ပရိ သတ်ကြီးရေ.. စွမ်းဇာနည်လို့ ဆိုလိုက်တာနဲ့ ဇာတ်သဘင်လောကမှာ ပရိသတ်တွေ အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထား ဇာတ်မင်းသားချောလေးကို ပရိသတ်တွေမြင်ယောင်မိကြမှာပါနော်..။စွမ်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဇာတ်မင်းသားလေး စွမ်းဇာနည်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေအားပေးလက်ခံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။ မကြာသေးခင်က ကိစ္စတချို့ ဖြစ်ပေါ်ခဲ့ပြီး စွမ်းသဘင်ဖျက်သိမ်းတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။ ကျန်းမာရေး ကိစ္စကြောင့် ပွဲမကနိုင် ကတိမတည်နိုင် ဖြစ်ခဲ့ရတဲ့ အကြောင်းကို မီဒီယာမှာ စွမ်းဇာနည်ကိုယ်တိုင် ဖြေကြားပေးခဲ့တာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

စွမ်းဇာနည် ပြောခဲ့တာကတော့ ” ကျွန်တော့် ကျန်းမာရေးက ပြောရခက်တယ်။ ပြောရင်တောင် ယုံနိုင်ကြမယ် မထင်ဘူး။ ကျွန်တော်က အသည်းရော ကျောက်ကပ်ရောထိထားတယ်။ အဓိကက အာရုံကြောရောဂါပေါ့နော်။ မအိပ်ခင်က ပြောထားတဲ့ စကားတွေ အကုန်လုံး အိပ်ယာက နိုးလာရင် မေ့ရင်မေ့တယ်။ မှတ်မိချင်လည်း မှတ်မိတယ်။ မသိရင် ကျွန်တော်က လူညာကြီးလိုပဲ။ကျွန်တော့်အတွက် အိပ်ဖို့ အရမ်းခက်ခဲပါတယ်။ တစ်ရက်မှာ ၃ နာရီ ၄ နာရီ အိပ်ဖို့ ဆေးသောက်နေရတယ်။ ဆေးသောက်နေရတာ ၂ နှစ်ရှိပြီ။ ကျွန်တော်သောက်တဲ့ ဆေးတွေက သာမန်လူဆိုရင် ၂ ရက် ၃ ရက်လောက် ဆက်တိုက်အိပ်နိုင်တယ်။ ကျွန်တော်ကတော့ အဲ့ဆေးတွေ သောက်နေတာတောင် တစ်နေ့မှာ ၃ နာရီ လောက်ပဲ အိပ်တယ်။

အာရုံကြော ထိထားတော့ ကျွန်တော့်ကျန်းမာရေးက ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတယ်။ အဲ့ချိန်မှာ ဘာတွေ ဖြစ်လာလဲဆိုတော့ ကန်ထရိုက်တွေ ပွဲစီစဉ်သူတွေ ပရိတ်သတ်တွေက ကျွန်တော့်ကို အယုံအကြည် မရှိကြတော့ဘူး။ ကျွန်တော်က ကမယ် ဆိုမယ် ပြောလိုက် ခဏနေရင် ဦးနှောက်က ဘာဖြစ်သွားလဲ မသိဘူး မကချင်ပြန်ဘူး ဖြစ်လိုက် အဲ့လိုတွေ ဖြစ်ဖြစ်နေတယ်။ ကျွန်တော့် စိတ်ရင်းတော့ မဟုတ်ဘူးပေါ့။ကျွန်တော် ဆေးရုံတက်တာ ၅ ကြိမ်ရှိပြီ။ တစ်ခါတက်ရင် တစ်လလောက်ကြာတယ်။ ရန်ကုန် နဲ့ မန္တလေး လှည့်တက်နေရတာ။ အခုထိတော့ မကောင်းသေးဘူးပေါ့နော်။ အခြေအနေက အခုချိန်က ကိုယ့်ဘာသာ ပြန်လည်ကုစားနေရတာပေါ့။ ကျွန်တော်က အဓိကက စိတ်ပေါ့ စိတ်ကန်းမာရေးကို ကိုယ့်ဘာသာ ဂရုစိုက်နေရတယ်။

ပွဲနားတယ်ဆိုတာကလည်း ရာသက်ပန် မဟုတ်ပါဘူး။ ကျန်းမာရေးကြောင့် တစ်နှစ်လောက် နားတာပါ။ ပြန်ကြိုးစားမှာပါ။ စွမ်းသဘင်ဆိုတာ အပပျောက် မခံပါဘူး။ ကျွန်တော့် ဇာတ်အဖွဲ့မှာ လူအယောက် ၈၀ ကနေ ၁၀၀ ကြားရှိတယ်။ သူတို့နောက်က မိသားစုတွေနဲ့ဆို လူ ၄၀၀ လောက်ရှိတယ်ပေါ့နော်။ အခု ကျွန်တော် နားလိုက်တော့ လူ အယောက် ၄၀၀ လောက် ဒုက္ခရောက်ကုန်တယ်။ကျွန်တော့ကို ကျွန်တော် မကောင်းမှန်း သိပါတယ်။ ကျွန်တော့် အဖွဲ့သားတွေကို သနားတယ်။ အခုကျ သူတို့ ဖရိုဖရဲ ဖြစ်နေရတာပေါ့။ လာမယ့်နှစ်မှာတော့ သူတို့ကို ကျွန်တော် အကောင်းဆုံး စောင့်ရှောက်ပေးမှာပါ။ကျွန်တော် ကျန်းမာရေးလည်း ဂရုစိုက်နေပါတယ်။ လိမ်လိမ်မာမာလည်း နေနေပါတယ် ။ ကျွန်တော့်ကို ဆက်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။ ” ဆိုပြီး ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးရော အခုလို ကျန်းမာရေးကြောင့် ပွဲမကနိုင်ဖြစ်ခဲ့ရတဲ့ စွမ်းအတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit