အက်စ တာဒေါ့ချင်းဆုန်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ Winner ဆုကို ပူပူနွေးနွေးရထားသူလေးပါ။ချစ်စရာကောင်းတဲ့ချင်းမလေးဟာ ပြိုင်ပွဲကြီးမှာ ပဏာမစတင်ယှဉ်ပြိုင်ချိန်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ပါရမီရှိသလို ကြိုးလည်းကြိုးစားတာကြောင့် ဆုနဲ့ထိုက်တန်ခဲ့သလို လက်ရှိမှာလည်း ပွဲတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖျော်ဖြေနေရတာလည်း ဖြစ်ပါတယ်။

အခုဆိုရင်လည်း စီးပွားရေးမေဂျာနဲ့တက္ကသိုလ်ကနေပြီး ဘွဲ့ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ဘွဲ့ယူချိန်မှာတော့ မိခင်ဖြစ်သူဟာကျန်းမာရေးမကောင်းတာကြောင့် မလာရောက်နိုင်ဘဲ ဖခင်ဖြစ်သူသာလာနိုင်တာလည်းဖြစ်ပါတယ်။ကျောင်းတက်တုန်းကလည်း အက်စတာဟာ Major Queen ဖြစ်ခဲ့တဲ့အကြောင်းကို “Major Queen ဆိုတာကလူမရှိလို့ပါ။ချောလို့မဟုတ်ဘူးသိတယ်မို့လား တစ်ခါတစ်လေကျလို့ရှိရင် Queen တွေဘာတွေရွေးလို့ရှိရင် တစ်ချို့လူတွေက ကျောင်းးတွေဘာတွေမလာချင်ကြဘူး.ျေကာင်းပြေးချင်ကြတယ်။ရှိတဲ့လူထဲကရွေးတာဆိုတော့ လှလို့တော့မဟုတ်ပါဘူး။အရပ်အမောင်းကလည်း မြင်တဲ့အတိုင်းပဲ…ဟုတ်ပါတယ်။Major Queenလည်း ဖြစ်ဖူးပါတယ်။” လို့လည်း ပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပါတယ်။

အက်စတာကတော့ ချစ်စရာကောင်းတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့စိတ်ဓာတ်လေးကိုလည်း ပိုင်ဆိုင်ထားတာပါ။အခုလိုမျိုးမာန်မာနမရှိဘဲ ပွင့်လင်းရိုးသားတဲ့အက်စတာလေးကို ပရိသတ်တွေက ပိုပိုပြီးတော့အချစ်ပိုနေရတော့မှာပါပဲနော်…

Source : exclusive on Cele Gabar
moe – Cele Gabar