ချင်း တိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်က Myanmar Idol Season (4) ရဲ့ Winner တစ်ယောက်ဖြစ်ပါတယ်။ Myanmar Idol Season (4) ပြိုင်ပွဲကြီးက ပြီးဆုံးသွားပြီဆိုပေမယ့် ပရိသတ်တွေက အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား အားပေးစောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

အက်စတာဒေါ့သ်ချင်းဆုန်ကလည်း ပြိုင်ပွဲပြီးသွားပေမယ့်သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ပါရမီရှိသလို ကြိုးလည်းကြိုးစားတာကြောင့် ဆုနဲ့ထိုက်တန်ခဲ့သလို လက်ရှိမှာလည်း ပွဲတွေတစ်ခုပြီးတစ်ခုဆက်တိုက်ဖျော်ဖြေနေရတာလည်း ဖြစ်ပါတယ်။

အခုဆိုရင်လည်း စီးပွားရေးမေဂျာနဲ့တက္ကသိုလ်ကနေပြီး ဘွဲ့ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ဘွဲ့ယူချိန်မှာတော့ မိခင်ဖြစ်သူဟာကျန်းမာရေးမကောင်းတာကြောင့် မလာရောက်နိုင်ဘဲ ဖခင်ဖြစ်သူသာလာနိုင်တာလည်းဖြစ်ပါတယ်။ကျောင်းတက်တုန်းကလည်း အက်စတာဟာ Major Queen ဖြစ်ခဲ့တဲ့အကြောင်းကို Major Queen ဆိုတာကလူမရှိလို့ပါ။

ချောလို့မဟုတ်ဘူးသိတယ်မို့လား တစ်ခါတစ်လေကျလို့ရှိရင် Queen တွေဘာတွေရွေးလို့ရှိရင် တစ်ချို့လူတွေက ကျောင်းတွေဘာတွေမလာချင်ကြဘူး.ျေကာင်းပြေးချင်ကြတယ်။ရှိတဲ့လူထဲကရွေးတာဆိုတော့ လှလို့တော့မဟုတ်ပါဘူး။အရပ်အမောင်းကလည်း မြင်တဲ့အတိုင်းပဲ…ဟုတ်ပါတယ်။Major Queenလည်း ဖြစ်ဖူးပါတယ်။” လို့လည်း ပွင့်ပွင့်လင်းလင်းပြောသွားခဲ့ပါတယ်။