မြန် မာနိုင်ငံက ပုရိသတွေ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည် ဟာဆိုရင် သူမရဲ့ အနုပညာအရည်အသွေးကြောင့် ပရိသတ်ရဲ့ ရင်ခွင်ထဲ ခိုနားခွင့် ရသူဖြစ်ပါတယ်။

ထို့အတူပဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရနိုင်တဲ့ ဦးစိုင်းမှဦးစိုင်း ဆိုတဲ့မမတွေ ညီမတွေရဲ့ ဝိုင်းရံမှုကြောင့် ယနေ့တိုင် စတား တစ်ဦးဖြစ်နေတဲ့ အဆိုတော်စိုင်းစိုင်းဟာလည်း အဆိုရော ၊သရုပ်ဆောင် ကောင်းမွန်လှသူဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ ငယ်ဘဝတွေ အတိတ်မှာတုန်းက ဇာတ်လမ်းလေးတွေ ရှိခဲ့ကြပေမယ့် အခုအခါမှာတော့ နှစ်ဦးလုံးဟာ အောင်မြင်တဲ့ အနုပညာရှင်တွေ အသီးသီး ဖြစ်နေကြတာ အားလံုး အသိပဲ ဖြစ်ပါတယ်။

နုပျို မှုတွေ ၊ ဆန်းသစ်မှုတွေ အချိန်တွေက သူတို့တွေ ကို ပြောင်းလဲနိုင်ခဲ့ပြီလား ၊ အထူးသဖြင့် ရင်ဘတ်ထဲက တစ်စုံတစ်ရာ ဆိုတာရော ပျောက်ဆုံးသွားခဲ့ကြပြီလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူးနော်။အခုတော့ သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံရမယ့် ကိစ္စလေး ရှိလာခဲ့ပါပြီ။

ဒါကတော့ ဆရာမ ပုညခင် ရေးသားထားတဲ့ ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင်ဆိုတဲ့ ဇာတ်ကားမှာစိုင်းစိုင်း နဲ့ ကစ်ကစ်တို့ နှစ်ဦးရဲ့ အချစ်ကားကို ခံစားကြည့် ကြရမှာဖြစ်ပါတယ်။

ဒီဇာတ်ကား ကတော့ ၂၀၂၀ ခုနှစ်မှာ ရုံတင်မှာဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားဟာ အခြားကားတွေထက် ပိုမိုပီပြင်လေမလား ၊ သူတို့ ဘယ်လို သရုပ်ဆောင် ခဲ့ကြလဲဆိုတာကို ပရိသတ်က အတော်လေးစိတ်ဝင်စားနေကြပါတယ်။

ဒါကြောင့် ပရိသတ်ကြီး အနေနဲ့ လည်း ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်… ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ စောင့်မျှော်ကြည့်ကြပါဦးနော်။
အချိန်ပေး ဖတ် ရှု ပေးတဲ့ ပရိတ် သတ် များကို ကျေး ဇူး အ ထူး တင် ရှိ ပါ သည်