ပရိ သတ်တွေကြားမှာ အမိုက်စားbody နဲ့ နာမည်ကြီးပြီး အမျိုးသားထုကြီးရဲ့အားပေးဝန်းရံမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ မော်ဒယ် သရုပ်ဆောင် ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ဉီးဟာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာပါ။ မကြာသေးမီက နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ချစ်သူဟောင်းရဲ့ ရိုက်နှက်မှုကြောင့် မျက်နှာတစ်ခုလုံး ဒဏ်ရာတွေရရှိလာ လက်ကျိုးခဲ့ရပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချစ်သူဟောင်းကို တရားစွဲဆိုတော့မှာ ဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ တရားဝင်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက တော့ သံစဉ်မောင်ရဲ့ အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကြသလို အားပေးစကားတွေ ပြောနေကြပေမယ့်လည်း ထွက်ပေါ်လာတဲ့ ကောလဟာလတွေနဲ့ အတိတ်က သူမရဲ့ပုံရိပ်တွေကို ဖြန့်နေသူကြောင့် ရှက်လို့အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲတော့ဘူးလို့သိရပါတယ်။လတ်တလောမှာတော့ သူမရဲ့ ရစရာမရှိအောင် ကျိုးသွားတဲ့ လက်ကလေးကို ခွဲစိတ်မှု (၄) ခါ တိတိ ပြုလုပ်ခဲ့တာတောင် ပြန်မကောင်းနိုင်တော့တဲ့အ ကြောင်း ကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို မျှ ဝေ ပေးထားပါတယ်

ပရိသတ်တွေကတော့ သူမအတွက် စိတ်မကောင်းဖြစ်နေကြပြီး အမြန်ဆုံးသက်သာဖို့မျှော်လင့်နေကြသလို နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ် ။ ပရိသတ်ကြီးကလည်း သံစဉ်အမြန်ဆုံး အဆင်ပြေဖို့ဆုတောင်းပေးကြပါဦးနော်။

Source : Than Sin Maung
Credit Cele Connections