သံ စဉ်မောင်ကတော့ လက်ရှိမှာအောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာ သူနဲ့ သူရဲ့ အမြင်မသင့်တော်တဲ့ ဓါတ်ပုံတချို့လူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံနှံနေပြီး ဝေဖန်မှုတွေကိုခံနေရပါတယ်။အခုလိုပျံနှံနေတဲ့ ပုံတွေဟာ ကာယကံရှင်ဖြစ်တဲ့ သံစဉ်မောင်ကိုယ်တိုင်ကရောင်းချနေခဲ့တာ၊ စပွန်ဆာနဲ့အိပ်နေတဲ့ပုံတွေ၊သံစဉ်မောင်ကိုယ်တိုင် HD ဖြန့်နေတာပါဆိုပြီးတော့လည်း ပြောဆိုမှုတွေလည်း ရှိနေပါသေးတယ်။

သံ စဉ်မောင်ကတော့ အခုပျံနှံ့နေတဲ့ ပုံတွေဟာ ရည်းစားဟောင်းဖြစ်နဲ့နှစ်ကိုယ်ကြားပုံတွေဖြစ်ပြီး ဒီပုံတွေကရည်စားဟောင်းဖြစ်သူရဲ့ လက်ထဲမှာသာရှိတဲ့ပုံတွေသာဖြစ်တယ်လို့ သံစဉ်မောင်ကဆိုထားပါသေးတယ်။ဒီပုံတွေကို ရည်စားဟောင်းဖြစ်သူကရိုက်ထားမှန်းတောင်မသိခဲ့ပါဘူးလူငယ်သဘာဝ သွားလာသောက်စားပြီး သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာ ရိုက်ထားတာဖြစ်လောက်တယ်လို့လည်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ရည်းစားဟောင်းဖြစ်သူနဲ့ (၃)နှစ်တာလက်တွဲခဲ့ပြီး (၃)နှစ်တာကာလအတွင်း အစဉ်မပြေ စိတ်ဆိုးစိတ်ကောက်ချိန်တွေမှာလည်း ရည်းစားဟောင်းဖြစ်သူက ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။ပရိသတ်ကြီးရေ သံစဉ်မောင်ကတော့ အခုချိန်မှာ မိဘတွေနဲ့ သေချာတိုင်ပင်ပြီး ဆုံးရှုံးနစ်နာသွားမှုအတွက် တန်ရာတန်ကြေးတစ်ခုကို ပြန်ယူဖို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါတဲ့။

Source – Exclusive On CeleGabar
Credit CeleGabar