Myanmar Idol ရဲ့ လက် ရှိ Winner အက်စတာကတော့ Winner ဆုကိုရရှိသွားပြီးကတည်းက ဝေဖန်မှုများစွာကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။အက်စတာကို ဝေဖန်သူတွေက သူမဟာ ယောကျာ်းနဲ့ကလေးတစ်ယောက်ရှိသူလို့ စွပ်စွဲကြသလိုသူမရဲ့ ဘဝကို ဆင်းရဲချင်ဟန်ဆောင်ပြီး ပရိသတ်ရဲ့ Voting တွေကို လိမ်လည်ရယူခဲ့တယ်လို့စွပ်စွဲခဲ့ကြတာပါ။

အက်စတာကတော့ ဒီဝေဖန်မှုတွေကို တည်ငြိမ်စွာနဲ့ပဲရင်ဆိုင်ခဲ့တာဖြစ်ပြီး အပြုံးမပျက်ပဲ ဝေဖန်မှုတွေကို တဆင့်ချင်းပြန်လည်ရှင်းပြနေခဲ့တာလည်းဖြစ်ပါတယ်။သူမဟာ အိမ်ထောင်ကျဖူးသူမဟုတ်ပဲ ဘွဲ့တောင်မှ အခုမှ ယူရမယ့်သူတစ်ဦးဖြစ်ကြောင်း၊အမှန်တကယ် မချမ်းသာသူဖြစ်ပြီး သူမအနေနဲ့

ဘာကိုမှ လိမ်ညာခဲ့တာမျိုးမရှိဘူးလို့ ငယ်ဘဝပုံရိပ်တွေကိုပါချပြပြီး ရှင်းလင်းခဲ့တာပါ။အခုနောက်ဆုံးအင်တာဗျူးတစ်ခုမှာ အမျိုးသား ၂ ဦးနဲ့သူမ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့ပတ်သတ်ပြီးသေချာရှင်းပြသွားခဲ့ပါတယ်။

အက်စတာက ယခုအွန်လိုင်းမှာပျံ့နှံ့နေတဲ့ပုံတွေဟာ သူမ ဦးလေးဖြစ်သူ၊ဖခင်ဖြစ်သူ တို့နဲ့တွဲရိုက်ထားတဲ့ပုံတွေသာဖြစ်တယ်လို့ဆိုပါတယ်။သူမဦးလေးအနေနဲ့ဒီလိုဝေဖန်တိုက်ခိုက်ခံရမှုတွေကြောင့် သူမအတွက် စိတ်မကောင်းဖြစ်နေတယ်လို့လည်း အက်စတာက ပြောဆိုသွားခဲ့ပါတယ်။သူမအဖေဆိုရင် စွပ်စွဲခံရမှာဆိုးတဲ့အတွက် စုံတွဲပုံတောင်မရိုက်ရဲရလောက်အောင်ဖြစ်ရတယ်လို့လည်း ဆိုလာခဲ့တာပါ။အက်စတာဟာ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေပေမယ့် သူမရင်ထဲမှာတော့ဝမ်းနည်းနေပုံပေါက်နေခဲ့တာပါ။

အက်စတာရဲ့ အင်တာဗျူးအပြည့်အစုံကိုတော့ ပရိသတ်ကြီးအတွက် Video ဖိုင်လေးအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်နော်။အက်စတာအပေါ်အထင်မှာနေကြသူတွေလည်း
အက်စတာရဲ့အင်တာဗျူးလေးကို ကြည့်ပြီး နားလည်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

Writer – Magic (Shwe Yaung Lan)