ချစ် စရာကောင်းပြီး နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလောကမှာ အသီးသီး အောင်မြင်သူများ ဖြစ်ကြပါတယ်။

ရွှေထူးက အခုဆိုရင် အဆိုတော် အလုပ်အပြင် သရုပ်ဆောင်အဖြစ် ရုပ်ရှင်တွေ ရိုက်ကူးနေသလို ရွှေမှုံရတီကလည်း သူမရဲ့ အနုပညာအလုပ်တွေအပြင် အိမ်ထောင့်တာဝန်တွေကို ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်ထောင်သက်တစ်နှစ်ကျော်ပြီဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာနေဆဲ ဖြစ်တာကို ပရိသတ်တွေအားလုံးလည်း သိပြီးသားဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီက ဖုန်းကြော်ငြာတစ်ခုကို အတူတူ ရိုက်ကူးနေပါတယ်။ ကြော်ငြာရိုက်ကူးနေစဉ်မှာပဲ အရမ်းလှနေတဲ့ ရွှေမှုံရတီကို ရွှေထူးတစ်ယောက် မအောင့်အီးထားနိုင်ပဲ အနမ်းလေးခြွေခဲ့မိပါတယ်။

ရွှေထူးက သူ့ထက် (၆) နှစ်နီးပါး ငယ်ရွယ်တဲ့ ဇနီးလှလှလေးကို ပိုင်ဆိုင်ထားပြီး ဇနီးလေးကို အရမ်းချစ်မြတ်နိုးတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါတယ်။

ရွှေထူးကတော့ ဇနီးလေးကို တော်တော်ချစ်တာပဲနော်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကြည့်ပြီး အားကျနေမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Htoo’s fb