ရဲ့ စုံညီပွဲတော်မှာ ကျောင်းသားလေးတွေ ကြိုစားကပြထားတဲ့ ပြဇာတ်ဗွီဒီယိုလေးကို တင်ပြပေးလျင်ပါတယ်။

ကျွန်းလှမြို့ ရဲ့အ.ထ.က သစ်ရာမြိုင်ကျောင်း ဆိုတာကတော့ အစဉ်အလာရှိခဲ့တဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ယမန်နှစ်ကလည်း “ခွင့်လွှတ်ပါဆရာ”ဆိုတဲ ပြဇာတ်ကလေးနဲ့ မိဘပြည်သူတွေရဲ့ ရင်ကို ဆွဲကိုင်လှုပ်ခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်နော်ပရိသတ်ကြီးကို ရသကောင်းတွေ ပေးစွမ်းပါလိမ့်မယ်လို့မျော်လင့်ပါတယ်။

အာပေးတဲ့ ပရိသတ်တွေရော ဆရာ ဆရာမတွေပါ မျက်ရည်လည်အောင် အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားခဲကြတဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့ အနုပညာစွမ်းရည်ကတော့ လေးစားဖွယ်ကောင်းလှပါတယ်။စီစဉ်သူ ဆရာ/ဆရာမ များနဲ့ အဖွဲ့သူ အဖွဲ့သားများ အားလုံးရဲ့ စည်းလုံးမှု ကိုလည်း မြင်တွေ့ရတာ ကြက်သီးထဖွယ်ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ဒီဗွီဒီယိုလေးကို ကြည့်ပြီးဆုံးဖြတ်ပေးကြပါဦးနော်။