ဇာ တ်မင်းသားလေး စွမ်းဇာနည်ဟာ အကကောင်းသလို ဇာတ်မင်းသားထဲမှာလည်း ချောမောတည်ကြည်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် “စွမ်း” ဇာတ်သဘင်ဆိုရင် မြန်မာပြည်မှာ နာမည်ကြီးပါတယ်ပြီးခဲ့တဲ့ မန္တလေး၊ အမရပူရမြို့နယ် နန်းတော်ရာမှာ ကျင်းပတဲ့ ဇာတ်ပွဲမှာ စွမ်းဇာနည်က စရံငွေယူထားပေမယ့် လာရောက်ဖျော်ဖြေခြင်းမရှိတာကြောင့် ပွဲစီစဉ်သူတွေက ဇာတ်ပစ္စည်း ဇာတ်ကားတွေသိမ်းပြီး ပြဿနာတက်ခဲ့တာကို ပရိသတ်ကြီးတို့လည်း သိမှာပါ…မင်းသားလေး စွမ်းဇာနည်ဟာလည်း ကျန်းမရေးကြောင့် ဆေးရုံတက်ခဲ့ရပြီး နောက်ပိုင်းမှာတော့ မင်းသားလေးစွမ်းကိုယ်တိုင်သွားရောက်ညှိနှိုင်းခဲ့လို့ ပြေလည်မှုရခဲ့ပေမယ့် “စွမ်း” ဇာတ်သဘင်ကတော့ ဖျက်သိမ်းခဲ့ရပါတယ်….

လတ်တလောမှာတော့ မင်းသားလေး စွမ်းဇာနည်ဟာ သူ့ရဲ့ အာရုံကြောမကောင်းလို့ မေ့တတ်တဲ့ ကျန်းမာရေးအခြေအနေတွေကို အင်တာဗျူးတစ်ခုကနေ ခုလို ပြောပြလာခဲ့ပါတယ်..

သူဟာ အာရုံကြောမကောင်းတာကြောင့် ဆေးသောက်နေရတာ ၂ နှစ်ရှိပြီဖြစ်ကြောင်း၊ ဆေးမသောက်လျှင် မအိပ်ဘူးလို့ သိရပြီး မအိပ်ခင်ကပြောခဲ့တဲ့ စကားတွေကို အိပ်ရာပြန်နိုးလာတဲ့အခါ မေ့နေတတ်တယ်လို့ စွမ်းဇာနည်က အာရုံကြောမကောင်းတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်….အဲလို မေ့တတ်တာကြောင့် မသိရင် လူညာကြီးလိုဖြစ်နေပြီး ပရိသတ်တွေ ပွဲစီစဉ်သူတွေနဲ့ လူကြီးတွေက သူ့ကို အယုံအကြည်မရှိတော့တဲ့အကြောင်း ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ပါတယ်…

ဒီရောဂါနဲ့ ပတ်သက်ပြီး ဆေးရုံတက်ရတာ ၅ ကြိမ်ရှိပြီဖြစ်ပြီး တစ်ခါတက်လျှင် တစ်လထိ ကြာတယ်လို့ မင်းသားလေးစွမ်းက ဆက်ပြောပါတယ်…

အသည်းတွေ ကျောက်ကပ်တွေလည်း ထိထားသလို အဓိကမှာ အာရုံကြောမကောင်းတာဖြစ်ပြီး သူသောက်နေရတဲ့ ဆေးကို တခြားလူတွေသောက်ပါက ၂ ရက် ၃ ရက်ထိ အိပ်ပေမယ့် သူကတော့ ဆေးသောက်ရင်တောင် တစ်နေ့မှ ၃ နာရီလောက်ထိပဲ အိပ်တယ်လို့ မင်းသားလေးစွမ်းက ပြောပြခဲ့ပါတယ်…လက်ရှိအချိန်မှာတော့ မိမိစိတ်ကို မိမိပြန်ပြင်နေပြီး ပွဲနားတယ်ဆိုတာလည်း ရာသက်ပန်မဟုတ်ဘဲ ကျန်းမာရေးအရသာ ဒီတစ်နှစ်နားမှာဖြစ်ပြီး နောက်နှစ် သဘင်ရာသီမှာ ပြန်ကြိုးစားသွားမှာဖြစ်ကာ စွမ်း သဘင်ဆိုတာကို ပပျောက်မခံပါဘူးလို့ မင်းသားလေးစွမ်းဇာနည်က ဇာတ်သဘင် ဖျက်သိမ်းထားတာနဲ့ ပတ်သက်ပြီး ရာသက်ပန်ဖျက်သိမ်းတာ မဟုတ်တဲ့အကြောင်းကို ဆိုခဲ့ပါသေးတယ်…

ဒါ့အပြင် လက်ရှိအချိန်မှာ စွမ်းသဘင်အနေနဲ့ ကပြဖျော်ဖြေရပါက ည ၁၀ နာရီမှ မနက် ၈ နာရီလောက်ထိ လုပ်ရတာကြောင့် ကျန်းမာရေးအရ မလုပ်နိုင်သေးဘဲ ကြားထဲမှာ အချိန်ပိုင်း မိမိတတ်ကျွမ်းတဲ့ ပညာတွေနဲ့ ဇာတ်ပွဲတွေမှာ ဖျော်ဖြေပေးသွားပါ့မယ်လို့လည်း သူ့ကို မျှော်နေတဲ့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်…

စွမ်းဇာတ်သဘင်ရပ်နားထားလို့ မိမိအဖွဲ့သားတွေကိုလည်း သနားတယ်လို့ ဆိုခဲ့ကာ ကျန်းမာရေးကောင်းတဲ့အခါ အလုပ်ပြန်လုပ်ရင်လည်း ပုံမှန် စွမ်းဇာနည်ထက် ၂ ဆ ၃ ဆ ပိုကောင်းတဲ့ စွမ်းဇာနည်ဖြစ်အောင်လုပ်သွားမယ်လို့လည်း ပရိသတ်ကို မင်းသားလေးစွမ်းက ကတိပေးခဲ့ပါတယ်…))

မင်းသားလေးစွမ်းရဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…မင်းသားလေးစွမ်းဇာနည်တစ်ယောက် အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာလာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source :Myanmar Celebrity TV