တိရစ္ဆာန်တွေကို ဘယ်လောက်ပဲလေ့ကျင့်သင်ကြားပေးထားလို့ ယဉ်ပါးနေပြီပဲဆိုဆို သူတို့နဲ့အန္တရာယ်များတဲ့အရာတွေကို အတူမပြုလုပ်တာ အကောင်းဆုံးပါပဲ။

အခုတစ်ခေါက်တင်ဆက်ပေးထားတဲ့ ဗွီဒီယိုလေးထဲမှာတော့ မိကျောင်းကို ပါးစပ်ဖြဲကာ ထိုပါးစပ်ထဲ ခေါင်းထည့်ရာမှ မိကျောင်းမှကိုက်ခဲထားတာကြောင့် ဒုက္ခများခဲ့ရတဲ့လူတစ်ကြောင်း ရိုက်ကူးထားတာကို တွေ့ရမှာပါ။

အန္တရာယ်များတဲ့အရာတွေကို မစမ်းကြည့်တာ အကောင်းဆုံးပါပဲနော်။ လူလူချင်းတောင် စိတ်ကိုခန့်မှန်းမရတဲ့အခြေအနေမှာ ကြောက်စရာကောင်းလှတဲ့ သားရိုင်းတိရစ္ဆာန်တွေကို ထိန်းချုပ်ဖို့ဆိုတာ တကယ့်ကိုမလွယ်တဲ့ဖြစ်ရပ်ပါပဲ။

ဒီဗွီဒီယိုလေးထဲမှာဆိုရင်လည်း မိကျောင်းပါးစပ်ကို ဖြဲထားတဲ့အတွက် အန္တရာယ်မရှိဘူးထင်ပြီး ခေါင်းသွင်းခဲ့မိတဲ့လူကတော့ အရပ်ကူပါ လူဝိုင်းပါဖြစ်ခဲ့ရတာကို ပရိသတ်ကြီး မျက်မြင်ပဲဖြစ်ပါတယ်။

Writer -LLA ( Shwe Yaung Lan )
Source-Peter Baskye