ဘင် ဂျမင်ဆုမ်းကတော့ Myanmar Idol Season(4)ရဲ့ Runner Up ပဲရရှိခဲ့ပေမယ့် ပရိသတ်တွေရဲ့ Winner ဆုကို ပိုင်ဆိုင်သွားခဲ့တဲ့ သူလို့ပြောရင်မှားမယ်မထင်ပါဘူးနော်…။

ဘင်ဘင်လေးကတော့ သူ့ရဲ့ယှဉ်ပြိုင်စဉ်တောက်လျှောက်မှာ မှားယွင်းမှုနည်းစွာနဲ့ ကိုယ်ပိုင်ဟန်သီဆိုမှုတွေကြောင့် ချီးမွမ်းမှုကိုရော ဝေဖန်မှုတွေကိုပါ ရရှိခဲ့တဲ့သူပါ..။ အခုလက်ရှိမှာလည်း Winner ဆုနဲ့လွဲချော်ခဲ့ပေမယ့် ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီလို့တောင်ဆိုရမှာပါ ။

ဘင်ဘင်နဲ့ပတ်သက်ပြီး ပရိသတ်တွေအရမ်းစိတ်ဝင်စားနေတဲ့ အကြောင်းအရာလေးကတော့ ဘင်ဘင်ရဲ့ အချစ်ရေးပါ ။ ဘင်ဘင် က ချစ်သူထားဖြစ်ခဲ့ရင် မေမေနဲ့အရင်တိုင်ပင်မှာဖြစ်ပြီး မေမေ သဘောကျတဲ့ မေမေ့ကို အမေရင်းတစ်ယောက်လိုချစ်ပေးနိုင်တဲ့ သူမျိုးကိုပဲ ရွေးချယ်မှာပါတဲ့နော် ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သာမန်မိန်းကလေး မျိုးကိုပဲ စိတ်ဝင်စားတယ်လို့ လည်း ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ် ။

ကဲ ဘင်ဘင်ကိုချစ်တဲ့ ပရိသတ်ကြီးရေ ..ဘင်ဘင်လေးကိုချစ်ရင် အခုပဲ ယောက္ခမကြီးကိုပြေးပြီးဖားထားလိုက်ကြတော့နော် ။

ဘင်ဘင်ပရိသတ်တွေအတွက် ဘင်ဘင်ရဲ့ အချစ်ရေးအင်တာဗျူး ဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါရစနော် ။

Source : Exclusive on Cele Connections
Molly ( Cele Connections)